အမေရိကန် အစားအစာကိုမှ မြည်းစမ်းလိုသူတွေအတွက် မိသားစုညစာ စားပွဲတွေမှာ စားသုံးတတ်ကြတဲ့ ညစာလေးတစ်မျိုးပါ။

ဒီနေ့မှာတော့ အမေရိကန်စတိုင်လ် ညစာတစ်မျိုးနဲ့ မိတ်ဆက်ပေးပါရစေ။ အဲဒါကတော့ အမေရိကန် ဟင်းရွက်စုံ ကြက်ပေါင်ကင်ပါပဲ။ Oven တစ်လုံးရှိရုံနဲ့ ချက်ပြုတ်လို့ရပြီး ပါဝင်ပစ္စည်းတွေကလည်း ရှုပ်ထွေးခြင်း မရှိပါဘူး။ Balsamic vinegar (အီတလီ စပျစ်ရှာလကာရည်) ကိုတော့ Market Place မှာ ဝယ်ယူရရှိနိုင်ပါတယ်။ ပြုလုပ်နည်းလေးကတော့...

ပါဝင်ပစ္စည်းများ

Sheet-Pan-Honey-Balsamic-Chicken-Thighs-with-Veggies-1.jpg 

Balsamic vinegar (အီတလီ စပျစ်ရှာလကာရည်) (၁/၂) ခွက်၊ ပျားရည် (၁/၄) ခွက်၊ ကြက်သွန်ဖြူထောင်း လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ငရုပ်သီးမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ သံလွင်ဆီ (၁/၄) ခွက်၊ မုန်ညင်းနက်စေ့အနှစ် လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ တောရုန်းပင်မှုန့် စားပွဲတင်ဇွန်း (၁) ဇွန်း၊ ဆားအနည်းငယ်၊ အရိုးထုတ်ပြီးသား ကြက်ပေါင် (၆) ချောင်း၊ ပဲတောင့်ရှည် (၂) တောင့်၊ မုန်လာဥနီ (၁) ခြမ်း၊ မှို (၁/၂) ခွက်၊ သခွားဖရုံသီး (၁) ခြမ်း၊ ငရုပ်ပွသီး (၁) ခြမ်း၊ ကန်စွန်းဥ (၁) စိတ်၊ ပန်းဂေါ်ဖီ (၁) စိတ်၊ ကြက်သွန်နီ (၁) လုံး၊ ကြက်သွန်ဖြူမှုန့်အနည်းငယ်၊ ဆားနဲ့ ငရုပ်ကောင်းမှုန့် အနည်းငယ်၊ သံလွင်ဆီ (၃) ဇွန်းတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Sheet-Pan-Honey-Balsamic-Chicken-Thighs-with-Veggies-2.jpg 

အရင်ဆုံး မုန့်ဖုတ်မီးဖို (Oven) ကို ၂၂၀ ဒီဂရီဆဲလ်စီးယပ်စ် အပူချိန်နဲ့ အပူပေးလိုက်ပါ။ ပြီးရင် Balsamic vinegar (အီတလီ စပျစ်ရှာလကာရည်) (၁/၂) ခွက်၊ ပျားရည် (၁/၄) ခွက်၊ ကြက်သွန်ဖြူထောင်း လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ငရုပ်သီးမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ သံလွင်ဆီ (၁/၄) ခွက်၊ မုန်ညင်းနက်စေ့အနှစ် လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ တောရုန်းပင်မှုန့် စားပွဲတင်ဇွန်း (၁) ဇွန်း၊ ဆားအနည်းငယ်တို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောမွှေပေးလိုက်ပါ။

 

ပြီးရင်တော့ အဲဒီပန်းကန်လုံးထဲကို ရေဆေးသန့်စင်ပြီးသား ကြက်ပေါင်လေးတွေကို ထည့်စိမ်ပေးလိုက်ပါ။ အကုန်လုံး မဆန့်ရင် တစ်ချောင်းချင်းစီ ထည့်စိမ်ပေးလိုက်ပါ။ ပြီးရင် အနှစ်ရည်နဲ့ ကြက်ပေါင်လေးတွေကို ဘေးခဏဖယ်ထားလိုက်ပါ။

ဇောက်နက်တဲ့ စတီးလင်ပန်းထူထူတစ်ချပ်ကို ယူလိုက်ပြီး အတုံးသေးသေးလေးတွေရအောင် လှီးစိတ်ထားတဲ့ ပဲတောင့်ရှည် (၂) တောင့်၊ မုန်လာဥနီ (၁) ခြမ်း၊ မှို (၁/၂) ခွက်၊ သခွားဖရုံသီး (၁) ခြမ်း၊ ငရုပ်ပွသီး (၁) ခြမ်း၊ ကန်စွန်းဥ (၁) စိတ်၊ ပန်းဂေါ်ဖီ (၁) စိတ်၊ ကြက်သွန်နီ (၁) လုံးတို့ကို ဖြန့်ခင်းထားပေးလိုက်ပါ။ ပြီးရင် အပေါ်ကနေ သံလွင်ဆီ၊ ဆား၊ ငရုပ်ကောင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်တို့ ဖြူးပြီး နယ်ဖတ်ပေးလိုက်ပါ။

ဟင်းသီးဟင်းရွက်တွေ အပေါ်ကနေမှ ကြက်ပေါင်တွေနဲ့ ဟင်းအနှစ်ရည်တွေဆမ်းပြီး မိနစ် (၃၀)၊ (၃၅) မိနစ်ခန့် Oven ထဲ ထည့်ဖုတ်ပေးလိုက်ပါ။ ပြီးရင်တော့ မီးဖိုထဲကထုတ်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Myfoodstory

Share

Loading Next Article...
က္က