တူကို ပန်းကန်လုံးထဲစိုက်ထားတာမျိုးကို ဂျပန်တွေက လုံးဝ သဘောမကျကြပါဘူး။

နိုင်ငံတိုင်းမှာ ယဉ်ကျေးမှု၊ ရိုးရာဓလေ့တွေ ကိုယ်စီ ကျင့်သုံးကြပါတယ်။ မြန်မာနိုင်ငံမှာလည်း မြန်မာ့ရိုးရာဓလေ့တွေ ရှိသလိုပေါ့။ နိုင်ငံအသီးသီးက အစားအသောက်နဲ့ဆိုင်တဲ့ စိတ်ဝင်စား မှတ်သားစရာ ဓလေ့တွေကို ဖော်ပြလိုက်ပါတယ်နော်။

၁။ ဂျပန်

japan.jpg 

ဂျပန်တွေကလည်း အစာစားရင် တူကို အဓိက သုံးကြပါတယ်။ တူကို ပန်းကန်လုံးထဲစိုက်ထားတာမျိုးကို လုံးဝ သဘောမကျကြပါဘူး။ ဘာလို့လဲဆိုတော့ ဒီအပြုအမူကို ဈာပနတွေမှာပဲသုံးလို့ပါ။ ဟင်းရည်ပန်းကန်လုံးကို လက်နဲ့ကိုင်ပြီး အသံမြည်အောင်စုပ်သောက်ပြရင်တော့ စားဖိုမှူးကို ချီးကျူးရာရောက်ပါသတဲ့။

၂။ ကိုရီးယား

ဗိုက်ဘယ်လောက်ဆာဆာ အောင့်ထားဦး။ ထမင်းဝိုင်းမှာ အသက်အကြီးဆုံးလူက မစားရသေးဘဲနဲ့ ကိုယ်က အရင်ဦးအောင်စားရင် ရိုင်းရာကျတယ်။ ဒါက မြန်မာတွေရဲ့ဓလေ့နဲ့လည်း ဆင်တယ်နော်။ ကိုယ့်ထက်အသက်ကြီးတဲ့လူက အရက်တိုက်ရင် လက်နှစ်ဖက်နဲ့ခံယူရတယ်။ လက်တစ်ဖက်တည်းကို မသုံးရပါဘူး။ ပြီးရင် ခွက်ကိုမြှောက်ပြီးမှသောက်ပါ။

၃။ ပေါ်တူဂီ

PORTUGAL-When-at-a-restaurant-in-Portugal-dont-ask-for-salt-and-pepper-if-it-isnt-already-on-the-table-Asking-for-the-seasonings-is-seen-as-an-insult-to-the-cook-.jpg 

ထမင်းဝိုင်းမှာ ဆားနဲ့ ငြုပ်ကောင်းမှုန့်ကို ပေးပါဦးလို့ မတောင်းပါနဲ့။ သူတို့လက်ရာမကောင်းလို့ အရသာတွေထပ်ဖြည့်တယ်လို့ အိမ်ရှင်က ယူဆသွားလိမ့်မယ်။ တချို့အိမ်ရှင်တွေဆို စားပွဲပေါ်မှာ ဆားနဲ့ငြုပ်ကောင်းကို တင်တောင်မထားဘူး။

၄။ ရုရှား

ရုရှားတစ်ယောက်ကများ သင့်ကို သောက်စရာတစ်ခွက်လောက် ပေးလာခဲ့ရင် မငြင်းရဘူး။ သူတို့က ယုံကြည်မှုနဲ့ ခင်မင်ရင်းနှီးမှုရှိမှ အရက်အတူသောက်ဖို့ပြောတာပါ။ ငြင်းလိုက်ရင် သူ့ကို မခင်ဘူး၊ မယုံဘူးလို့ ပြောလိုက်သလိုပဲ။

၅။ အိန္ဒိယနဲ့ အာရှအနောက်ပိုင်း

eat with hands.jpg 

စားစရာကို ညာလက်နဲ့ပဲစားပါ။ ဘယ်လက်နဲ့စားတာကို ရွံစရာလို့ မြင်ကြတယ်။ ဘာလို့လဲဆိုတော့ ဘယ်လက်က အိမ်သာသွားပြီးရင် သန့်စင်ဖို့ အသုံးပြုကြလို့ပါ။

၆။ ထိုင်း

စားစရာကို ခက်ရင်းနဲ့ထိုးပြီး ပါးစပ်ထဲတိုက်ရိုက်ထည့်စားရင် ရိုင်းတာပဲတဲ့။ ခက်ရင်းနဲ့ထိုးပြီးရင် ဇွန်းထဲပြောင်းထည့်ပြီး စားတာကို ထိုင်းတွေက သဘောကျကြပါတယ်။

၇။ မြောက်အာဖရိကနဲ့အရှေ့အာရှ

l_15_arab-coffee-FDL-042.jpg 

အာရပ်လူမျိုးတွေနဲ့ ကော်ဖီအတူသောက်တယ်ဆိုရင် ကော်ဖီတော်ပြီဆို ခွက်ကိုလှုပ်ပြလိုက်ပါ။ မဟုတ်ရင် ထပ်ဖြည့်ပေးနေကြပါလိမ့်မယ်။

Source : Million Recipes

Share

Loading Next Article...
က္က