အရွယ်ငယ်ပေမဲ့ တန်ဖိုးကတော့ မနည်းလှပါဘူး။
 

Bugatti ဆိုတာနဲ့ တောက်ပတဲ့အရောင်၊ ခမ်းနားတဲ့ အပြင်အဆင်နဲ့ အဆင့်မြင့်ဇိမ်ခံကားတွေရဲ့ အမှတ်တံဆိပ်မှန်း သိကြမှာပါ။ ကမ္ဘာကျော် ပြင်သစ်ကားကုမ္ပဏီက နောက်ထပ် ခြေလှမ်းသစ်တစ်ခု စတင်လိုက်ပါတယ်။ မြေပြင်မှာ မောင်းနှင်ရတဲ့ တန်ဖိုးကြီးဇိမ်ခံကားတွေအပြင် ရေပြင်မှာပါ ဇိမ်ခံမောင်းနှင်နိုင်မယ့် သင်္ဘောအငယ်စားတစ်မျိုးကို မိတ်ဆက်လိုက်တာပါ။

 

Bugatti Niniette 66 လို့ အမည်ပေးထားတဲ့ ဇိမ်ခံသင်္ဘောငယ်ဟာ အလျား ၆၆ ပေ ရှည်လျားပြီး ပေါင်စတာလင် ၂.၁ သန်းတန် Chiron ကားရဲ့ ဒီဇိုင်းကို အခြေခံပြီး ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ Chiron ကားဟာ အမြန်နှုန်းအနေနဲ့ တစ်နာရီကို ၂၆၁ မိုင် သွားနိုင်တဲ့ စူပါကားတစ်စီးလည်း ဖြစ်ပါတယ်။

 

နှစ်ထပ်သင်္ဘောငယ် Niniette 66 ကိုတော့ ကာဘွန်ဖိုင်ဘာ၊ စကျင်ကျောက်နဲ့ သားရေထည်တို့ဖြင့် တန်ဆာဆင်ဖွဲ့စည်းထားပါတယ်။ မြန်နှုန်းအနေနဲ့ ရေမိုင် ၄၄ မိုင် သွားလာနိုင်မှာဖြစ်ပြီး ရေကူးကန်ငယ်နဲ့ ရှန်ပိန်ဘား၊ နှစ်ယောက်အိပ်ကုတင် ၊ မီးလှုံဖို့ဖီးဖိုလည်း ပါဝင်ပါသေးတယ်။

 

အရေအတွက်အနေနဲ့ ၆၆ ခု သာ ကန့်သတ်ထုတ်ဝေမှာဖြစ်ပြီး ပထမဆုံးတစ်ခုကို ၂၀၁၈ ခုနှစ် မတ်လမှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။ လူနှစ်ဦးတည်းသာ စီးနင်းနိုင်မယ့် သင်္ဘောငယ်ဟာ တန်ကြေးအနေနဲ့ တစ်စီးကို ပေါင် ၁.၅ သန်းလောက် ပေးရမှာပါ။

Source  & Photos : Daily Mail

Share

Loading Next Article...
က္က