ဒီနေ့မှာတော့ ပုစွန်ချစ်သူတွေအတွက် ပုစွန်ဟင်းချက်နည်းကောင်းလေး တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ အဲဒါကတော့ အိန္ဒိယစတိုင်လ် ပုစွန်အုန်းနို့ဟင်းပါပဲ။ ပုစွန်အရသာ ချိုချိုလေးကြားမှာ အုန်းနို့အရသာ စိမ့်စိမ့်လေးနဲ့ မွှေးမွှေးလေး ရောယှက်နေပြီး ထမင်းပူပူလေးနဲ့ တွဲစားလိုက်ရရင်တော့ လိုက်ပွဲတောင် လောက်မှာမဟုတ်ပါဘူးနော်။



ပါဝင်ပစ္စည်းများ

Goan-Prawn-Curry-with-Coconut-Ambot-Tik-3.jpg 

ပုစွန်ဆိတ် အကောင်ခပ်ကြီးကြီး အကောင် (၂၀) ခန့်၊ ငရုပ်သီးခြောက် (၁၀) တောင့်၊ ကြက်သွန်ဖြူ (၆) တောင့်၊ ငရုပ်ကောင်းစေ့ လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ နံနံပင်စေ့ (၁) ဇွန်း၊ ဇီရာစေ့ (၁) ဇွန်း၊ မန်ကျည်းသီးမှည့်အနှစ် လက်တစ်ဆုပ်စာခန့်၊ နနွင်းမှုန့် (၁) ဇွန်း၊ အုန်းသီးမှုန့် (၁/၂) ခွက်၊ အုန်းနို့ (၁) ခွက် တို့ကို လိုအပ်ပါတယ်။ ဟင်းအနှစ်အတွက်ကတော့ စားအုန်းဆီ စားပွဲတင်ဇွန်း (၂) ဇွန်း၊ ဂျင်းထောင်း (၁) ဇွန်း၊ ကြက်သွန်နီ (၁/၂) ခွက်၊ ခရမ်းချဉ်သီးအနှစ် (၁/၂) ခွက်၊ ဆားအနည်းငယ်၊ ဟင်းမွှေးရွက် (၈) ရွက်ခန့်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Goan-Prawn-Curry-with-Coconut-Ambot-Tik-1.jpg 

တကယ်လို့ လတ်လတ်ဆတ်ဆတ် ပုစွန်ကိုသုံးတယ်ဆိုရင် အကြေးခွံခွာ၊ ခေါင်းဖြတ်ပြီး ရေနဲ့စင်ကြယ်အောင် ဆေးကြောပေးလိုက်ပါ။ ဒါမှမဟုတ် ရယ်ဒီမိတ်ပုစွန်ကို သုံးတယ်ဆိုရင်တော့ ရေထဲမှာ (၁၅) မိနစ်ခန့်စိမ်ပြီး ရေခဲရိုက်သား အခြေအနေကနေ စားလို့အဆင်ပြေတဲ့အထိ ပြုလုပ်ပေးလိုက်ပါ။

ငရုပ်သီးခြောက် (၁၀) တောင့်၊ ကြက်သွန်ဖြူ (၆) တောင့်၊ ငရုပ်ကောင်းစေ့ လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ နံနံပင်စေ့ (၁) ဇွန်း၊ ဇီရာစေ့ (၁) ဇွန်း၊ မန်ကျည်းသီးမှည့်အနှစ် လက်တစ်ဆုပ်စာခန့်၊ နနွင်းမှုန့် (၁) ဇွန်း၊ အုန်းသီးမှုန့် (၁/၂) ခွက်၊ အုန်းနို့ (၁) ခွက်တို့ကို မွှေစက် (Blender) ထဲမှာ ထည့်မွှေပြီး ချောမွေ့တဲ့အနှစ်လေး ရသည်အထိ မွှေပေးလိုက်ပါ။ ပြီးရင် ဘေးခဏဖယ်ထားပေးလိုက်ပါ။

 

ဒယ်အိုးပြားတစ်လုံးထဲမှာတော့ စားအုန်းဆီရယ်၊ ဂျင်းနဲ့ကြက်သွန်နီရယ်ကိုထည့်ပြီး ဆီသတ်ပေးလိုက်ပါ။ ကြက်သွန်နီ ဆီသတ်ပြီးပြီဆိုရင် ခရမ်းချဉ်သီးအနှစ်ကိုထည့်ပြီး (၅) မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။ ပြီးရင် ခုနက မွှေစက်ထဲထည့်မွှေထားတဲ့ ဟင်းအနှစ်ကို ဒယ်အိုးထဲထည့်ပေးလိုက်ပါ။ ဆားလိုအပ်သလောက်ထည့်ပြီး သစ်သားယောက်မနဲ့ မွှေပေးလိုက်ပါ။ ပြီးရင် မီးအပူချိန်ကိုလျှော့ပြီး (၁၀) မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။

(၁၀) မိနစ်ပြည့်ရင်တော့ ပုစွန်ဆိတ်လေးတွေကို ဟင်းအိုးထဲထည့်ပြီး (၈) မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။ ပြီးရင် အပေါ်ကနေ ဟင်းမွှေးရွက်နည်းနည်း အုပ်ပေးလိုက်ပါ။ ပြီးရင်တော့ ထမင်းပူပူအပေါ်ကနေ ပုစွန်ဟင်းလေးဆမ်းပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီနော်။

Source: Myfoodstory


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က