AD
AD
AD

Fast food (အမြန်ရအစားအစာ) တွေဆိုတာ (၂၁) ရာစု လူငယ်တွေရဲ့ အသည်းစွဲပါ။ တစ်ခါတလေ အိမ်အစားအစာတွေ စားရတာ ညည်းငွေ့လာရင် KFC တို့၊ Lotteria တို့၊ Marry Brown တို့ကိုပဲ ခြေဦးတည်သွား မိတာပဲ မဟုတ်ပါလား။ ယခုဖော်ပြထားတာကတော့ ကမ္ဘာတဝှမ်းက အမြန်ရအစားအစာ အဆန်းလေးတွေ ဖြစ်ပါတယ်။

၁။ ရွှေဖရုံသီးဆော့စ် ဆမ်းထားတဲ့ အာလူးချောင်းကြော်

play
 

အာလူးချောင်းကြော်ကိုတော့ လူတိုင်းစားဖူးကြမှာပါ။ KFC တို့၊ Lotteria တို့မှာ ဘာဂါစားရင် အာလူးချောင်းကြော်လေးတော့ တွဲပါတတ်တာပဲမလား။ ဂျပန်နိုင်ငံ McDonalds ဆိုင်မှာ ရောင်းချတဲ့ အာလူးချောင်းကြော်ကတော့ အထူးစပယ်ရှယ် ရွှေဖရုံသီးဆော့စ်ရယ်၊ ချောကလက်ဆော့စ်ရယ် ဆမ်းပေးထားတာပါ။

၂။ Burrito ပီဇာ

play
 

အီတလီအစားအစာ တစ်မျိုးဖြစ်တဲ့ ပီဇာကို ကမ္ဘာတဝှမ်းမှာ နည်းစနစ်အမျိုးမျိုး၊ ချက်ပြုတ်ပုံအမျိုးမျိုးနဲ့ ပြုလုပ်ဖန်တီးကြပါတယ်။ ဟာဝိုင်အီကျွန်းရောက်တော့ ဟာဝိုင်အီပီဇာဆိုပြီး နာနတ်သီးနဲ့ ဝက်သားပြားတွေ ထည့်တယ်။ ကိုရီးယားရောက်တော့ ကိုရီးယားပီဇာဆိုပြီး ကင်ချီတွေထည့်တယ်။ ဒီတစ်ခါမှာတော့ နယူးဇီလန်နိုင်ငံက ပီဇာဟာ ငရုပ်သီးတွေ၊ burrito ဆော့စ်တွေနဲ့ တခြား topping များစွာထည့်ပြီး ပြုလုပ်ဖန်တီး ထားတာပါ။ nacho (ချိစ်မုန့်တစ်မျိုး) ပီဇာနဲ့ Quesadilla ပီဇာတို့ကိုလည်း ရရှိနိုင်ပါသေးတယ်။

၃။ ဘယ်ရီသီးဘာဂါ

play
 

ဂျပန်နိုင်ငံ၊ Burger King ဆိုင်ကတော့ ၂၀၁၄ ခုနှစ်၊ ခရစ္စမတ်ရာသီတုံးက အထူးထုတ် limited edition ဘာဂါတစ်မျိုးကို ပြုလုပ်ရောင်းချခဲ့ပါတယ်။ အဲဒီဘာဂါမှာ အမဲသားကို ဘလူးဘယ်ရီသီး၊ ရက်စ်ဘယ်ရီသီး၊ ခရမ်ဘယ်ရီသီးတို့နဲ့ ရောပြီး ဝိုင်နီဆမ်းထားတာပါ။ အားလပ်ရက်အရသာကို အထူးပေါ်လွင်စေတဲ့ ဘာဂါတစ်မျိုးလည်း ဖြစ်ပါတယ်။

 

၎။ Colette အပြာရောင်ဘာဂါ

play
 

ဒီဘာဂါကိုတော့ ပဲရစ်မြို့က ထင်ရှားတဲ့ Colette ကော်ဖီဆိုင်ရဲ့ အထိန်းအမှတ်အရောင် ဖြစ်အောင်ဖန်တီး ပြုလုပ်ထားတာပါ။ စားချင်စဖွယ်မရှိတဲ့ အပြာရင့်ရောင် ဘာဂါတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် အရောင်ကိုကြည့်ပြီး အရသာကို ဆုံးဖြတ်ရင်တော့ မှားသွားမှာပေါ့။

၅။ KitKat ဆင်းဒဝစ်ခ်ျ

play
 

KitKat ဆိုတာ (၂၄) နာရီစတိုးဆိုင်တိုင်းမှာ ရနိုင်တဲ့ (ကလေးတိုင်း နှစ်သက်တဲ့) ချောကလက်ဝေဖာတစ်မျိုးပါ။ ဂျပန်မှာတော့ KitKat တစ်တောင့်ရယ်၊ ခရင်မ်ရယ်၊ လိမ္မော်ခွံသကြားလုံးကို ပေါင်မုန့်ကြားမှာ ညှပ်ပြီး ဆင်းဒဝစ်ခ်ျ ပြုလုပ်ထားတာပါ။

၆။ ဝက်သားမှုန့်နဲ့ ရေညှိဒိုးနပ်

play
 

ဂျပန်နိုင်ငံက Dunkkin' Donuts ဆိုင်မှာ ရရှိနိုင်တဲ့ ဒိုးနပ်အဆန်းလေးတစ်မျိုးကတော့ ဝက်သားမှုန့်နဲ့ ရေညှိဒိုးနပ်ပဲ ဖြစ်ပါတယ်။ ဒီလို topping မျိုးကို ပေါင်မုန့်နဲ့ တွဲဖက်ကြပေမယ့် ဒိုးနပ်နဲ့ တွဲဖက်ထားတာကတော့ ရှားပါတယ်။

၇။ ချိစ်ဘာဂါ ပီဇာ

play
 

ပီဇာကို ပုံစံအမျိုးမျိုး ဖန်တီးပြုလုပ်ကြတာတော့ မဆန်းပါဘူး။ ဒါပေမယ့် အရှေ့အလည်ပိုင်းနဲ့ အင်္ဂလန်က Pizza Huts ဆိုင်တွေမှာ ရောင်းချတဲ့ Frankenstein's monster အမည်ရှိ ပီဇာလောက်တော့ လန်းမယ်မထင်ပါဘူး။ ပီဇာမုန့်သားထဲမှာမှ ချိစ်ဘာဂါအသေးလေးတွေကို ညှပ်ပြီး ပြုလုပ်ထားတာပါ။ အရသာကတော့ ရှယ်ပဲဆိုတာ ပြောဖို့တောင်လိုမယ် မထင်ပါဘူး။

Source: theculturetrip

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD