AD
AD
AD

နာမည်ကျော် YKKO ကြေးအိုးဆိုင်မှာ သွားရောက်စားသုံးခဲ့တဲ့ စားသုံးသူတစ်ယောက်က သူစားတဲ့ကြေးအိုးထဲမှာ သံချောင်းပါတဲ့အကြောင်းတင်လိုက်တဲ့ ပို့စ်က လူမှုကွန်ယက်မှာ တော်တော်လေးပျံ့နှံ့ခဲ့ပါတယ်။

play
Nadi Kyaw Facebook

 

မနဒီကျော်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က ပြည်သူ့ဥယျာဉ်ထဲမှာရှိတဲ့ YKKO ဆိုင်ခွဲမှာ သွားစားတုန်းက ကြေးဆိုးစားနေတုန်း သံဝိုင်ယာကြိုးနဲ့တူတဲ့ သံချောင်းနှစ်ချောင်း လည်ချောင်းထဲမှာ စူးမိတာကြောင့် ဆိုင်ကို မန်နေဂျာကို ပြောတဲ့အခါမှာ မန်နေဂျာကနေ တောင်းပန်ပေမယ့် ကျသင့်ငွေကို လက်ခံယူခဲ့တယ်လို့ သိရပါတယ်။

play

 

ဒီကိစ္စနဲ့ပတ်သက်လို့ YKKO ကိုမေးကြည့်တဲ့အခါမှာ ကာယကံရှင်ကို ဆက်သွယ်ထားတယ်၊ လောလောဆယ်မှာ ပြောလို့မရသေးဘူးလို့ ပြောပါတယ်။

“ကျွန်မတို့ဘက်က customer ကိုသေသေချာချာတောင်းပန်နေပါတယ်။ အရင်တုန်းကလည်း ဒီလိုမျိုးကိစ္စတွေဖြစ်လာရင် တစ်ခုမှကျော်မသွားပဲ customer ကျေနပ်တဲ့အထိ အမြဲတမ်းတာဝန်ယူနေကြပါ။” လို့ YKKO က Marketing Executive မစန်းသီတာ ကပြောပါတယ်။

ဒီအဖြစ်နဲ့ပတ်သက်လို့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ အချင်းချင်း အပြန်အလှန်သတိပေးတဲ့ ပို့်စ် နှစ်ထောင်ကျော်ရှိခဲ့ပြီး၊ အရင်ကလည်း ဒီလို အဖြစ်မျိုးတွေရှိခဲ့ကြောင်း ပြောတာကို တွေ့ရပါတယ်။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD