ဒီနေ့မှာတော့ မိသားစုထမင်းဝိုင်းမှာ ထမင်းမြိန်အောင် ကူညီပေးမယ့် ဟင်းလျာလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးပါရစေ။

ဒီနေ့မှာတော့ မိသားစုထမင်းဝိုင်းမှာ ထမင်းမြိန်အောင် ကူညီပေးမဲ့ ဟင်းလျာလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးပါရစေ။ အဲဒါကတော့ ကြက်သားပြောင်းဖူး စွပ်ပြုတ်ပါပဲ။ သူ့အတိုင်း စားလို့လည်း ကောင်းသလို ဟင်းချိုအဖြစ် ထမင်းနဲ့ တွဲဖက်လို့လည်း လိုက်ဖက်ညီပါတယ်။ ချက်နည်းပြုတ်နည်းလေးကို အောက်မှာဆက်ဖတ်ကြည့်ပေးပါဦးနော်။

ပါဝင်ပစ္စည်းများ

Instant-Pot-Chicken-Potato-Corn-Chowder-with-Bacon-Pressure-Cooker-Recipe-3.jpg 

ပါဝင်ပစ္စည်းတွေကတော့ ဝက်ပေါင်ခြောက် (၈) ချောင်း၊ ကြက်သွန်နီ အရွယ်တော် (၁) လုံး၊ ကြက်သွန်ဖြူ (၄) မွှာ၊ ငရုပ်သီးစိမ်း (၂) တောင့်၊ ပြောင်းဖူးစေ့ (၃) ခွက်၊ အာလူးအရွယ်တော် (၂) လုံး၊ ကြက်ရင်အုပ်သား (၁) ခု၊ ကြက်စွတ်ပြုတ်ရည် (၂) ခွက်၊ စမုန်ဖြူ လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ဆားအနည်းငယ်၊ ငရုပ်ကောင်းမှုန့် အနည်းငယ်၊ ခရင်မ် (၁) ခွက်၊ ဘက်စုံသုံးဂျုံမှုန့် (၃) ဇွန်း၊ ကြက်သွန်မြိတ်အနည်းငယ် တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

Instant-Pot-Chicken-Potato-Corn-Chowder-with-Bacon-Pressure-Cooker-Recipe-4.jpg 

ပေါင်းအိုး (Instant Pot) တစ်လုံးမှာ "ဟင်းနွှေးသည်" (saute) ဆက်တင်ကို ချိန်လိုက်ပြီး အထဲကို ပါးပါးလှီးထားတဲ့ ဝက်ပေါင်ခြောက်ပြားလေးတွေကို ထည့်ပေးလိုက်ပါ။ ပြီးရင် ဝက်ပေါင်ခြောက်ကို ရွှေအိုရောင်သမ်းသည်အထိ ချက်ပြုတ်ပေးလိုက်ပါ။ ပြီးရင်တော့ ဝက်ပေါင်ခြောက်ဖတ်လေးတွေကို ခပ်ထုတ်ပေးလိုက်ပြီး အထဲမှာ ဝက်ဆီလေးတွေကိုပဲ ချန်ထားလိုက်ပါ။ အိုးထဲကို ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်းတို့ကို ထည့်ပြီး ကျန်နေတဲ့ ဝက်ဆီနဲ့ ဆီသတ်ပေးလိုက်ပါ။

ကြက်သွန်နီ ဆီသတ်ပြီးရင် ပြောင်းဖူးစေ့လေးတွေရယ်၊ ပါးပါးလှီးထားရယ် အာလူးရယ်၊ ကြက်ရင်အုံသားရယ်ကို ရောထည့်ပေးလိုက်ပါ။ ခနမွှေပေးပြီးရင် ကြက်စွပ်ပြုတ်ရည်၊ စမုန်ဖြူ၊ ဆားနဲ့ ငရုပ်ကောင်းမှုန့်တို့ကိုပါ ထည့်ပေးလိုက်ပါ။ ပါဝင်ပစ္စည်းအားလုံးကို ယောက်မနဲ့ သမအောင်မွှေပေးပြီးရင် အဖုံးကိုလုံးအောင်ပိတ်ပြီး (၁၀) မိနစ်ခန့် ပေါင်းလိုက်ပါ။ ပေါင်းအိုးဆက်တင်မှာ "cook" လို့ ပြောင်းပေးဖို့လည်း မမေ့ပါနဲ့ဦး။

 

(၁၀) မိနစ်ပြည့်ရင် ပေါင်းအိုးထိပ်ကနေပြီး pressure အရင်ထုတ်ပေးလိုက်ပါ။ Pressure ထုတ်ပြီးရင် "saute" ဆက်တင်ကို ပြန်ပြောင်းပြီး ဟင်းချိုကို နှပ်ထားပေးလိုက်ပါ။ ခနကြာရင် ခရင်မ်နဲ့ ဂျုံမှုန့်ကိုလည်း ရောထည့်ပေးလိုက်ပြီး မွှေပေးလိုက်ပါ။ ဟင်းချိုဆူပွက်လာသည်အထိ မွှေပေးပြီး (၄) မိနစ်ခန့် နှပ်ထားပေးလိုက်ပါ။ ဟင်းချို ကောင်းကောင်းပျစ်ပြီဆိုရင် မီးပိတ်လို့ရပါပြီ။

အိုးထဲကို ဝက်ပေါင်ခြောက်မီးကင်နည်းနည်းကို အတုံးသေးသေးလေးတွေ ကိုက်ထားတာရယ်၊ ကြက်သွန်မြိတ်နည်းနည်းရယ်ကို အပေါ်က ဖြူးပေးလိုက်ပါဦး။

ပြီးရင်တော့ ပန်းကန်လုံးထဲပြောင်းထည့်ပြီး မိသားစုနဲ့အတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Myfoodstory

Share

Loading Next Article...
က္က