အားလုံးလည်း အကြိုက်တွေ့ကြမဲ့ တရုတ်ဟင်းလျာလေး တစ်မည်ကတော့ ချိုချဉ်ကြော်ပဲ ဖြစ်မှာပါ။ တရုတ်ဆိုင်တွေမှာ ကြော်ရောင်းတဲ့ ချိုချဉ်ကြော်လက်ရာအတိုင်း စားချင်ရင်တော့ အောက်မှာဖော်ပြထားတဲ့ ချက်နည်းလေးကိုဖတ်ပြီး လိုက်လုုပ်ကြည့်ပေးကြပါဦး။

ပါဝင်ပစ္စည်းများ

IMG_1460.JPG 

ဝက်သား (၃၀) ကျပ်သား၊ ငုံးဥ (၁၀) လုံး၊ ခရမ်းချဉ်သီး (၃) လုံး၊ မုန်လာဥနီ (၁) လုံး၊ ငရုတ်ပွသီး (အစိမ်း) (၂) လုံး၊ ပန်းဂေါ်ဖီ (၁) စိတ်၊ babycorn ပြောင်းဖူး (၅) ခုခန့်၊ ရွှေပဲသီး (၅) ခု၊ ဆော့စ် ( ခရမ်းချဉ်သီးအချဉ်ရည်) အနည်းငယ်၊ ကြက်သွန်နီ (၁) လုံး၊ ယိုးဒယားမယ် အကြော်စုံမှုန့် သို့မဟုတ် ဂျုံမှုန့် (၁) ခွက်၊ ကော်မှုန့် (၁/၂) ခွက်၊ ဆီ (လိုအပ်သလောက်)၊ ပဲငံပြာရည်အကြည် (၁) ဇွန်း၊ ခရုဆီ (၁) ဇွန်း၊ ဆားအနည်းငယ်၊ အရသာမှုန့်အနည်းငယ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

IMG_1465.JPG 

အရင်ဦးဆုံး ဝက်သားကို နုတ်နုတ်စင်းပေးပါ။ နုတ်နုတ်စင်းထားတဲ့ ဝက်သားပေါ်မှာ ဂျင်းကိုထောင်း အရည်ညှစ်ထဲ့ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ဆား၊ အရသာမှုန့်၊ ငရုတ်ကောင်းမှုန့် တို့နဲ့ သမအောင် ရောနယ်ပေးရပါမယ်။

ယိုးဒယားမယ် အကြော်စုံမှုန့်နဲ့ ကော်မှုန့်ကို ရေနဲ့ မပျစ်မကျဲလေးဖျော်ပြီး နုတ်နုတ်စင်းပြီးသား ဝက်သားကို လုံးပေးရပါမယ်။ လုံးပြီးသားဝက်သားကိုတော့ ဆီပူအိုးထဲထည့်ပြီး ကြော်ပေးရပါမယ်။ ဝက်သားလုံး ကျက်ပြီဆို ရင် ဒယ်အိုးထဲက ဆယ်ပေးထားပါ။

ငရုတ်ပွစိမ်း (၂) လုံးကို အစေ့ထုတ်ပြီး ၄စိပ်စိပ်ပေးပါ။ ပန်းဂေါ်ဖီတစ်စိတ်ကို အနေတော်လေး လှီးပေးပါ။ မုန်လာဥနီ တစ်လုံးကို အဝိုင်းလေးတွေ အနေတော်လှီးပေးထားပါ။ Babycorn ပြောင်းဖူးသေး (၅) ခုကိုတော့ (၄) ခြမ်း ခြမ်းပေးထားပါ။ ရွှေပဲသီး (၅) တောင့်ကိုတော့ ဘေးတစောင်းပုံ အနေတော် လှီးပေးထားပါ။ ခရမ်းချဉ်သီး (၃) လုံးကိုတော့ (၄) ခြမ်းခွဲပေးထားလိုက်ပါ။

အသီးအရွက်တွေ လှီးနေချိန်မှာ ငုံးဥတွေကို ပြုတ်ထားပေးလိုက်ပါ။

 

အသီးအရွက်တွေ ရေဆေး၊ လှီးပြီးပြီဆိုရင် ဒယ်အိုးတစ်အိုးထဲမှာ ဆီ ပါးပါးထည့်လိုက်ပါ။ ပြီးရင် လှီးထားတဲ့ ကြက်သွန်အဖြူ၊ အနီရောပြီး ဆီသတ်ပေးလိုက်ပါ။ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်ပွသီး၊ မုန်လာဥနီ၊ ပြောင်းဖူးသေး၊ ရွှေပဲသီးတို့ကို ပဲငံပြာရည်အကြည်၊ ခရုဆီ၊ သကြား (၁) ဇွန်း ရောထည့်ပြီး ကြော်ပေးလိုက်ပါ။

အသီးအရွက်တွေ ကျက်ပြီဆိုရင်တော့ ဒယ်အိုးထဲကို ခရမ်းချဉ်သီးဆော့စ် (၂) ဇွန်း ထည့်ပေးပါ။ ခုနက ကြော်ထားတဲ့ ဝက်သားလုံးထည့်ပေးလိုက်ပါ။ ငုံးဥပြုတ် ထည့်ပေးလိုက်ပါ။ ပြီးရင် (၄) စိတ် စိတ်ထားတဲ့ ခရမ်းချဉ်သီးပါ ရောထည့်ပေးပြီး အဖုံးအုပ်ပြီး မိနစ် (၂၀) လောက် တည်ထားပေးထားပါ။

မိနစ် (၂၀) ပြည့်ရင် ဆီမွှေးနဲ့ ကော်ရည်ကို ဒယ်အိုးထဲ ထည့်မွှေပေး ပြီး (၅) မိနစ်ခန့် အဖုံးပြန်အုပ်ထားလိုက်ပါ။ ကျက်ပြီဆိုရင်တော့ အရသာရှိတဲ့ ဝက်သားလုံးချိုချဉ်ကြော်လေးကို အသင့်စားသုံးလို့ ရပါပြီနော်။

Share

Loading Next Article...
က္က