Detox ဆိုတာဘာလဲဆိုတော့ Detoxifying drinks (ကိုယ်တွင်းအဆိပ်အတောက် ဖြေဆေး) တွေကို ခေါ်တာဖြစ်ပြီး ရေနဲ့ သစ်သီးဝလံလေးတွေ ပေါင်းစပ်ပြီး သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်းထဲမှာ ရှိတဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာ ဖြစ်ပါတယ်။

Detox ဆိုတာဘာလဲဆိုတော့ Detoxifying drinks (ကိုယ်တွင်းအဆိပ်အတောက် ဖြေဆေး) တွေကို ခေါ်တာဖြစ်ပြီး ရေနဲ့ သစ်သီးဝလံလေးတွေ ပေါင်းစပ်ပြီး သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်းထဲမှာ ရှိတဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာ ဖြစ်ပါတယ်။

Detox တွေကို ဝိတ်ချလိုသူတွေနဲ့ ကိုယ်တွင်းအဆိပ်အတောက်များလို့ ခြေတွေလက်တွေဖောရောင်ခြင်း၊ မျက်စိအားနည်းခြင်း စတဲ့ ဝေဒနာတွေကို ခံစားနေရသူတွေ သောက်သုံးတတ်ကြပါတယ်။ Gym ဆော့ပြီး body building လုပ်နေတဲ့သူတွေလည်း ရေနေရာမှာ အစားထိုးသောက်သင့်ပါတယ်။ ဒီနေ့မှာတော့ သောက်လို့လည်း အဆင်ပြေ၊ လုပ်ရတာလည်း လွယ်လင့်တကူရှိတဲ့ detox လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သံပုရာရည် Detox

DSC_9342-Copy.jpg 

ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကိုပြေပျောက်စေဖို့နဲ့ ဇီဝဖြစ်စဉ်တွေကိုကောင်းမွန်စေဖို့ နေ့စဉ်မနက်စာမစားခင် warm lemon water တစ်ခွက်လောက်သောက်သုံးပေးသင့်ပါတယ်။ Warm Lemon water ဟာကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကျဆင်းခြင်းကိုလည်း အားပေးပါတယ်။ ဒါ့အပြင်အစာခြေစနစ်ကောင်းမွန်စေဖို့လည်း အထောက်အကူပေးပါတယ်။

၂။ ဖရဲသီး Detox

WatermelonMint1.jpg.jpg 

သူ့လောက်လုပ်ရလွယ်ကူတဲ့ Detox water ဖျော်စပ်နည်းတော့မရှိတော့ပါဘူး။ နောက်ပြီး ပူအိုက်တဲ့နေ့တစ်နေ့မှာ သွေးတွင်းသကြားဓာတ် နည်းနေပြီလို့ ခံစားရတဲ့အခါ ဖရဲသီးထက်လူကိုပိုပြီးလန်းဆန်းစေတာ ဘာရှိဦးမလဲ။ ဒီ Detox water ကိုဖျော်စပ်ဖို့ သင်လိုအပ်တာ ဖရဲသီးတစ်ခြမ်းနဲ့ရေပဲလိုပါတယ်။ ရေနဲ့ဖရဲသီးပေါင်းစပ်သွားပြီဆိုရင်တော့ လှပတဲ့အရောင်၊ ချိုမြတဲ့မွှေးရနံ့ရဲ့ အရသာကိုပေါ်လွင်စေတဲ့ဖရဲသီး detox water ကိုရရှိပါပြီ။

၃။ စတော်ဘယ်ရီ ကီဝီ Detox

watermelonkiwi.jpg 

ချိုမြတဲ့အရသာရှိတဲ့ ဒီ Detox water ဟာ သဘာဝလည်းကျပြီး ချိုမြိန်တဲ့အရသာတစ်ခုကို သင်လိုအပ်နေချိန်မှာအသင့်တော်ဆုံးပါပဲ။ ဒီ Detox water လေးက စိတ်ကိုကြည်လင်လန်းဆန်းစေပြီး ရေဓာတ်ပြည့်ဝစေတဲ့ဂုဏ်သတ္တိလည်းရှိပါသေးတယ်။ ဒါ့အပြင် သူ့မှာပါဝင်တဲ့ သံပရိုသီးရဲ့ အဆိပ်အတောက်ပြေပျောက်စေတဲ့ဂုဏ်သတ္တိတွေနဲ့ စတော်ဘယ်ရီသီးနဲ့ ကီဝီသီးကရတဲ့ အာဟာရ ဓာတ်တွေ၊ ဗိုက်တာမင်ဓာတ်တွေနဲ့ သတ္ထုဓာတ်တွေက ခန္ဓာကိုယ်ကိုုကျန်းမာစေပါတယ်။

၄။ Citrus Detox

CItrus+Detox+Water_+My+Diary+of+Us.jpg 

လန်းဆန်းစေတဲ့ ဒီ detox လေးထဲမှာတော့ အချဉ်ဓာတ်ကြွယ်ဝတဲ့ citrus အသီးတွေဖြစ်တဲ့ လိမ္မော်သီး၊ သံပုရာသီး၊ ရှောက်ချိုသီး တို့နဲ့အတူ သခွားသီးစိတ်လေးတွေ၊ ပူစီနံရွက်လေးတွေကို ရောပေးထားပါတယ်။ အထူးသဖြင့် တစ်နေ့တာကုန်ဆုံးချိန်မှာ ကုန်ခမ်းသွားတဲ့ ဗိုက်တာမင်ဓာတ်တွေကို ပြန်ဖြည့်ပေးဖို့အတွက် သောက်ပေးသင့်တဲ့ detox လေးတစ်မျိုးပါ။ ဗိုက်တာမင်စီ၊ ပိုတက်စီယမ်၊ လိုင်ကိုပင်းန်၊ ကယ်လ်ဆီယမ်နဲ့ ဖော့စ်ဖရတ်စ်တို့ ကြွယ်ဝတဲ့အတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရတွေကိုလည်း ပြည့်ဝစေမှာပါ။

Source: Healthyfocus

Share

Loading Next Article...
က္က