Bibimbap (ကိုရီးယားထမင်းသုပ်) ဟာဆိုရင် CNN Travel ရဲ့ ကမ္ဘာ့အကောင်းဆုံး အစားအသောက် (၅၀) မှာ နံပါတ် (၄၀) ချိတ်ထားတာဖြစ်ပါတယ်။

အိမ်မှုကိစ္စနိုင်နင်းတယ်ဆိုတာ ဒီခေတ်ကြီးထဲမှာ လူတိုင်းအတွက် လိုအပ်တဲ့အရည်အချင်းတစ်ခုပါ။ ဒါလေးတွေ တတ်ထားရင် အနည်းဆုံးတော့ အားလပ်ရက်မှာ ကိုယ်စားချင်တာကို ချက်စားလို့ရတာပေါ့။ ကိုရီးယား အစားအစာတွေကိုမှ နှစ်သက်တယ် ဆိုရင်တော့ ကိုရီးယားနိုင်ငံရဲ့ အခြေခံအစားအစာတစ်မျိုးဖြစ်တဲ့ bibimbap (ကိုရီးယားထမင်းသုပ်) လုပ်နည်းကို ဖော်ပြပေး လိုက်ပါတယ်နော်။ Bibimbap (ကိုရီးယားထမင်းသုပ်) ဟာဆိုရင် CNN Travel ရဲ့ ကမ္ဘာ့အကောင်းဆုံး အစားအသောက် (၅၀) မှာ နံပါတ် (၄၀) ချိတ်ထားတာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ingredients-485x317.jpg 

ပါဝင်ပစ္စည်းတွေကတော့ ထမင်းဖြူနှစ်ပန်းကန်၊ သခွားဖရုံသီးတစ်လုံး၊ မုန်လာဥနီတစ်ခြမ်း၊ မှို (၄) ပွင့်၊ အမဲသား (သို့) ဝက်သား (၁၀၀) ဂရမ်၊ ကြက်ဥ (၂) လုံး၊ ပဲငံပြာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ငရုပ်ကောင်းမှုန့်အနည်းငယ်၊ ကိုရီးယား ငရုပ်သီးအနှစ် လက်ဖက်ရည်ဇွန်း (၃) ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ နှမ်းစေ့အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

bibimbap-zoom-in2-copy-580x386.jpg 

အရင်ဆုံး မုန်လာဥနီရယ်၊ သခွားဖရုံသီးရယ်၊ မှိုရယ်ကို (၆) စင်တီမီတာအရွယ် အမြှောင်းလေးတွေဖြစ်အောင် လှီးပေးလိုက်ပါ။ ပြီးရင်တော့ ဝက်သား (ဝက်သားမစားရင် ဒီနေရာမှာ အမဲသားကို အစားထိုး အသုံးပြုနိုင်ပါတယ်) (၅၀) ဂရမ်ကို (၆) စင်တီမီတာ အရွယ် အမြှောင်းလေးတွေဖြစ်အောင် လှီးပေးလိုက်ပါ။ ကျန်တဲ့ (၅၀) ဂရမ်ကိုတော့ နုတ်နုတ်စင်းပေးလိုက်ပါ။

 

ပဲငံပြာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ နှမ်းစေ့နဲ့ ငရုပ်ကောင်းမှုန့်တို့ကိုတော့ ပန်းကန်လုံးလေး တစ်လုံးထဲမှာ ရောထားပေးလိုက်ပါ။ ရောပြီးပြီဆိုတော့မှ ပန်းကန်လုံးနှစ်လုံးထဲမှာခွဲပြီး ခုနက အသားအမြှောင်းလေးတွေနဲ့ မှိုဖတ်လေးတွေကို တစ်ခွက်စီမှာခွဲပြီး စိမ်ထားပေးလိုက်ပါ။

 

ဒယ်အိုးပြားတစ်လုံးထဲမှာ ဆီအပူပေးထားပြီးမှ ကြက်ဥကို အကာသက်သက်၊ အနှစ်သက်သက် ခွဲကြော်ပေးလိုက်ပါ။ ကြက်ဥကြော် အကာသက်သက်၊ အနှစ်သက်သက် ကျက်သွားပြီဆိုတော့မှ ထုံးစံအတိုင်း အမြှောင်းလေးတွေဖြစ်အောင် လှီးပေးလိုက်ပါ။ ပြီးရင်တော့ ဒယ်အိုးကို ဆီအပူပြန်ပေးပြီး ကျန်နေသေးတဲ့ ပါဝင်ပစ္စည်းအားလုံးကို တစ်မျိုးစီကြော်ပေးလိုက်ပါ။ ဆိုလိုတာက မုန်လာဥနီကို သက်သက်ကြော်၊ သခွားသီးကို သက်သက်ကြော်၊ အသားနဲ့ မှိုကို သက်သက်ကြော်ရမှာပါ။ သခွားသီးနဲ့ မှိုကိုတော့ အချိန်ခနလေးပဲ မီးအပူပေးဖို့လိုပါတယ်။

 

ပြီးရင်တော့ ဒယ်အိုးကို ဆီပူပြန်ပေးပြီး အစောပိုင်းတုန်းက နုတ်နုတ်စင်းထားတဲ့ အသားတွေကို ထည့်ကြော်ပေးလိုက်ပါ။ အသားတွေ အရမ်းကြီးကျက်မသွားအောင်တော့ သတိထားဖို့လိုပါတယ်။ မိနစ်ပိုင်းလောက်ကြာရင် ကိုရီးယား ငရုပ်သီးအနှစ် လက်ဖက်ရည်ဇွန်း (၃) ဇွန်းနဲ့ ရေအနည်းငယ်တို့ကို အသားအိုးထဲ ရောထည့်ပြီး ပျစ်လာသည်အထိ မွှေပေးနေလိုက်ပါ။

 

ဒါပြီးရင်တော့ bibimbap (ကိုရီးယားထမင်းသုပ်) ကို တည်ခင်းဖို့ အချိန်ကျပါပြီ။ အရင်ဆုံး ပန်းကန်လုံး (အကြီး) တစ်လုံးထဲမှာ ထမင်းခူးထည့်လိုက်ပါ။ ပြီးရင်တော့ ပုံပါအတိုင်း ပါဝင်ပစ္စည်းအားလုံးကို လှလှပပလေး လိုက်စီလိုက်ပါ။ ပူပူနွေးနွေး ချက်ထားတဲ့ အနှစ်ကိုတော့ အလည်ကနေ အသာလေးပုံထားပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ bibimbap (ကိုရီးယားထမင်းသုပ်) လေးတစ်ပွဲကို လှလှပပလေး ပြင်ဆင်ဖို့ပြီးပြီဖြစ်လိုု့ အိမ်သားတွေ၊ မိမိချစ်သူခင်သူတွေကို ခေါ်ကြွား/ ခေါ်ကျွေးနိုင်ပါပြီ။

Source: Kfoodaddict

Share

Loading Next Article...
က္က