ဒီနည်းအတိုင်းစားရင် များများစားနိုင်မယ်၊ ကျန်းမာရေးလည်းမထိခိုက်ဘူး

လက်ထဲ ပိုက်ဆံရှိလာရင် စားဖို့လောက်ပဲ တွေးနေတဲ့ ကိုယ်လိုလူတွေအတွက် သိထားတာလေးတွေ share လိုက်ဦးမယ်။ အစားဆို နည်းနည်း နည်းနည်းနဲ့ အစုံအစိ အများကြီးစားချင်တဲ့လူတွေအတွက် ဘူဖေးစားနည်းလေးတွေ ပြောမလို့ပါ။ ဘူဖေးဆိုင်တွေကလည်း အများကြီးပဲဆိုတော့ ထမင်းပဲဖြစ်ဖြစ်၊ ဟော့ပေါ့အကင်၊ ဆူရှိ ဘာကိုပဲ အဝစားစား ဘူဖေးဆိုင် သွားတော့မယ်ဆို ဒါလေးတွေဖတ်လိုက်ဦးနော်။ များများစားပြီး ကျန်းမာရေးလေးလည်း မထိခိုက်ရအောင်ပေါ့။



 

၁။ ရေသောက်

ညနေ ဘူဖေးသွားစားမယ် ကြံထားရင် တစ်နေကုန် ရေပိုသောက်ထားရတယ်သိလား။ အစာအိမ် ပိုကျယ်သွားအောင်လေ။ အစာအိမ်လေ့ကျင့်ခန်းဆိုလည်း မမှားဘူး။

၂။ အစာအိမ်ကိုပြင်ဆင်

အသားတို့ ပင်လယ်စာတို့လို အစာခြေရခက်တာတွေကို အရင်ဆုံး မစားပါနဲ့။ အစာကြေလွယ်မယ့် ခပ်ပျော့ပျော့အစာတွေကို နည်းနည်းလောက်အရင်စားပြီး အစာအိမ်ကို ပြင်ဆင်ပါ။ အသားတစ်ပန်းကန်လောက်စားပြီး ဗိုက်အင့်သွားရင် မတန်ဘူး။ ခေါက်ဆွဲတွေ ထမင်းတွေလည်း မစားနဲ့။ တစ်ခါမှမစားဖူးတဲ့ဟာလောက်ကို နည်းနည်းလောက်ယူမြည်းဖို့လည်း အကြံပေးလိုက်တယ်နော်။

၃။ တစ်ထိုင်တည်းမစားနဲ့

ခဏခဏ ထယူရမှာ မရှက်နဲ့သိလား။ ထိုင်လိုက် ထလိုက် လမ်းလေးပတ်လျှောက်လိုက်တော့ အစာအိမ်ပိုကျယ်သွားပြီး ပိုစားနိုင်သွားမယ်။ တစ်ခါတည်း အများကြီးယူလာပြီး မကုန်လို့ ပိုက်ဆံပြန်ပေးနေရတာမျိုးလည်း မဖြစ်ရအောင်လေ။

၄။ ရွေးပါ

gallery-harvest-buffet-entree.jpg 

အကုန်လျှောက်ယူမယ့်အစား ပထမဆုံး ဘာတွေစားရမလဲဆိုတာ အရင်ကြည့်ထားလိုက်။ နောက်တော့မှ ကိုယ်စားချင်တာတွေ ပန်းကန်ထဲထည့်တာ ပိုကောင်းပါတယ်။ ပန်းကန်ထဲမှာ လျှံမနေတော့ဘူးပေါ့။

၅။ ဖြည်းဖြည်းချင်းစား

အချိန်မကန့်သတ်ထားတဲ့ ဆိုင်တွေမှာဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ အချိန်ကန့်သတ်ထားတဲ့ ဆိုင်တွေမှာ ဆိုရင်လည်း အနည်းဆုံး တစ်နာရီခွဲ အချိန်ပေးထားတော့ စားလို့လောက်မှာပါ။ အစားကို အလောတကြီးမစားဘဲ ဖြည်းဖြည်းချင်းစားတာ အကောင်းဆုံးပါ။ ကိုယ့်ကျန်းမာရေးက အဓိကပဲလေ။

၆။ နောက်တစ်ကျော့

ပထမတစ်ခေါက် ယူထားတာတွေ စားလို့ ဗိုက်အင့်သလိုလိုဖြစ်လာပြီ၊ ကုန်လည်းကုန်သွားပြီဆိုရင် နောက်တစ်ကျော့ ထပ်ရွေးပါ။ ကိုယ်တိုင်ထပြီး ရွေးပါ။ ထလိုက်တော့ ရင်ပြည့်နေတာသက်သာသွားမယ်။ နောက်တစ်ခေါက်ထပ်ဆွဲလို့ရမယ်။

၇။ ဗိုက်ပြည့်သွားပြီဆိုရင်

best-buffet-in-macau-1200.jpg 

အချိုပွဲချိန် ရောက်လာပြီ။ ရေခဲမုန့်လေး သစ်သီးလေးတွေ ယူစားလိုက်တော့နော်။ သကြားပါတဲ့ အချိုရည်တွေကို မသောက်တာအကောင်းဆုံးပါပဲ။ ကိုယ်စားထားတာထက်တောင် ကယ်လိုရီပိုတက်မယ့် အချိုရည်တွေကမှ ကျန်းမာရေးကို တကယ်ထိခိုက်စေမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က