အမှန်တော့ ချက်နည်းပြုတ်နည်းကိုသိရင် ဥရောပအစားအစာတွေကို ဟိုတယ်လက်ရာအတိုင်း အိမ်မှာချက်စားဖို့ဆိုတာ ဘာမှမခဲယဉ်းပါဘူး။

ကျွန်တော်တို့ နိုင်ငံမှာ ဥရောပအစားအစာတွေကို စားချင်တယ်ဆိုရင် လွယ်လင့်တကူ ဝယ်စားလို့မရပါဘူး။ စားမယ်ဆိုရင်လည်း ဟိုတယ်ကြီးတွေမှာ ဈေးကြီးပေးပြီးမှ စားလို့ရတာပါ။ အမှန်တော့ ချက်နည်းပြုတ်နည်းကိုသိရင် ဥရောပအစားအစာတွေကို ဟိုတယ်လက်ရာအတိုင်း အိမ်မှာချက်စားဖို့ဆိုတာ ဘာမှမခဲယဉ်းပါဘူး။

 

ဆွီဒင်နိုင်ငံရဲ့ နာမည်ကျော် အစားအစာတစ်မျိုးဖြစ်တဲ့ ဆွီဒင်အမဲလုံးဟင်းလျာကို ဟိုတယ်လက်ရာအတိုင်း အိမ်မှာချက်စား ချင်သူများအတွက် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

Screenshot-2018-3-5 Swedish Meatballs - YouTube(1).png

အမဲသား (၃၀) သားခန့်၊  ပေါင်မုန့်ခြောက်မှုန့် (၁/၂) ခွက်၊ ဟင်းခတ်အမွှေးအကြိုင် အစုံ (All Spice) ၊  ဇာတိပ္ဖိုလ်သီးမှုန့် (၁) ဇွန်း၊ ကြက်သွန်ဖြူမှုန့် (၁) ဇွန်း၊ ငရုပ်ကောင်းမှုန့် အနည်းငယ်၊ ဆားအနည်းငယ်၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ တရုတ်နံနံပင် အနည်းငယ်ကို ပါးပါးလှီးထားတာ (၁/၃) ခွက်၊ ကြက်ဥ (၁) လုံး၊ ဂျုံမှုန့် (၁) ခွက်၊ အမဲစွပ်ပြုတ်ရည် (၂) ခွက်ခွဲ၊ Heavy Cream (၁) ခွက်၊ မုန်ညင်းစေ့အနှစ် (၁) ဇွန်း၊ Worcestershire sauce (အနောက်တိုင်းဆော့စ်တစ်မျိုး) (၁) ဇွန်းတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Screenshot-2018-3-5 Swedish Meatballs - YouTube(2).png 

အရင်ဆုံး ပန်းကန်လုံးတစ်လုံးထဲမှာ ကြိတ်စက်ထဲထည့်ကြိတ်ထားတဲ့ အမဲသားကို ထည့်လိုက်ပါ။ ပြီးရင် ပေါင်မုန့်ခြောက်မှုန့် (၁/၂) ခွက်ကို ရောထည့်ပေးလိုက်ပါ။ ဟင်းခတ်အမွှေးအကြိုင် အစုံ (All Spice) ရယ်၊  ဇာတိပ္ဖိုလ်သီးမှုန့် (၁) ဇွန်းရယ်၊ ကြက်သွန်ဖြူမှုန့် (၁) ဇွန်းရယ်၊ ငရုပ်ကောင်းမှုန့် အနည်းငယ်ရယ်၊ ဆားအနည်းငယ်ရယ်၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီရယ်၊ တရုတ်နံနံပင် အနည်းငယ်ကို ပါးပါးလှီးထားတာ (၁/၃) ခွက်ရယ်၊ ကြက်ဥ (၁) လုံးရယ်ကိုပါ အမဲသားပန်းကန်ထဲကို ရောထည့်ပြီး နယ်ပေးလိုက်ပါ။ လက်ကိုစင်ကြယ်အောင် ဆေးကြောပြီး လက်နဲ့ပဲ သမအောင် နယ်ပေးလိုက်ပါ။

အမဲသားနယ်ပြီးသွားရင် အမဲသားကို လက်နဲ့တစ်ကော် ကော်လိုက်ပြီး လက်ဝါးထဲမှာ လောက်စာလုံး လုံးသလို ထည့်လုံးပေးလိုက်ပါ။ ပန်းကန်လုံးထဲက အမဲသားတွေအားလုံး ကုန်တဲ့အထိ လုံးပေးလိုက်ပါ။ လုံးပြီးတဲ့ အမဲလုံးတွေကိုတော့ ဆီပူပေးထားတဲ့ ဒယ်အိုးပြားထဲကို အစီအရီထည့်ပေးလိုက်ပါ။

 

အမဲလုံးလေးတွေ အရောင်ပြောင်းလာရင် ထက်အောက်လှန်ပေးဖို့ မမေ့ပါနဲ့ဦး။ အမဲလုံးလေးတွေ ကျက်ပြီဆိုရင် ဒယ်အိုးထဲကဆယ်ပြီး ပန်းကန်ပြားတစ်ချပ်ထဲကို ပြောင်းထည့်ထားလိုက်ပါ။ ပြီးရင် အဲဒီဒယ်အိုးပြားထဲကို ထောပတ် (၂) လက်မပတ်လည် တစ်တုံး လှီးထည့်ပေးလိုက်ပါ။

ထောပတ်အရည်ပျော်ပြီး ထောပတ်ဆီဖြစ်သွားပြီဆိုရင် ဒယ်အိုးထဲကို ဂျုံမှုန့် (၁) ခွက် ထည့်ပေးလိုက်ပါ။ ပြီးရင် ထောပတ်ဆီနဲ့ ဂျူံမှုန့် သမသွားအောင် ကြက်ဥခေါက်တံနဲ့ မွှေပေးလိုက်ပါ။ ထောပတ်ဆီနဲ့ ဂျုံမှုန့် မုန့်နှစ်ရည်လိုမျိုးလေး ဖြစ်သွားပြီဆိုရင် ဒယ်အိုးပြားထဲကို အမဲစွပ်ပြုတ်ရည် (၂) ခွက်ခွဲစာခန့် လောင်းထည့်ပေးလိုက်ပါ။ ခနကြာ မွှေပေးပြီးရင် Heavy Cream (၁) ခွက် ထည့်ပေးလိုက်ပါ။

ပါဝင်ပစ္စည်းအားလုံး သမအောင် မွှေပေးပြီးရင် အနံ့အရသာအတွက် မုန်ညင်းစေ့အနှစ် (၁) ဇွန်း၊ Worcestershire sauce (အနောက်တိုင်းဆော့စ်တစ်မျိုး) (၁) ဇွန်းတို့ကိုပါ ရောထည့်ပြီး မွှေပေးလိုက်ပါဦး။ ပြီးရင်တော့ ဒယ်အိုးထဲကို အမဲလုံးကြော်လေးတွေကို ထည့်ပြီး မွှေပေးနိုင်ပါပြီ။ မိနစ်အနည်းငယ်ကြာ ထားပြီးရင်တော့ အသင့်သုံးဆောင်ရုံ အနေအထားကို ရရှိပါပြီ။ ပန်းကန်လုံး တစ်လုံးထဲကို လှယ်ထည့်ပြီးရင်တော့ ဆွီဒင်အမဲလုံး ဟင်းလျာလေးကို ဟိုတယ်ကြီးတွေမှာ စားနေရသလိုပဲ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီနော်။

Source: Shared Food


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က