DNA ကိုလိုက်ပြီး ဘယ်လိုဝိုင်အမျိုးအစားကို သောက်သင့်တယ်ဆိုတာကို ဆုံးဖြတ်ပေးနိုင်တယ်ဆိုတာကိုကော သိကြပါသလား။

DNA ဆိုတာကို မျိုးရိုးဗီဇစမ်းသပ်ဖို့နဲ့ ရာဇဝတ်မှုတွေမှာ အသုံးချဖို့ စဉ်းစားခဲ့တာတောင် မကြာသေးပါဘူး။ အခုအချိန်မှာတော့ ခေတ်သစ်နည်းပညာအကူအညီနဲ့ DNA ကိုစစ်ဆေးပြီး အိပ်စက်မှုပုံစံတွေနဲ့ စားသောက်မှုပလန်တွေကိုပါ ခန့်မှန်းဖို့ ကူညီပေးနိုင် နေပါပြီ။ ဒါပေမယ့် DNA ကိုလိုက်ပြီး ဘယ်လိုဝိုင်အမျိုးအစားကို သောက်သင့်တယ်ဆိုတာကို ဆုံးဖြတ်ပေးနိုင်တယ်ဆိုတာကိုကော သိကြပါသလား။

ဝိုင်သောက်သုံးမှုပုံစံပြောင်းလဲလာ

wines.jpg 

Business Insider ရဲ့အဆိုအရဆိုရင် ဒီခေတ်လူငယ်တော်တော်များများဟာ ဝိုင်ကို ဘယ်အစားအသောက်နဲ့ ဘယ်လိုတွဲဖက် စားသုံးသင့်တယ်။ ဘယ်နနှစ်သက်တမ်းရှိတဲ့ ဝိုင်ကို ဘယ်လိုအခမ်းအနားမျိုးမှာ သောက်ရတယ်ဆိုတဲ့ ဓလေ့ထုံးလမ်းတွေကိုလည်း ဂရုမစိုက်တော့ပါဘူးတဲ့။

ဝိုင်သောက်သုံးမှုအပေါ် ဈေးကွက်တောင်းဆိုမှုလည်း များပြားလာပြီး သံဘူးနဲ့ ဘီယာလို ထည့်ရောင်းဖို့တောင် တောင်းဆို လာကြပါသတဲ့။ ဝိုင်အရသာခံတဲ့ app တွေပေါ်လာသလို အခုဆိုရင် DNA ကိုလိုက်ပြီး ဘယ်ဝိုုင်ကို သောက်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေတောင် ပေါ်လာပါပြီ။

DNA အလိုက် အလိုက်ဖက်ဆုံးဝိုင်ကို ရွေးချယ်ပေးတဲ့ ဝန်ဆောင်မှု

vinome-2.jpg 

ဝိုင် delivery ကုမ္မဏီတစ်ခုဖြစ်တဲ့ Vinome ဟာ DNA ကို စစ်ဆေးပြီး ခင်ဗျားရဲ့အိမ်တံခါးဝရှေ့ကို ခင်ဗျားနဲ့ အလိုက်ဖက်ဆုံး ဝိုင်ပုလင်းကို လာပို့ပေးတဲ့ ဝန်ဆောင်မှုကို လုပ်ဆောင်နေပါပြီ။

တကယ်လို့ ခင်ဗျားသာ မိမိရဲ့ DNA နဲ့ အလိုက်ဖက်ဆုံး ဝိုင်ကိုမှ သောက်ချင်တယ်ဆိုရင် ဒေါ်လာ (၈၀) ပေးပြီး DNA စစ်ဆေးတဲ့ kit ကိုမှာယူနိုင်ပါတယ်။ ပြီးရင် မိမိရဲ့အနှစ်သက်ဆုံးအရသာအလိုက်၊ DNA အလိုက် Vinome က ကျွမ်းကျင်သူတွေရွေးချယ်ပေးထားတဲ့ ဝိုင်ကို အထူးမှာယူနိုင်ပါတယ်။

မျိုးရိုးဗီဇအလိုက် ခင်ဗျားဟာ ပဲပင်ပေါက်ကြိုက်မကြိုက်ပြောနိုင်တယ်ဆိုရင်၊ နံနံပင်ကြိုက်မကြိုက် ခွဲခြမ်းစိတ်ဖြာနိုင်တယ်ဆိုရင် ဘယ်လိုဝိုင်မျိုးကို ကြိုက်မကြိုက်ဆိုတာကိုကော ကျွန်တော်တို့ ဘာလို့ မပြောနိုင်ရမှာလဲ" လို့ Vinome ရဲ့ပူးတွဲတည်ထောင်သူ Sara Riordan က ပြောပါတယ်။

သိပ္ပံနည်းကျကော ဟုတ်ရဲ့လား

Cj9VJF9WgAEZ0U1.jpg 

အများစုကတော့ အဲဒီလို ဝိုင်ကို DNA အရ ခွဲခြမ်းစိတ်ဖြာတယ်ဆိုတာ အပျော်သဘောပဲလား။ သိပ္ပံနည်းကျပဲလားဆိုပြီး မေးခွန်းထုတ်နေချိန်မှာ Vinome ကတော့ သူ့ရဲ့ဝက်ဘ်ဆိုဒ်ပေါ်မှာ vinome ရဲ့ အလုပ်လုပ်ပုံကို ရှင်းပြခဲ့ပါတယ်။ "ခင်ဗျားရဲ့ဝိုင်ကို ခင်ဗျားရဲ့အနံ့၊ အရသာအာရုံခံနိုင်စွမ်းတွေနဲ့ ဆုံးဖြတ်ထားပါတယ်။ အဲဒီအာရုံခံနိုင်စွမ်းတွေက မျိုးရိုးဗီဇအရ ဆုံးဖြတ်ထားတာပါ။ ကမ္ဘာပေါ်မှာ လျှာနဲ့ နှာခေါင်းပေါ်က ဆဲလ်တွေအလိုက် ကွဲပြားတဲ့အနံ့၊ အရသာတွေကို ခွဲခြားနိုင်တဲ့ ကုဒ်ပေါင်း (၄၀၀) ကျော်လောက်ရှိပါတယ်။"

ရိုးရိုးရှင်းရှင်းပြောရရင်တော့ ဒါကို မိမိလိုချင်တဲ့အရာကို မြန်မြန်ဆန်ဆန်ရနိုင်တဲ့ ကိရိယာတစ်ခုအဖြစ် သတ်မှတ် သဘောထားနိုင်ပါတယ်။ ဥပမာ... Google Maps ကိုကြည့်ပြီး ကားမောင်းသလိုပဲပေါ့။ DNA ကိုကြည့်ပြီး မိမိနဲ့အလိုက်ဖက်ဆုံး ဝိုင်အရသာကိုဆုံးဖြတ်တော့ ဝိုင်အရသာခံနည်းသင်တန်းတွေ၊ ဘာတွေတက်နေစရာမလိုတော့ဘဲ မြန်မြန်ဆန်ဆန် ဆုံးဖြတ်နိုင်တာပေါ့။ နောက်ဆိုရင် DNA ကိုကြည့်ပြီး မိမိနဲ့လိုက်ဖက်ညီမယ့် မိန်းမတွေဘာတွေ ရွေးချယ်လို့မရနိုင်ဘူး မပြောနိုင်ပါဘူး။

Source: bustle

Share

Loading Next Article...
က္က