Fast food ဆိုတဲ့ နာမည်အတိုင်းပဲ အမြန်ရတဲ့ အစားအစာတွေ ဖြစ်တဲ့အတွက် အချိန်ကို ချွေတာနိုင်မှာတော့ အသေအချာပါ။

Fast Food (အမြန်ရအစားအစာ) တွေဖြစ်တဲ့ ဟမ်ဘာဂါ၊ ပီဇာ၊ ကြက်ကြော်၊ အာလူးချောင်းကြော်တွေကို ကယ်လိုရီနဲ့ အဆီများပြီး ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ယူဆထားကြပါတယ်။ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်တော့ အဲဒီအချက်တွေက မှန်သင့်သလောက်မှန်ပါတယ်။ ဒါပေမယ့် lifestyle ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ အမြန်ရအစားအစာတွေကို ရွေးချယ်စားသောက်ခြင်းမှာ ကောင်းကျိုးလေးတွေ ရှိနေပါသေးတယ်။ အဲဒါတွေကတော့...

၁။ အချိန်ကို ချွေတာနိုင်မယ်

www.usnews.com.jpg 

Fast food ဆိုတဲ့ နာမည်အတိုင်းပဲ အမြန်ရတဲ့ အစားအစာတွေ ဖြစ်တဲ့အတွက် အချိန်ကို ချွေတာနိုင်မှာတော့ အသေအချာပါ။ ပုံမှန်စားသောက်ဆိုင်မှာ မှာစားတာပဲဖြစ်ဖြစ်၊ အိမ်မှာ ချက်ပြုတ်စားတာပဲဖြစ်ဖြစ် အချိန်အတိုင်းအတာတစ်ခု ပေးရမယ်ဆိုပေမယ့် fast food ဆိုင်တွေကတော့ မှာလိုက်တာနဲ့ အမြန်ရနိုင်တဲ့အတွက် အစားတစ်လုပ်အတွက် အချိန်အများကြီး မပေးနိုင်လောက်အောင် အလုပ်များတဲ့သူတွေအတွက်တော့ အဆင်အပြေဆုံးပါပဲ။

ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေနဲ့ အချိန်နဲ့တပြေးညီ ကြိုးပမ်းအားထုတ်နေရတဲ့ ခေတ်ကြီးထဲမှာ အခုလို အချိန်ကို ချွေတာနိုင်ခြင်းကလည်း တန်ဖိုးရှိတဲ့အတွက် fast food ကို ရံဖန်ရံခါ စားပေးခြင်းကလည်း ဆိုးဝါးတဲ့ အိုင်ဒီယာတစ်ခုတော့ မဟုတ်သေးပါဘူး။

၂။ ပိုက်ဆံကိုလည်း ချွေတာနိုင်တယ်

waiter-credit-card.jpg 

Topping တွေ၊ ပါဝင်ပစ္စည်းတွေ ဗြောင်းဆန်အောင် ထည့်ထားတဲ့ ပီဇာတွေကလွဲရင် fast food အများစုဟာ စားသောက်ဆိုင် ကြီးတွေမှာ စားတာထက်၊ အိမ်မှာ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စားသောက်တာထက် ကုန်ကျစရိတ် ပိုမိုသက်သာပါတယ်။ နောက်ပြီး Fast Food ဆိုင်တွေကလည်း စားသုံးသူတွေရဲ့ အချိန်နဲ့ ငွေကို စုဆောင်းဖို့အတွက် စီမံပြုလုပ်ထားတဲ့အတွက် လူတန်းစားမရေး လက်လှမ်းမီတဲ့ တန်ဖိုးနည်း item တွေလည်း ရှိမှာပါ။ ဒါကြောင့် fast food စားခြင်းဖြင့် ပိုက်ဆံကို ချွေတာရာလည်း ရောက်ပါတယ်။

ဆွဲဆောင်မှုအားကောင်းတဲ့ လူတစ်ယောက်ဖြစ်လိုတယ်ဆိုရင် 

၃။ ချက်ရပြုတ်ရ သက်သာစေတယ်

do-you-know-how-to-prevent-overeating.jpg 

ဒီဒုက္ခကို အိမ်ရှင်မတွေ ပိုသိပါတယ်။ အိမ်က အိမ်သားတွေ နှစ်သက်နိုင်မယ့် ဟင်းလျာတွေကို တစ်နေ့တစ်မျိုး မရိုးရလေအောင် စီမံချက်ပြုတ်ရတာ လွယ်တဲ့ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး။ အားလပ်ရက် မိသားစုလိုက် အပြင်ထွက်ရင် Fast food ဆိုင်မှာ ဝင်စားလိုက်ရုံနဲ့ အိမ်ရှင်မတွေ ချက်ရပြုတ်ရသက်သာစေတဲ့အတွက် အဆင်ပြေစေပါတယ်နော်။ အချိန်ကုန် လူပင်ပန်းခြင်းကို ကင်းဝေးစေတာပေါ့။

၄။ စိတ်တိုင်းကျ ရွေးချယ်နိုင်တယ်

dominos.jpg 

Fast food ဆိုတာ ကြက်ကြော်တွေ၊ အာလူးချောင်းကြော်လို ဆီကြော်တွေကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ Mashed Potato (အာလူးထောင်း)၊ Salad (အရွက်သုပ်) တို့လို ကျန်းမာရေးနဲ့ ပိုမိုညီညွတ်တဲ့ item တွေကိုလည်း ရွေးချယ်စားသောက်နိုင်ပါသေးတယ်။ လတ်ဆတ်တဲ့ အသားတွေ၊ လတ်ဆတ်တဲ့ အသီးအရွက်တွေကိုလည်း ရွေးချယ်မှာယူနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်စွာလည်း fast food တွေကို စားသုံးနိုင်ပါသေးတယ်။

Source: FutureOfWorking

 

Share

Loading Next Article...
က္က