AD
AD
AD

အာလူးဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ နေ့စဉ်အစားအသောက်ထဲမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတစ်မျိုးပါ။ မနေ့ကကျန်တဲ့ အသားဟင်းတွေ ဘာတွေရှိရင်လည်း အလဟဿမဖြစ်ရအောင် အာလူးလေးနဲ့ရောပြီး ပြန်ချက်စားတတ်ကြတယ် မဟုတ်လား။ ဒီနေ့မှာတော့ အာလူးကို ကိုရီးယားစတိုင်လ် ချက်ထားတဲ့ အာလူးဟင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ချက်ပြုတ်နည်းလေးက အလွန်လွယ်ကူပြီး စားလို့လည်း ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

play
 

လက်မဝက်အရွယ် အတုံးလေးတွေ တုံးထားတဲ့ အခွံခွာပြီး အာလူး (၁) ပေါင်၊ ကြက်သွန်နီ (၅) အောင်စ၊ ကြက်သွန်ဖြူ (၂) တောင့်၊ ပဲငံပြာရည် (၃) ဇွန်း၊ ငရုပ်သီးမှုန့် (၂) ဇွန်း၊ သကြား (၁) ဇွန်း၊ ငါးပါးနီခြောက် (၇) ကောင်၊ ရေ (၁) ခွက်ခွဲတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး လက်မဝက်အရွယ် အတုံးလေးတွေ တုံးထားတဲ့ အခွံခွာပြီး အာလူးတွေရယ်၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီဖတ်တွေရယ်၊ ငရုပ်ဆုံထဲ ထည့်ထောင်းထားတဲ့ ကြက်သွန်ဖြူရယ်ကို ဒယ်အိုးအကြီးတစ်လုံးထဲမှာ ပဲငံပြာရည်၊ ငရုပ်သီးမှုန့်၊ သကြားတို့နဲ့ ရောထည့်ပေးလိုက်ပါ။ ပြီးရင် သစ်သားယောက်မအကြီးတစ်ချောင်းနဲ့ မွှေပေးလိုက်ပါ။

play

 

ပြီးရင်တော့ ဒယ်အိုးထဲကို ငါးပါးနီခြောက်နဲ့ ရေကို ထည့်ပေးလိုက်ပါ။ ပြီးရင် အဖုံးအုပ်ပြီး medium high အပူချိန်မှာ (၁၀) မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။ (၁၀) မိနစ်ပြည့်ရင်တော့ အဖုံးလှပ်ပြီး မွှေပေးလိုက်ပါ။ ပြီးရင် အပူချိန်ကို medium ထိ လျှော့ချလိုက်ပြီး နောက်ထပ် (၁၅) မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။ အာလူးကောင်းကောင်း နူးသည်အထိ ချက်ပြုတ်ပေးပြီးရင် ရပါပြီ။

play

 

ပြီးရင်တော့ ပန်းကန်ပြားထဲထည့်ပြီး ထမင်းနဲ့ တွဲဖက်စားသုံးနိုင်ပါပြီနော်။

Source: Maangchi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD