နူးအောင်ပြုတ်ဖို့ ခက်တဲ့ ဝက်နံရိုးကို ကိုကာကိုလာနဲ့ပေါင်းလိုက်ခြင်းက ကိုကာကိုလာရဲ့ ချိုမြိန်တဲ့အရသာတွေ ဝက်သားတွေကို စိမ့်ဝင်သွားစေပြီး ပိုပြီးလည်း နူးလွယ်စေပါတယ်။

ညနေပိုင်းမှာ ဘီယာအေးအေးလေး တစ်လုံးနဲ့ မြည်းဖို့အတွက် အာလူးကြော်တွေ၊ ကန်စွန်းပလိန်းတွေ၊ ငါးမုန့်ကြော်တွေကို ညည်းငွေ့လာပြီဆိုရင် အမြည်းလုပ်လို့ကောင်းတဲ့ စားစရာလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ အဲဒါကတော့ ကိုကာကိုလာ ဝက်နံရိုးပေါင်းပါပဲ။

နာမည်ဆန်းသလို အရသာကလည်း တကယ်ထူးခြားပါတယ်။ ပြုလုပ်ရတဲ့အဆင့်တွေကလည်း တကယ်ကို လွယ်ကူရိုးရှင်းလှပါတယ်။ နူးအောင်ပြုတ်ဖို့ ခက်တဲ့ ဝက်နံရိုးကို ကိုကာကိုလာနဲ့ပေါင်းလိုက်ခြင်းက ကိုကာကိုလာရဲ့ ချိုမြိန်တဲ့အရသာတွေ ဝက်သားတွေကို စိမ့်ဝင်သွားစေပြီး ပိုပြီးလည်း နူးလွယ်စေပါတယ်။ ပြုလုပ်နည်းကို အောက်မှာဖော်ပြထားပါတယ်။

ပါဝင်ပစ္စည်းများ

Screenshot-2018-3-13 (7) Crock Pot Coca Cola Baby Back Ribs - YouTube(1).png 

ဝက်နံရိုး (Baby Ribs) တစ်တွဲ၊ ကိုကာကိုလာ (၁) ဘူး၊ ဆားအနည်းငယ်၊ ငရုပ်ကောင်းမှုန့်အနည်းငယ်၊ ဘာဘီကျူးဆော့စ် (၁) ဘူး တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

 

ဝက်နံရိုး (၇) ချောင်းခန့်ပါတဲ့ နံရိုးတစ်တွဲကို ရေစင်အောင်ဆေးပေးလိုက်ပါ။ ပြီးရင် ဆားနဲ့ငရုပ်ကောင်းမှုန့်ကို ထက်အောက် နှံ့စပ်အောင် ဖြူးပေးလိုက်ပါ။ ပြီးရင်တော့ (၂) မိနစ်လောက် နှပ်ထားပေးလိုက်ပါ။

Slow Cooker (ပေါင်းအိုး) တစ်လုံးထဲကို ဝက်နံရိုးတွဲကို ခွေထည့်လိုက်ပါ။ ပြီးရင် ပေါင်းအိုးထဲကို ကိုကာကိုလာတစ်ဘူး လောင်းထည့်လိုက်ပါ။ အဖုံးပိတ်ပြီးရင် တစ်နာရီခန့် ဆက်တင်ချိန်ပြီး ပေါင်းထားပေးလိုက်ပါ။

 

တစ်နာရီပြည့်ရင်တော့ ဝက်နံရိုးကို ညှပ်နဲ့ယူထုတ်ပြီး ပန်းကန်ပြားတစ်ချပ်ထဲ ထည့်လိုက်ပါ။ ပြီးရင် ဝက်နံရိုးပေါင်းကို ဘာဘီကျူဆော့စ်နဲ့ သုတ်ပေးလိုက်ပါ။ ပြီးရင်တော့ နံရိုးတစ်ချောင်းချင်းစီကို ဓားထက်ထက်နဲ့ လှီးထုတ်ပြီး အသင့်စားရုံ ပြင်ဆင်ထားလိုက်ပါ။ ဒါဆိုရင် ဘီယာအေးအေးလေးနဲ့ တွဲဖက်လို့ လိုက်ဖက်မဲ့ ကိုကာကိုလာဝက်နံရိုးပေါင်းလေးကို ရရှိသွားပါပြီ။ ချိုချဉ်စပ်အရသာနဲ့ စားလို့ကောင်းတဲ့ ဝက်နံရိုးလေးကို စိတ်တိုင်းကျ သုံးဆောင်နိုင်ပါပြီ။

Source: Shared Food

Share

Loading Next Article...
က္က