သားသားမီးမီးတို့ ကြိုက်နှစ်သက်မဲ့ သွားရည်စာတစ်မျိုးလည်းဖြစ်သလို အရက်၊ ဘီယာဝိုင်းမှာ အမြည်းအဖြစ် သုံးရင်လည်း လိုက်ဖက်တင့်တယ်တဲ့ အစားအစာလေးကို သိချင်ကြလား။

သားသားမီးမီးတို့ ကြိုက်နှစ်သက်မဲ့ သွားရည်စာတစ်မျိုးလည်းဖြစ်သလို အရက်၊ ဘီယာဝိုင်းမှာ အမြည်းအဖြစ် သုံးရင်လည်း လိုက်ဖက်တင့်တယ်တဲ့ အစားအစာလေးကို သိချင်ကြလား။ အဲဒါကတော့ အမဲသားအစာသွပ် ကြက်သွန်နီတုတ်ထိုးကင်လေးပါပဲ။ ပြုလုပ်နည်းလေးကတော့...

ပါဝင်ပစ္စည်းများ

Screenshot-2018-3-4 Stuffed Onion Bombs - YouTube.png

အမဲသား (၂) ပေါင်၊ ကြက်ဥ (၁) လုံး၊ ကြက်သွန်နီကို ပါးပါးလှီးထားတာ (၁/၃) ခွက်၊ ပေါင်မုန့်ခြောက်မှုန့် (၁) ခွက်၊ ဆားနဲ့ငရုပ်ကောင်းမှုန့် (၁) ဇွန်းစီ၊ ကြက်သွန်ဖြူမှုန့် ဇွန်းဝက်၊ ဘာဘီကျူးဆော့စ် (၁/၂) ခွက်၊ နွားနို့ (၁) ခွက်၊ အရွယ်တော် ကြက်သွန်နီ (၃) လုံး၊ ဘေကွန်ဝက်ပေါင်ခြောက် (၉) မြှောင်းခန့်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

 

အမဲသား (၂) ပေါင်ကို ကြိတ်စက်ထဲထည့်ကြိတ်ပြီး ရလာတဲ့ အမဲသားစင်းကောကို ဇလုံတစ်လုံးထဲမှာ အရင်ထည့်လိုက်ပါ။ ပြီးရင် ဇလုံထဲကို ကြက်ဥ (၁) လုံး ဖောက်ထည့်ပေးလိုက်ပါ။ ကြက်သွန်နီကို ပါးပါးလှီးထားတာ (၁/၃) ခွက်ရယ်၊ ပေါင်မုန့်ခြောက်မှုန့် (၁) ခွက်ရယ်၊ ဆားနဲ့ငရုပ်ကောင်းမှုန့် (၁) ဇွန်းစီရယ်၊ ကြက်သွန်ဖြူမှုန့် ဇွန်းဝက်ရယ်၊ ဘာဘီကျူးဆော့စ် (၁/၂) ခွက်ရယ်၊ နွားနို့ (၁) ခွက်ရယ်ကိုပါ ရောထည့်ပြီး လက်နဲ့သမအောင် နယ်ပေးလိုက်ပါ။ ဒီနေရာမှာ အသားနယ်တဲ့ စကေးလ်က အရေးကြီးပါတယ်။ သမအောင်နယ်ပြီးပြီဆိုရင် ဘေးခဏဖယ်ထားလိုက်ပါ။ ဘေကွန်ဝက်ပေါင်ခြောက်တွေကိုတော့ ရေနွေးအိုးထဲ ထည့်ပြုတ်ပြီး ဆယ်ထားလိုက်ပါ။

 

အရွယ်တော် ကြက်သွန်နီ (၁) လုံးကိုယူပြီး ဟိုဘက်ထိပ်၊ ဒီဘက်ထိပ်ကို အရင်လှီးလိုက်ပါ။ ပြီးရင် ဓားထက်ထက်နဲ့ ကြက်သွန်နီရဲ့ ဗဟိုချက်မ နေရာလောက်ထိကို ဓားရာပေးပြီး အခွံခွာလိုက်ပါ။ ပြီးရင်တော့ ကြက်သွန်နီ အလွှာလေးတွေကို တစ်လွှာချင်းစီ အသာလေး ဆွဲထုတ်လိုက်ပါ။ (မရှင်းရင် ဗီဒီယိုကြည့်လုပ်ပါ။) နောက်ထပ် ကြက်သွန်နီ (၂) လုံးကိုလည်း အဲဒီအတိုင်းပဲ လုပ်ပေးလိုက်ပါ။

ရလာတဲ့ ကြက်သွန်နီကွင်း အဝိုင်းလေးထဲမှာ အမဲသားစင်းကောကို သိပ်ထည့်ပေးလိုက်ပါ။ ပြီးရင် ပြုတ်ထားတဲ့ ဘေကွန်ဝက်ပေါင်ခြောက်နဲ့ ကြက်သွန်နီကို ပတ်ပေးလိုက်ပါ။ ပြီးရင် အကင်တုတ်ချောင်းလေးနဲ့ ထိုးပေးလိုက်ပါ။ ကျန်တဲ့ ကြက်သွန်နီကွင်းလေးတွေကိုလည်း အထက်ပါအတိုင်း လုပ်ပေးပြီး အကင်လင်ပန်းပေါ်မှာ တင်ပေးလိုက်ပါ။ ပြီးရင် အပူချိန် (၄၂၅) ဒီဂရီ ဖာရင်ဟိုက်ရှိတဲ့ oven ထဲမှာ မိနစ် (၄၀) ခန့် ဖုတ်ပေးလိုက်ပါ။ ပြီးရင်တော့ မီးဖိုထဲက ထုတ်ပြီး ပန်းကန်ပြားထဲမှာ တည်ခင်းနိုင်ပါပြီ။

ခရမ်းချဉ်သီး ဆော့စ်လေးနဲ့ တို့စားလိုက်ရင် လျှာထဲကို စိမ့်ဝင်သွားပြီး အရမ်းစားလို့ကောင်းတဲ့ အမဲသားအစာသွပ် ကြက်သွန်နီ တုတ်ထိုးကင်လေးကို ရရှိပါပြီနော်။

Source: Best Bites

Share

Loading Next Article...
က္က