ပြုလုပ်ရတာ လွယ်ကူမြန်ဆန်သလို စားရတာလည်း အရသာရှိလို့ တစ်အိမ်သားလုံး ကြိုက်နှစ်သက်ကြမှာပါ။

ကြက်ဆာတေးကင်ကို ကြိုက်ကြလား။ ဆာတေးချစ်သူတွေအတွက် ဒီနေ့မှာတော့ အိန္ဒိယစတိုင်လ် ကြက်ဆာတေးကင် စပ်စပ်လေး ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပြုလုပ်ရတာ လွယ်ကူမြန်ဆန်သလို စားရတာလည်း အရသာရှိလို့ တစ်အိမ်သားလုံး ကြိုက်နှစ်သက်ကြမှာပါ။ ပြုလုပ်နည်းကတော့...

ပါဝင်ပစ္စည်းများ

Screenshot-2018-3-13 (7) Grilled Sambal Chicken Skewers (5 Ingredient) - YouTube.png 

(၁) လက်မအရွယ် အတုံးလေးတွေ တုံးထားတဲ့ အရိုးထုတ်ပြီးသား ကြက်ပေါင် (၁) ကီလိုခန့်၊ Sambal Oelek (ငရုပ်ချဉ်ဆော့စ်) စားပွဲတင်ဇွန်း (၂) ဇွန်း၊ ပဲငံပြာရည် (၁/၄) ခွက်၊ ပျားရည် (၃) ဇွန်း၊ ငံပြာရည် (၁) ဇွန်း၊ နုတ်နုတ်စင်းထားတဲ့ စပါးလင် (၁) ဇွန်း၊ ကြက်သွန်ဖြူထောင်း (၂) ဇွန်း၊ ဆားအနည်းငယ်၊ ထောပတ် (၂) ဇွန်းတို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

 

ပန်းကန်လုံးတစ်လုံးထဲမှာ Sambal Oelek (ငရုပ်ချဉ်ဆော့စ်) စားပွဲတင်ဇွန်း (၂) ဇွန်း၊ ပဲငံပြာရည် (၁/၄) ခွက်၊ ပျားရည် (၃) ဇွန်း၊ ငံပြာရည် (၁) ဇွန်း၊ နုတ်နုတ်စင်းထားတဲ့ စပါးလင် (၁) ဇွန်း၊ ကြက်သွန်ဖြူထောင်း (၂) ဇွန်း၊ ဆားအနည်းငယ်တို့ကို ရောထည့်ပြီး ဇွန်းတစ်ချောင်းနဲ့ ရောမွှေပေးလိုက်ပါ။

ပြီးရင် အဲဒီဆော့စ်ထဲမှာ ကြက်သားတုံးလေးတွေကိုထည့်ပြီး နယ်ပေးလိုက်ပါ။ ကြက်သားထည့်ပြီးရင် အနည်းဆုံး (၂) နာရီလောက် စိမ်ပြီး နှပ်ထားပေးဖို့လည်း မမေ့ပါနဲ့ဦး။ ပြီးမှ ကြက်သားတုံးတွေကို ဝါးတုတ်ချောင်းလေးတွေနဲ့ တစ်ချောင်းမှာ (၄) တုံးနှုန်းနဲ့ လိုက်သီပေးလိုက်ပါ။

 

အကင်ဖိုကိုုတော့ မကင်ခင် (၁၀) မိနစ်လောက် လိုကတည်းက ကြိုတင်ပြီး အပူပေးထားလိုက်ပါ။ ပြီးရင် ထောပတ်ဆီလေးကိုလည်း အကင်ဖိုပေါ်က ဇကာလေးတွေပေါ်မှာ ပွတ်ထားပေးလိုက်ပါဦး။ ပြီးရင် ကြက်သားတုတ်ထိုးလေးတွေကို အကင်ဖိုပေါ်တင်ပြီး ကင်ပေးလိုက်ပါ။ ကင်နေရင်း ခုနက ဆော့စ်နဲ့ပြန်သုတ်ပေးဖို့ကိုလည်း မမေ့ပါနဲ့ဦး။ မိနစ်အနည်းငယ်ကြာရင် ထက်အောက်လည်း လှန်ပေးလိုက်ပါဦး။ ပြီးရင်တော့ ပန်းကန်ပြားတစ်ချပ်ထဲထည့်ပြီး နံနံပင်နဲ့ သံပုရာသီး တစ်စိတ်လောက်အုပ်ပြီး သုံးဆောင်နိုင်ပါပြီ။

Source: Myfoodstory

Share

Loading Next Article...
က္က