Food & Recipe: လွယ်ကူလျင်မြန်တဲ့ detox water ပြုလုပ်နည်းလေးတွေ

ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝစေဖို့နဲ့ ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပစ်ဖို့ detox water (အဆိပ်ဖြေဆေး) လေးတွေကို သောက်ပေးဖို့ လိုပါတယ်။

လူတစ်ယောက်ဟာ တစ်နေ့ကို ရေ (၈) ခွက်ကနေ (၁၂) ခွက် သောက်ဖို့ လိုအပ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ ရေဓာတ်လျော့နည်းနေရင် ဖြစ်လာနိုင်တဲ့ရောဂါတွေက အများကြီးပါပဲ။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝစေဖို့နဲ့ ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပစ်ဖို့ detox water (အဆိပ်ဖြေဆေး) လေးတွေကို သောက်ပေးဖို့ လိုပါတယ်။ အိမ်မှာ လွယ်ကူလျင်မြန်စွာ လုပ်လို့ရတဲ့ Detox water လုပ်နည်းလေးတွေကို သိထားရင် ကိုယ်တိုင်လုပ်သောက်လို့ ရပြီပေါ့။

၁။ ဖရဲသီး detox water

play
 

ဖရဲသီးတစ်ခြမ်းကို အတုံးလေးတွေဖြစ်အောင် တုံးပြီး ဖန်ဘူးတစ်ဘူးထဲ ထည့်လိုက်ပါ။ ပြီးရင် ဖရဲသီးစိတ်လေးတွေထဲကို သံပုရာသီး (၄) စိတ်လောက်ရယ်၊ ပူစီနံရွက် အနည်းငယ်ကို ရောထည့်ပေးလိုက်ပါဦး။ ရေခဲနည်းနည်းထည့်ရောပြီး ရေခဲသေတ္တာထဲမှာ (၂) နာရီလောက် အအေးခံထားလိုက်ရင် သောက်သုံးဖို့ ရယ်ဒီဖြစ်ပါပြီ။ အလုပ်ကိုယူသွားပြီး ရေဆာတိုင်း သောက်ပေးပါ။ ကုန်သွားရင် နောက်တစ်ရေ ရောပြီး သောက်လို့ရပါသေးတယ်။

၂။ သခွားသီး detox water

play
 

သခွားသီးတစ်လုံးကို အရွယ်တူအဝိုင်းလေးတွေဖြစ်အောင် လှီးပေးလိုက်ပါ။ ပြီးရင် စတော်ဘယ်ရီသီး (၅) လုံးခန့်ကိုလည်း ထက်ခြမ်းခြမ်းပြီး ဖန်ပုလင်းတစ်လုံးထဲမှာ သခွားသီးနဲ့ ရောထည့်ပေးလိုက်ပါ။ ပြီးရင် အပေါ်ကနေ ပင်စိမ်းရွက်လေးတွေအုပ်ပြီး ရေခဲ၊ ရေသန့်တို့နဲ့ ရောပေးလိုက်ပါ။ အချိန် (၂) နာရီခန့် ရေခဲသေတ္တာထဲမှာ အအေးခံပြီးရင် သခွားသီး detox water လေးကို ရရှိပါပြီ။

 

၃။ နာနတ်သီး detox water

play
 

မျက်စိထုတ်ပြီး လှီးစိတ်ပြီးသား နာနတ်သီးတစ်ခြမ်းကို အတုံးသေးသေးလေးတွေ ဖြစ်အောင်လှီးပြီး ပူစီနံရွက် (၄) (၅) ရွက်လောက်နဲ့ ရောပေးလိုက်ပါ။ ပြီးရင်တော့ ဖန်ဘူးတစ်ဘူးထဲမှာ ရေခဲ၊ ရေတို့နဲ့ ရောပြီး အအေးခံပေးလိုက်ပါ။ (၂) နာရီလောက်နေရင် နည်းနည်း shake ပေးလိုက်ရင် နာနတ်သီး detox water လေးကို ရရှိပါပြီ။

၎။ Citrus detox water

play
 

ဂရိတ်ဖရုထ်သီးတစ်လုံးရယ်၊ လိမ္မော်သီးတစ်လုံးရယ်၊ ရှောက်သီးတစ်လုံးရယ်၊ သံပုရာသီးတစ်လုံးရယ်ကို ယူပြီး အစိတ်လေးတွေ စိတ်လိုက်ပါ။ ပြီးရင် ဖန်ပုလင်း (၂) လုံးထဲမှာ ခွဲထည့်ပေးလိုက်ပါ။ ရေခဲ၊ ရေ တို့နဲ့ရောပြီး မိနစ် (၃၀) လောက် စိမ်ထားပြီးရင်တော့ အချဉ်စုံ (citrus detox water) လေးကို ရရှိပါပြီ။

Source: instructables

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ