ရင်အေးပြီး စားရတာ ခံတွင်းလိုက်မှာပါ။

ရေဓာတ်ပါဝင်မှု မြင့်မားပြီး ကယ်လိုရီ မပါသလောက်နည်းတဲ့ သခွားသီးဟာ နွေရာသီမှာ စားလို့အကောင်းဆုံးပါပဲ။ ဂျိုးဂျိုးဂျွတ်ဂျွတ် ကိုက်ဝါးပြီး မျိုချလိုက်ရင် ရင်ထဲမှာ အေးနေရောလေ။ ရင်အေးစေမယ့် သခွားသီးကို အသုပ်လေးလည်းလုပ်စားလို့ရတာပဲ။



 

သခွားသီးသုပ် လုပ်စားမယ်ဆိုရင် သခွားသီးစိမ်းစိမ်းကျစ်ကျစ်လေးရွေးပါ။ ဝါပြီးပွနေရင် အသုပ်လုပ်စားလို့မကောင်းဘူး။ သံလွင်ဆီ၊ apple cider vinegar ၊ ကြက်သွန်မြိတ်၊ ငြုပ်ကောင်းမှုန့်၊ သကြား၊ ဆားတို့ပဲ လိုပါတယ်။ အဆိမ့်ကြိုက်ရင်တော့ မြေပဲ/နှမ်း ဖြူးပြီးစားလို့ရတယ်။

 

သခွားသီးတွေကို ပါးပါးလှီးပြီး အရသာတွေထည့်ကာ နယ်ပေးရုံပဲပေါ့။ သံပရာသီးမသုံးဘဲ ပန်းသီးအရက်ရှာလကာရည်ကို သုံးတာက အနံ့အရသာကို ပိုကောင်းစေတယ်လေ။

 

ပူရှိန်းရှိန်း အေးအေးလေးနဲ့ စားလို့ကောင်းပါတယ်။ ကြက်သွန်မြိတ်လေးတွေကိုတော့ ပါးပါးလှီးထည့်ပေါ့။ တချို့ကတော့ ပူစီနံကို အစားထိုး သုံးကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က