ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အဖျော်ယမကာတစ်မျိုး ဖြစ်တဲ့ ကော်ဖီကို ဖျော်သောက်ရုံ တစ်ခုတည်းမဟုတ်ဘဲ အစားအစာအဖြစ် ပူတင်းလိုပါ ဖုတ်စားလို့ရမယ်ဆိုရင် စိတ်ဝင်စားကြမှာလား။

လူငယ်လူကြီးမရွေး ကော်ဖီကို မနှစ်သက်တဲ့သူ ရှိမယ်မထင်ပါဘူး။ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အဖျော်ယမကာတစ်မျိုး ဖြစ်တဲ့ ကော်ဖီကို ဖျော်သောက်ရုံ တစ်ခုတည်းမဟုတ်ဘဲ အစားအစာအဖြစ် ပူတင်းလိုပါ ဖုတ်စားလို့ရမယ်ဆိုရင် စိတ်ဝင်စားကြမှာလား။ ယနေ့မှာတော့ ကော်ဖီပူတင်း မွှေးမွှေးလေးကို အလွယ်တကူပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်နော်။



ပါဝင်ပစ္စည်းများ

Screenshot-2018-3-12 (7) Easy Cold Brew Coffee Pie - YouTube(1).png 

ရယ်ဒီမိတ် ဗနီလာပူတင်းမှုန့် (၃.၄) အောင်စ၊ ဘလက်ခ်ကော်ဖီ ဖန်ခွက်ရှည် (၁) ခွက်၊ နွားနို့ (၁/၂) ခွက်၊ သကာရည်ထုတ်ပြီးသား Whipped Cream (၈) အောင်စ၊ ချောကလက်အရသာ Oreo ကွတ်ကီး (၂၅) ခု၊ ထောပတ် (၅) ဇွန်း၊ Whipped Cream (၁) ဘူး၊ ချောကလက်လုံး (Chocolate Beans) (၉) လုံးခန့် တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

 

ရယ်ဒီမိတ် ဗနီလာပူတင်းမှုန့် (၃.၄) အောင်စခန့်ကို ပန်းကန်လုံးအကြီး တစ်လုံးထဲမှာ ထည့်လိုက်ပါ။ ပြီးရင် (၂) နာရီခန့် ရေခဲသေတ္တာထဲမှာ အအေးခံထားတဲ့ ဘလက်ခ်ကော်ဖီအေး ဖန်ခွက်ရှည်တစ်ခွက်စာခန့်ကိုလည်း လောင်းထည့်ပေးလိုက်ပါ။ ပြီးရင် နွားနို့ (၁/၂) ခွက်ကိုလည်း ထည့်ပြီး ကြက်ဥခလောက်တံနဲ့ သမအောင်မွှေပေးလိုက်ပါ။

 

ရလာတဲ့ ကော်ဖီပူတင်းအနှစ်ထဲကို သကာရည်ထုတ်ပြီးသား Whipped Cream (၈) အောင်စကို ရောထည့်ပြီး သစ်သားယောက်မတစ်ချောင်းနဲ့ မွှေပေးလိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ ခဏအအေးခံထားလိုက်ပါ။

 

Oreo ကွတ်ကီးမုန့်ခွံ ပြုလုပ်ဖို့အတွက် ချောကလက်အရသာ Oreo ကွတ်ကီး (၂၅) ခုကို မွှေစက်ထဲမှာ ထည့်မွှေပေးလိုက်ပါ။ ပြီးရင် ကွတ်ကီးမှုန့်တွေနဲ့ ထောပတ် (၅) ဇွန်းကို ပန်းကန်လုံးအကြီး (၁) လုံးထဲမှာ ရောမွှေပေးလိုက်ပါ။ ဒီနေရာမှာ ကွတ်ကီးမှုန့်နဲ့ ထောပတ်အရော မုန့်နှစ်ကို ပန်းကန်လုံးရဲ့နှုတ်ခမ်းသားနားထိ ထိအောင် စောင်းပြီး မွှေပေးရမှာပါ။ ပြီးရင်တော့ ပန်းကန်လုံးကို မုန့်ဖို (Oven) ထဲမှာ (၈) မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။ ပြီးရင် ခဏအအေးခံပေးလိုက်ပါ။

 

ပြီးရင်တော့ Oreo ကွတ်ကီးမုန့်ခွံထည့်ထားတဲ့ ပန်းကန်လုံးထဲကို ခုနကဖယ်ထားတဲ့ ကော်ဖီပူတင်းအနှစ်ကို လောင်းထည့်ပေးလိုက်ပါ။ ပြီးရင် သစ်သားယောက်မလေး (၁) ချောင်းနဲ့ မျက်နှာပြင် ညှိပေးလိုက်ပါ။ ပြီးရင် ရေခဲသေတ္တာ အအေးခန်းထဲမှာ တစ်ညသိပ်ထားပေးလိုက်ပါ။

နောက်နေ့မနက်ရောက်ရင်တော့ ပိုင်မုန့်ရဲ့ နှုတ်ခမ်းသားမှာ Whipped Cream လေး လိုက်ဆမ်းပေးလိုက်ပြီး အဲဒီအပေါ်ကမှ ချောကလက်လုံးလေးတွေ လိုက်တင်ပေးလိုက်ပါ။ ပြီးရင် ဓားနဲ့ခွဲခြမ်းပြီး တစ်အိမ်သားလုံး မြိန်ရည်ယှက်ရည် စားသုံးနိုင်မဲ့ ကော်ဖီပူတင်းလေးကို ရရှိပါပြီနော်။

Source: Shared Foods


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က