အီတလီအစားအစာ တစ်မျိုးဖြစ်တဲ့ စပါဂတ်တီကို အိမ်မှာပဲ လုပ်စားကြည့်ကြမယ်ဆို ဘယ်လိုသဘောရလဲ။

အီတလီအစားအစာတွေက ကမ္ဘာ့နေရာအနှံ့အပြားမှာ နာမည်ကျော်ကြားပါတယ်။ ဥပမာ ပီဇာတို့၊ စပါဂတ်တီတို့ပေါ့။ အီတလီ အစားအစာဆိုပေမဲ့ မြန်မာ့လျှာနဲ့လည်း အစပ်အဟပ်တည့်တဲ့အတွက် ပီဇာဆိုင်တွေ ရောင်းကောင်းနေတာပါ။ အီတလီအစားအစာ တစ်မျိုးဖြစ်တဲ့ စပါဂတ်တီကို အိမ်မှာပဲ လုပ်စားကြည့်ကြမယ်ဆို ဘယ်လိုသဘောရလဲ။



ပါဝင်ပစ္စည်းများ

Screenshot-2018-3-5 One Pot Spaghetti Meatballs - YouTube(1).png 

ထောပတ် (၂) ဇွန်း၊ ရယ်ဒီမိတ်အသားလုံး (meatball) (၁၅) လုံးခန့်၊ စပါဂတ်တီဆော့စ် (၁) ခွက်ခွဲ၊ ခရမ်းချဉ်သီး (၄) လုံး၊ အမဲစွပ်ပြုတ်ရည် (၁) ခွက်၊ အီတလီ ဟင်းခတ်အမွှေးအကြိုင် (Italian Seasoning) (၁) ခွက်၊ ဆားအနည်းငယ်၊ ငရုပ်ကောင်းမှုန့် အနည်းငယ်၊ စပါဂတ်တီ ခေါက်ဆွဲခြောက် (၁) စည်း၊ Parmesan Chesse (အီတလီဒိန်ခဲအမာ)၊ Mozzarella Cheese (အီတလီ ဒိန်ခဲအပျော့) တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

Screenshot-2018-3-5 One Pot Spaghetti Meatballs - YouTube(2).png 

အရင်ဆုံး ဒယ်အိုးထဲကို ထောပတ် (၂) ဇွန်းခန့်ထည့်ပြီး အပူပေးလိုက်ပါ။ ထောပတ်အရည်ပျော်ပြီး ထောပတ်ဆီဖြစ်သွားပြီဆိုရင် ရယ်ဒီမိတ်အသားလုံး (meat ball) လေးတွေကို ဒယ်အိုးထဲ ထည့်ကြော်ပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာလို့ အသားလုံးလေးတွေ အရောင်ပြောင်းလာပြီဆိုရင် ထက်အောက်လှန်ပေးလိုက်ပါဦး။

 

အသားလုံးလေးတွေ ကျက်ပြီဆိုရင် စပါဂတ်တီဆော့စ် (၁) ခွက်ခွဲကို လောင်းထည့်ပေးလိုက်ပါ။ ပြီးရင် ခရမ်းချဉ်သီး (၄) လုံးခန့်ကို ပါးပါးလှီးထားတာနဲ့ အမဲစွပ်ပြုတ်ရည်ကိုလည်း လောင်းထည့်ပြီး မွှေပေးလိုက်ပါဦး။

ခနကြာရင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အီတလီဟင်းခတ် အမွှေးအကြိုင် (Italian Seasoning) ရယ်၊ ဆားရယ်၊ ငရုပ်ကောင်းမှုန့်ရယ်ကိုလည်း ထည့်ပေးလိုက်ပါ။ ပြီးရင် (၁) မိနစ်ခန့် နှပ်ထားပေးလိုက်ပါ။

 

(၁) မိနစ်ပြည့်ရင် စပါဂတ်တီ ခေါက်ဆွဲခြောက် (၁) စည်းကို အလည်ကနေ ကိုင်ချိုးပြီး အသားလုံးဟင်းအိုးထဲကို ထည့်ပေးလိုက်ပါ။ ခေါက်ဆွဲခြောက်ဖတ်တွေနဲ့ အသားလုံးဆော့စ် သမသွားအောင်လည်း မွှေပေးလိုက်ပါ။ ပြီးရင် အဖုံးအုပ်ပြီး နှပ်ထားပေးလိုက်ပါ။

(၅) မိနစ်ခန့်ကြာရင်တော့ အဖုံးပြန်ဖွင့်ပေးနိုင်ပါပြီ။ Parmesan Chesse (အီတလီဒိန်ခဲအမာ) ကို အမျှင်လေးတွေဖြစ်အောင် ခြစ်ထားတာရယ်၊ Mozzarella Cheese (အီတလီ ဒိန်ခဲအပျော့) ကို အမျှင်လေးတွေ ခြစ်ထားတာရယ်ကိုလည်း အပေါ်ကနေ အုပ်ပေးလိုက်ပါဦး။

ပြီးရင်တော့ ပန်းကန်ထဲပြောင်းထည့်ပြီး အသားလုံး စပါဂတ်တီခေါက်ဆွဲကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီနော်။

သြော် မေ့တော့မလို့။ စားခါနီး အပေါ်ကနေ ပေါင်မုန့်ေြ့ခာက်မှုန့်နဲ့ ကြက်သွန်မြိတ်ခြောက်လေးလည်း ဖြူးပေးလိုက်ပါဦး။

Source: Shared Food


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က