ကိုယ်တွင်းအဆိပ်အတောက်တွေကို ပြေပျောက်စေပြီး အဆီကျလှပစေတဲ့ Detox water သောက်ကြမလား သူငယ်ချင်းတို့။

ရေသောက်ခြင်းဟာ ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကိုသန့်ရှင်းပေးနိုင်တဲ့နည်းလမ်းတစ်မျိုးပါပဲ။ ရေထဲကိုပါဝင်ပစ္စည်း အနည်းငယ်ရောလိုက်မယ်ဆိုရင် အဆိပ်အတောက်ပြေပျောက်စေတဲ့ဖြေဆေး (detox water) ကိုရရှိမှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်း ရရှိစေနိုင်မှာပါ။ ဖျော်စပ်ပုံကလည်း ဘာမှခက်ခက်ခဲခဲကြီးမဟုတ်လို့ နေ့စဉ်သောက်သုံးပေးမယ်ဆိုရင် ကိုယ်တွင်း အဆိပ်အတောက်တွေကိုပြေပျောက်စေတဲ့ အကောင်းဆုံးသောက်စရာတစ်မျိုးလည်း ဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ detox water တွေမှာ မတူကွဲပြားတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေတော့ သင်လိုချင်တဲ့ ပန်းတိုင်ကိုလိုက်ပြီး ရွေးချယ်တတ်ဖို့တော့လိုပါတယ်နော်။

သံပုရာရည်နွေးနွေးလေး (Warm Lemon Water)

ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကိုပြေပျောက်စေဖို့နဲ့ ဇီဝဖြစ်စဉ်တွေကိုကောင်းမွန်စေဖို့ နေ့စဉ်မနက်စာမစားခင် warm lemon water တစ်ခွက်လောက်သောက်သုံးပေးသင့်ပါတယ်။ Warm Lemon water ဟာကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကျဆင်းခြင်းကိုလည်း အားပေးပါတယ်။ ဒါ့အပြင်အစာခြေစနစ်ကောင်းမွန်စေဖို့လည်း အထောက်အကူပေးပါတယ်။





ဖရဲသီး Detox water (Watermelon Detox Water)

သူ့လောက်လုပ်ရလွယ်ကူတဲ့ Detox water ဖျော်စပ်နည်းတော့မရှိတော့ပါဘူး။ နောက်ပြီး ပူအိုက်တဲ့နေ့တစ်နေ့မှာ သွေးတွင်းသကြားဓာတ်နည်းနေပြီလို့ခံစားရတဲ့အခါ ဖရဲသီးထက်လူကိုပိုပြီးလန်းဆန်းစေတာ ဘာရှိဦးမလဲ။ ဒီ Detox water ကိုဖျော်စပ်ဖို့ သင်လိုအပ်တာ ဖရဲသီးတစ်ခြမ်းနဲ့ရေပဲလိုပါတယ်။ ရေနဲ့ဖရဲသီးပေါင်းစပ်သွားပြီဆိုရင်တော့ လှပတဲ့အရောင်၊ ချိုမြတဲ့မွှေးရနံ့နဲ့ အရသာကိုပေါ်လွင်စေတဲ့ဖရဲသီး detox water ကိုရရှိပါပြီ။

 



Strawberry Kiwi Detox Water (စတော်ဘယ်ရီ ကီဝီ Detox Water)

ချိုမြတဲ့အရသာရှိတဲ့ ဒီ Detox water ဟာ သဘာဝလည်းကျပြီး ချိုမြိန်တဲ့အရသာတစ်ခုကို သင်လိုအပ်နေချိန်မှာအသင့်တော်ဆုံး ပါပဲ။ ဒီ Detox water လေးက စိတ်ကိုကြည်လင်လန်းဆန်းစေပြီး ရေဓာတ်ပြည့်ဝစေတဲ့ဂုဏ်သတ္တိလည်းရှိပါသေးတယ်။ ဒါ့အပြင် သူ့မှာပါဝင်တဲ့ သံပရိုသီးရဲ့အဆိပ်အတောက်ပြေပျောက်စေတဲ့ဂုဏ်သတ္တိတွေနဲ့ စတော်ဘယ်ရီသီးနဲ့ ကီဝီသီးကရတဲ့ အာဟာရဓာတ်တွေ၊ ဗိုက်တာမင်ဓာတ်တွေနဲ့ သတ္ထုဓာတ်တွေက ခန္ဓာကိုယ်ကိုုကျန်းမာစေပါတယ်။

  



Source: bembu

Share

Loading Next Article...
က္က