အဝလွန်ရောဂါက ကမ္ဘာပေါ်မှာ အဖြစ်များနေတဲ့ ရောဂါတစ်ခုပါ။ ထိုင်ရာမထ လုပ်ရတဲ့ အလုပ်တွေ ပေါများလာတာနဲ့အမျှ အဝလွန်သူတွေ များပြားလာတာလည်း ဆန်းတော့မဆန်းလှပါဘူး။ တကယ်တော့ အဝလွန်တယ်ဆိုတာ လူမှုရေးအရ၊ ကျန်းမာရေးအရ မကောင်းတဲ့အပြင် နှလုံးရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ Type 2 ဆီးချိုရောဂါတို့နဲ့လည်း ဆက်နွယ်နေနိုင်ပါတယ်။

 

အဝလွန်နေလို့ ဝိတ်ချတော့မယ်ဆိုရင် သေချာတာတစ်ခုကတော့ မိမိနေ့စဉ် စားသောက်နေတဲ့ အစားအစာတွေကို ကယ်လိုရီတွက်ချက် စားသုံးရပါတော့မယ်။ ကယ်လိုရီတွက်ချက်ရတာ အဆင်ပြေနိုင်စေဖို့ ကယ်လိုရီ (၁၀၀) အောက်မှာရှိတဲ့ အစားအစာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ လိမ္မော်သီးဖျော်ရည်

1-11.jpg 

လိမ္မော်သီးဖျော်ရည်တစ်ခွက်မှာ (၄၇) ကယ်လိုရီပဲ ပါဝင်ပါတယ်။ လိမ္မော်သီးဖျော်ရည်ထဲမှာ ဖိုလိတ်ဓာတ်၊ ပိုတက်စီယမ်၊ ဗိုက်တာမင်စီတို့လည်း ကြွယ်ဝစွာပါဝင်ပါသေးတယ်။ ကယ်လိုရီနည်းပါးမှုအပြင် လိမ္မော်သီးဖျော်ရည် သောက်သင့်တဲ့ နောက်ထပ်အကြောင်းရင်း တစ်ခုကတော့ တစ်နေ့တာလုံး တက်ကြွလန်းဆန်းစေနိုင်တဲ့ အာနိသင်ပါပဲ။

၂။ အနက်ရောင်ချောကလက်

2-12.jpg 

ချောကလက်တွေဟာ ကယ်လိုရီများတဲ့ထဲမှာ ပါတယ်ဆိုပေမဲ့ ကိုကိုးမှုန့်စစ်စစ်ကိုပဲ အသုံးပြုပြီး ပြုလုပ်ထားတဲ့ အနက်ရောင် ချောကလက်တွေကတော့ ကယ်လိုရီနည်းပါးပါတယ်။ အနက်ရောင် ချောကလက်ငယ် (၃) တုံးမှာမှ (၉၅) ကယ်လိုရီပဲ ပါဝင်ပါတယ်။ ဒါ့အပြင် အနက်ရောင်ချောကလက်ဟာ စားချင်သောက်ချင်စိတ်ကို ထိန်းညှိပေးခြင်း၊ သွေးတွင်းအချိုဓာတ် လျော့နည်းအောင် လျှော့ချပေးခြင်း၊ စိတ်ခံစားချက် ကောင်းမွန်စေခြင်းတို့ကို ရရှိစေနိုင်ပါတယ်။

၃။ ရက်စ်ဘယ်ရီသီး

3-11.jpg 

ဘယ်ရီသီးနွယ်ဝင် တစ်မျိုးဖြစ်တဲ့ ရက်စ်ဘယ်ရီသီးဟာ ကမ္ဘာပေါ်မှာ ကယ်လိုရီအနည်းပါးဆုံး သီးနှံထဲမှာပါဝင်ပါတယ်။ ရက်စ်ဘယ်ရီသီး တစ်ခွက်မှာမှ (၆၅) ကယ်လိုရီပဲ ပါဝင်ပြီး အမျှင်ဓာတ်၊ အဆီဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ နောက်ပြီး ရက်စ်ဘယ်ရီသီးဟာ အစာချေမှုကိုလည်း ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။

၄။ အယ်လ်မွန်စေ့

4-10.jpg 

အယ်လ်မွန်စေ့ဟာ ဗိုက်တာမင်အီး၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ မဂ္ဂနီစီယမ်တို့ ကြွယ်ဝတဲ့ရင်းမြစ်တွေ ဖြစ်ပါတယ်။ အယ်လ်မွန်စေ့ (၁၃) စေ့ပါတဲ့ အထုပ်တစ်ထုပ်ကို (၉၀) ကယ်လိုရီပဲ ပါဝင်ပါတယ်။ ကြွပ်ရွတဲ့ ဒီအစေ့အဆန်လေးတွေဟာ ခန္ဓာကိုယ်တွင်းက ကိုလက်စ်ထရောလယ်ဗယ်နဲ့ သွေးတွင်းသကြားဓာတ်လယ်ဗယ်ကို လျှော့ချပေးနိုင်ပြီး နှလုံးနဲ့ဆီးချိုရောဂါ အန္တရာယ်ကို ကာကွယ်နိုင်ပါတယ်။

၅။ ကြက်ဥပြုတ်

5-12.jpg 

ကြက်ဥပြုတ်တစ်လုံးကို နေ့စဉ်စားပေးခြင်းက အာဟာရပြည့်ဝစေသလိုလည်း ကယ်လိုရီလည်း ကျစေတယ်ဆိုတာက မမှားပါဘူး။ ကြက်ဥပြုတ် တစ်လုံးမှာ (၇၀) ကယ်လိုရီခန့်ပဲပါဝင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ပရိုတိန်းဓာတ်ကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။

၆။ ပန်းသီး

6-13.jpg 

အလတ်စားပန်းသီးတစ်လုံးမှာ ရေဓာတ် (၈၅) ရာခိုင်နှုန်းပါဝင်ပြီး အမျှင်ဓာတ်အထူးကြွယ်ဝပါတယ်။ နောက်ပြီး (၇၀) ကယ်လိုရီခန့်ပဲ ပါဝင်တဲ့အတွက် ဝိတ်လျှော့ခြင်းမှာ ကြီးမားစွာ အထောက်အကူပေးနိုင်ပါတယ်။

၇။ ငှက်ပျောသီး

9-9.jpg 

ငှက်ပျောသီးတစ်လုံးမှာ (၈၉) ကယ်လိုရီပါဝင်တဲ့အတွက် တခြားသစ်သီးတွေနဲ့စာရင် ကယ်လိုရီနည်းနည်းလေး ပိုများတယ်လို့တော့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ တစ်နေ့ကို ငှက်ပျောသီးတစ်လုံး စားပေးဖို့တော့ မမေ့ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ငှက်ပျောသီးဟာ ကယ်လိုရီနည်းပါးရုံသာမက ခန္ဓာကိုယ်ကိုလည်း ခွန်အားတိုးစေနိုင်လို့ပါပဲ။

Source: Youngisrthan

Share

Loading Next Article...
က္က