ယောကျ်ားတို့ တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရဿ ( ၁၈) ရပ်ထဲမှာ Cocktail (အရက်စပ်ခြင်း) ပညာကလည်း တစ်ခုအပါအဝင်ပါပဲ။

ဒီခေတ်ကြီးထဲမှာ ယောကျ်ားတို့ တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရဿ ( ၁၈) ရပ်ထဲမှာ Cocktail (အရက်စပ်ခြင်း) ပညာကလည်း တစ်ခုအပါအဝင်ပါပဲ။ Cocktail ကောင်းကောင်း စပ်တတ်ခြင်းက သင့်ကို ပါတီပွဲတွေမှာ လူကြိုက်များသူတစ်ဦး ဖြစ်စေမှာပါ။ ဒီနေ့မှာတော့ Love Martini ဆိုတဲ့ Cocktail ကောင်းလေးတစ်မျိုး စပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

 

ပါဝင်ပစ္စည်းများ

Malibu Rum (မာလီဘူးရမ်) (ဝ.၈) အောင်စ၊  Peach Schnapps (မက်မွန်သီးအရက်) (ဝ.၈) အောင်စ၊ Citron Vodka (ဗော့ဒ်ကာအရက်) (ဝ.၈) အောင်စ၊ ခရမ်ဘယ်ရီသီးဖျော်ရည် (၄.၅) အောင်စ၊ စတော်ဘယ်ရီသီး (၂) လုံး၊ သံပုရာသီး (၁) စိတ်၊ သကြားအနည်းငယ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

စတော်ဘယ်ရီသီးလေးတွေကို အသဲနှလုံးပုံ ဖော်ဖို့အတွက် ထိပ်ပိုင်းက အရိုးညှာတံကို ဓားဦးချွန်လေးနဲ့ဝိုက်ပြီး လှီးထုတ်လိုက်ပါ။ ပြီးမှ ဓားပါးလေးနဲ့လှီးပြီး အသဲနှလုံးဖြစ်အောင် ဖော်လိုက်ပါ။

 

မာတီနီဖန်ခွက် တစ်လုံးရဲ့ နှုတ်ခမ်းကို သကြားနည်းနည်းနဲ့ အရင်သုတ်လိုက်ပါ။ ပြီးရင် သံပုရာသီးစိတ်လေးနဲ့လည်း ပွတ်ပေးလိုက်ပြီးမှ အဲဒီသံပုရာသီးစိတ်လေးကို ဖန်ခွက်နှုတ်ခမ်းပေါ်မှာ တင်ထားပေးလိုက်ပါ။

 

ပြီးရင် အဲဒီဖန်ခွက်ကို သကြားအပြည့်တင်ထားတဲ့ ပန်းကန်ပြားတစ်ချပ်ပေါ်မှာ မှောက်လျက်တင်ပြီး ဖန်ခွက်နှုတ်ခမ်းကို သကြားလူးပေးလိုက်ပါ။

 

Cocktail shaker ထဲကိုတော့ Malibu Rum (မာလီဘူးရမ်) (ဝ.၈) အောင်စ၊ Peach Schnapps (မက်မွန်သီးအရက်) (ဝ.၈) အောင်စ၊ Citron Vodka (ဗော့ဒ်ကာအရက်) (ဝ.၈) အောင်စ၊ Cranberry သီးဖျော်ရည် (၄.၅) အောင်စ တို့ကို ရေခဲနဲ့ရောပြီး ခလောက်ပေးလိုက်ပါ။ ပြီးရင် အသင့်ပြင်ဆင်ထားတဲ့ ဖန်ခွက်ထဲကို လောင်းထည့်ပေးလိုက်ပါ။

 

Love Martini ဆိုတဲ့ နာမည်လေး အသက်ဝင်လာစေဖို့ အစောပိုင်းတုန်းက လှီးဖြတ်ထားတဲ့ စတော်ဘယ်ရီသီး စိတ်လေးတွေကို ဖန်ခွက်ထဲထည့်ပြီး ဖန်ခွက်နှုတ်ခမ်းမှာလည်း စတော်ဘယ်ရီသီးလေးတစ်လုံး တင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ဘားမှာရောင်းတဲ့ Love Martini လေးကို ကိုယ်တိုင်ပြင်ဆင်လို့ ပြီးပါပြီ။ ချစ်သူ သူငယ်ချင်းတွေကို ဖျော်တိုက်ပြီး စကေးပြလိုက်ပါတော့။

Source: SideChef


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က