အသားများများ အမဲနံရိုးတုံး အိအိလေးတွေကို ပန်းသစ်တော်သီးနံ့ သင်းသင်းလေးမွှေးနေတဲ့ ဟင်းအနှစ်ကြားက ရှယ်ဆွဲရမှာဆိုတော့ Monday Blues ကို ကျော်လွန်ပြီး အရသာရှိရှိ စားသုံးနိုင်တဲ့ ညစာတစ်နပ် ဖြစ်စေနိုင်မှာပါ။

ရုံးပြန်တက်တဲ့နေ့ ညနေမှာ ညစာကို ဘာချက်စားရမလဲ မသိဖြစ်နေသူတွေအတွက် အရသာလည်းရှိပြီး ပြုလုပ်ရလွယ်ကူတဲ့ ဟင်းတစ်နှပ်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ အဲဒါကတော့ ကိုရီးယားစတိုင်လ် အမဲနံရိုးနှပ်ဟင်းပါပဲ။

 

အသားများများ အမဲနံရိုးတုံး အိအိလေးတွေကို ပန်းသစ်တော်သီးနံ့ သင်းသင်းလေးမွှေးနေတဲ့ ဟင်းအနှစ်ကြားက ရှယ်ဆွဲရမှာဆိုတော့ Monday Blues ကို ကျော်လွန်ပြီး အရသာရှိရှိ စားသုံးနိုင်တဲ့ ညစာတစ်နပ် ဖြစ်စေနိုင်မှာပါ။

ပါဝင်ပစ္စည်းများ

ingredients-590x527.jpg 

အမဲနံရိုး (၂) ပေါင်ခန့်၊ ကြက်သွန်နီအကြီး (၁) လုံး၊ ကြက်သွန်ဖြူ (၈) တက်ခန့်၊ ပန်းသစ်တော်သီး (၂) လုံး၊ ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း (၃) ဇွန်း၊ သကြားညို စားပွဲတင်ဇွန်း (၁) ဇွန်း၊ ငရုပ်ကောင်းမှုန့် (၁/၂) ဇွန်း၊ နှမ်းဆီ (၁) ဇွန်း၊ နှမ်းစေ့ စားပွဲတင်ဇွန်း (၁) ဇွန်း၊ ပဲစိမ်းစေ့နဲ့ ထင်းရှူးစေ့ အနည်းငယ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

ribs-590x437.jpg 

အရင်ဆုံး အမဲနံရိုးပေါ်က အဆီဖတ်လေးတွေကို လှီးထုတ်ပြီး အသားတုံးအပေါ်ကနေ ဓားရာပေးလိုက်ပါ။ သန့်စင်အောင် ဆေးကြောပြီးရင် အမဲနံရိုးတုံးလေးတွေကို ရေနွေးပူပူထဲမှာ (၅) မိနစ်ခန့် ထည့်ပြုတ်ပေးလိုက်ပါ။ အမဲနံရိုးပြုတ်တုံးလေးတွေကိုတော့ ရေအေးထဲမှာထည့်ဆေးပြီး ဇကာတစ်လုံးနဲ့ ရေစစ်၊ အအေးခံထားပေးလိုက်ပါ။

 

အမဲရိုးပြုတ်ထားချိန်မှာ ဟင်းအနှစ်ဆော့စ်ကို ပြုလုပ်ရပါမယ်။ ကြက်သွန်နီအကြီး (၁) လုံး၊ ပန်းသစ်တော်သီး (၂) လုံး၊ ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ကြက်သွန်ဖြူ (၈) တက်တို့ကို အခွံခွာ၊ သန့်ရှင်းရေးလုပ်ပြီး မွှေစက် (blender) ထဲကို ထည့်လိုက်ပါ။ ပြီးရင် အပေါ်ကနေ ပဲငံပြာရည် စားပွဲတင်ဇွန်း (၃) ဇွန်း၊ သကြားညို စားပွဲတင်ဇွန်း (၁) ဇွန်း၊ ငရုပ်ကောင်းမှုန့် (၁/၂) ဇွန်းတို့ကို ဖြူးပေးလိုက်ပါ။ ပြီးရင်တော့ Blender ကို ခလုတ်နှိပ်ပြီး မွှေ့ပေးလိုက်ပါ။

 

ပြီးရင် အိုးတစ်လုံးထဲမှာ အမဲနံရိုးတွေကိုထည့်လိုက်ပြီး အပေါ်ကနေ ပန်းသစ်တော်သီး ဆော့စ်အနှစ်ကို လောင်းထည့်ပေးလိုက်ပါ။ အဖုံးပိတ်ပြီး မိနစ် (၃၀) ခန့် နှပ်ပေးလိုက်ပါ။ မိနစ် (၃၀) ပြည့်ရင် သစ်သားယောက်မနဲ့ ကောင်းကောင်းမွှေပေးပြီး မီးအပူချိန်ကို အနိမ့်ဆုံးအထိ လျှော့ချလိုက်ပါ။ နောက်ပြီးရင် မိနစ် (၂၀) ခန့် ဆက်နှပ်ထားပေးလိုက်ပါ။

 

နောက်ထပ် မိနစ် (၂၀) ပြည့်ရင်တော့ အမဲနံရိုးလည်း ကောင်းကောင်းနူးလောက်ပြီမို့ အပေါ်ကနေ ပဲစိမ်းစေ့လေးတွေ ဖြူးပြီး ဆက်မွှေပေးလိုက်ပါဦး။ (၅) မိနစ်ခန့် မွှေပေးပြီးရင် အမဲနံရိုးနှပ် ကောင်းကောင်းကျက်သွားပါပြီ။ ဇောက်နက်တဲ့ ပန်းကန်လုံး (၁) လုံးထဲကို ပြောင်းထည့်ပြီး အပေါ်ကနေ ထင်းရှူးစေ့လေးတွေ ဖြူးပေးလိုက်ပါ။ ပြီးရင်တော့ ထမင်းဖြူနဲ့ တွဲဖက်စားသုံးနိုင်ပါပြီနော်။

Source: Maangchi

Share

Loading Next Article...
က္က