AD
AD
AD

ဒီနေ့မှာတော့ အမေရိကန်အစားအစာလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးပါရစေ။ အမေရိကန်နိုင်ငံ၊ ဒန်ဗာမြို့က နယ်ခံအစားအစာ တစ်မျိုးဖြစ်ပြီး စားလို့အရမ်းကောင်းတဲ့ အစားအစာလေး တစ်မျိုးပါ။ အဲဒါကတော့ ကြက်ဥဝက်ပေါင်ခြောက်မုန့်လေးပါပဲ။ မုန့်ဖို (Oven) တစ်လုံးရှိတာနဲ့ ချက်ပြုတ်နိုင်ပြီး ပူပူနွေးနွေးလေးကို ဆော့စ်လေးနဲ့ တို့စားရင် အရမ်းကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

play
 

ထောပတ် (၁) ဇွန်း၊ သံလွင်ဆီ (၁) ဇွန်း၊ ကြက်သွန်ဖြူထောင်း (၁/၂) ဇွန်း၊ ဂျင်းမှုန့် (၁) ဇွန်း၊ မှို (၈) ပွင့်ခန့်၊ အနီရောင် ငရုပ်ပွသီး (၁) လုံး၊ အစိမ်းရောင် ငရုပ်ပွသီး (၁) လုံး၊ ကြက်သွန်နီ (၁) လုံး၊ ဝက်ပေါင်ခြောက် (၅) ချပ်ခန့်၊ ဆားအနည်းငယ်၊ ငရုပ်ကောင်းမှုန့် အနည်းငယ်၊ ကြက်ဥ (၈) လုံး၊ Sriracha ဆော့စ် စားပွဲတင်ဇွန်း (၁) ဇွန်း တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

play
 

Oven (မုန့်ဖို) ကို ၂၀၀ ဒီဂရီဆဲလ်စီးယပ်စ် အပူချိန်မှာ ကြိုတင်အပူပေးလိုက်ပါ။ ထောပတ်နဲ့ သံလွင်ဆီကို ဒယ်အိုးပြားတစ်လုံးထဲမှာ အပူပေးလိုက်ပြီး ဂျင်းနဲ့ ကြက်သွန်ဖြူကို ဆီသတ်ပေးလိုက်ပါ။ တစ်မိနစ်လောက်ကြာရင်တော့ အတုံးလေးတွေလှီးထားတဲ့ မှိုဖတ်လေးတွေကို ထည့်ပေးလိုက်ပြီး (၃) (၄) မိနစ်ခန့် မွှေကြော်ကြော်ပေးလိုက်ပါ။

ပြီးရင် လက်မဝက်အရွယ် အတုံးလေးတွေဖြစ်အောင် လှီးထားတဲ့ ငရုပ်ပွသီးတွေနဲ့ ကြက်သွန်နီတွေကို ထည့်ပြီး (၃) မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ပြီးရင် ဆားနဲ့ ငရုပ်ကောင်းမှုန့်ထည့်ပြီး နောက်ထပ် (၂) မိနစ်ခန့် မွှေကြော်ကြော်ပေးလိုက်ပါ။  (၂) မိနစ်ပြည့်ရင်တော့ ပါးပါးလှီးထားတဲ့ ဝက်ပေါင်ခြောက်ပြားတွေကိုပါ ထည့်ပြီးကြော်ပေးလိုက်ပါ။

play

 

ပန်းကန်လုံး နောက်တစ်လုံးထဲမှာတော့ ကြက်ဥ (၈) လုံးကို ခလောက်ထားတာရယ်၊ Sriracha ဆော့စ် စားပွဲတင်ဇွန်း (၁) ဇွန်းရယ်၊ ဆားနဲ့ ငရုပ်ကောင်းမှုန့်ရယ်ကို ရောသမမွှေပေးလိုက်ပြီး ဘေးခနဖယ်ထားလိုက်ပါ။

play

မုန့်ဖုတ်လင်ပန်းတစ်လုံးကို ဆီပါးပါးလေး သုတ်ထားပေးထားလိုက်ပါ။ ပြီးရင် ဟင်းသီးဟင်းရွက်နဲ့ ဝက်ပေါင်ခြောက်အရောကို မုန့်ဖုတ်လင်ပန်းထဲ လောင်းထည့်ပေးလိုက်ပါ။ ပြီးမှ သူ့အပေါ်က ကြက်ဥအနှစ်ကို လောင်းထည့်ပေးလိုက်ပါ။ ချိစ်လေးနည်းနည်း အပေါ်က ထပ်ဖြူးချင် ဖြူးလိုက်ပါဦး။ ပြီးတာနဲ့ မုန့်ဖုတ်မီးဖို (oven) ထဲထည့်ပြီး မိနစ် (၃၀) ခန့် မီးဖုတ်ပေးလိုက်ပါ။ အပေါ်ယံသားလေး ရွှေအိုရောင်သမ်းသွားပြီဆိုရင် အမေရိကန် ကြက်ဥဝက်ပေါင်ခြောက်မုန့်လေး ရရှိပါပြီ။ လေးထောင့်တုံးပုံစံ လှီးဖြတ်ပြီးရင် စိတ်တိုင်းကျသုံးဆောင်နိုင်ပါပြီနော်။

Source: Myfoodstory

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD