ထူးခြားချက် ဒီဆိုင်လေးက Bar ဆိုပေမဲ့ နေ့လယ်ပိုင်းတည်းက ဖွင့်တယ် နေ့လယ်ပိုင်းမှာ Lunch Menu သီးသန့်ကြီးမဟုတ်ဘဲ တော်တော်စုံစုံလင်လင်ရတာလည်း တွေ့ခဲ့တယ်လေ။

17634630_729354017244700_6099980670478778686_n.jpg 

ဒီနေ့ည ဘားတွေကလည်း စုံုနေပြီ။ ဘယ်သွားရမှန်းလည်း မသိရင် Myanmore Entrepreneur Award 2017 ကိုရခဲ့တဲ့ Father’s Office ကိုုသွားကြည့်လိုက်ပါလိုု့။

မပူပါနဲ့ ဒီလောက်ညွှန်းနေတာ ဒီထက်မက လန်းတဲ့ စားစရာတွေ ဒီထက်ကြမ်းတဲ့ သောက်စရာတွေနဲ့ ပြည့်နေလို့ ညွှန်းပေးတာပါနော်။ ဟုတ်ပြီဗျာ အစားလေးကနေ စပါရစေနော်။

မြန်မာဆိုတော့ မြန်မာအစားအသောက်လေးနဲ့ အရင်စပါရစေနော်။

ထူးခြားချက် ဒီဆိုင်လေးက Bar ဆိုပေမဲ့ နေ့လယ်ပိုင်းတည်းက ဖွင့်တယ် နေ့လယ်ပိုင်းမှာ Lunch Menu သီးသန့်ကြီးမဟုတ်ဘဲ တော်တော်စုံစုံလင်လင်ရတာလည်း တွေ့ခဲ့တယ်လေ။

 

အရင်ဆုံး ဆွဲခဲ့တာက မြန်မာ နန်းကြီးသုပ် (Nan Gyi Toke)

ဘာကြောင့်ကောင်းတာလဲ???

စားသောက်ဆိုင်အများစုက အသားပါဝင်မှုတွေကို ဝိတ်လျှော့တတ်ကြပါတယ်။ Father’s Office ကတော့ ဒီလိုမဟုတ်ဘဲ အသားတွေက အလျှံအပယ်ပါတဲ့အပြင် ဘဲဥပြုတ် မုန့်ကြွပ်ကြော်နဲ့ လျှာပေါ်တင်လိုက်တာနဲ့ မျိုမချချင်အောင် လျှာပေါ်ဝဲနေအောင် စွန်းကောင်းလွန်းလှပါတယ်။ ဈေးနှုန်းကတော့ ၅၀၀၀ ကျပ်ပါ။ (နှစ်ယောက်စားရင်တောင် အမုန်းဆွဲရမှာပါ)

ဒုတိယ တွေ့ရှိသူလေး (Pennywort Salad မြင်းခွာရွက်သုပ်)

မြန်မာမှုပြန်ရင်တော့ မြင်းခွာရွက်သုပ်ပေါ့ဗျာ။ အိမ်မှာ သုပ်စားလို့ရတာပဲဆိုပြီး ပေါ့သေးသေး မပြောနဲ့နော်။ မြင်းခွာရွက်သုပ်ကို လုံးဝမကြိုက်တဲ့ ကွီးတောင် ပန်းကန်ကို လက်ကမလွတ်ချင်အောင် အမုန်းဆွဲခဲ့တယ်ဆိုတာကို ခေးတို့မွီးတို့ယုံလိုက်ပါ။ Tiger Prawn တွေလည်း အများကြီးနဲ့ ပုစွန်ခြောက် ပေါပေါလောလောနဲ့ သုပ်ထားတာကိုက သူလေးရဲ့ ဆွဲဆောင်မှုပါ။ ဈေးကတော့ ၇၀၀၀ ကျပ်ပါ ပေးရတာနဲ့ တန်ပါတယ် ပြောရအောင် စွန်းကောင်းပါတယ်။

 

မြန်မာမှုပြီးပြီဆိုတော့ကာ ဘိုဆန်ကြရအောင်

Barတို့ရဲ့ထုံးဆံအတိုင်း အမြည်းကမပါမဖြစ်ဆိုတော့ (Bits n Bobs) ကနေစလိုက်မယ် အမြည်းတို့ရဲ့ဘုရင် အာလူးချောင်းကြော်ကိုမှ (French Fries) ကြက်သားလုံးကြော် (Popcorn Chicken) ရယ် ကြက်သွန်ကွင်းကြော် (Onion Rings) တွေပါတယ်ဆိုတော့ တစ်ပွဲထဲမှာ အရသာသုံးမျိုး ဆွဲလို့ရတာပေါ့ဗျာ။ ထူးခြားတာက Onion Rings တခြားဆိုင်တွေလို တစ်ခုတစ်ခု အကြီးကြီးမဟုတ်ဘဲ ကျစ်ကျစ်လစ်လစ် ကြွပ်ကြွပ်ရွရွလေးနဲ့ စွန်းစားကောင်းလှပါတယ်။ ကြက်သားလုံးကြော်လေးကလည်း သူ့လိုပဲ ကြွပ်ကြွပ်ရွရွလေးဆို ပိုကောင်းမယ်လို့ မှတ်ချက်ပြုချင်ပါသဗျ။ ဈေးနှုန်းကတော့ တန်သဗျို့ (၃)မျိုးပါတစ်ပွဲကိုမှ ၅၀၀၀ တဲ့ဗျ။



နောက်ဆုံးဆွဲခဲ့တာလေးက (Chicken Schnitzel Wrap)

မုန့်နှစ်နဲ့ကြော်ထားတဲ့ ကြက်သားအကိတ်ကြီးကိုမှ ဆလပ်ရွက်တွေဆော့တွေနဲ့အတူ ဂျုံထဲထည့်လိပ်ထားတာ တစ်ကိုက်ကိုက်လိုက်ရင်ကိုမှ အီဆိမ့်သွားအောင် အရသာရှိလှပါတယ်။ သူလေးကို အာလူးကြော်တွေနဲ့ ဝန်းရံထားပါတယ်။ ဈေးနှုန်းကတော့ ၈၅၀၀ ကျပ်ပါ။ သူလည်း ပေးရတဲ့ဈေးနဲ့တန်ပါတယ်ဗျာ။
 

အစားပြီးရင် အသောက်ဘက်လှည့်ရအောင်ဗျာ

အသောက်တွေနဲ့ မိတ်ဆက်မပေးခင် Father’s Office ရဲ့ထူးခြားချက်လေးရှိတယ်ဗျ။ Cocktail ဆိုရင် ဆိုင်အများစုမှာ ပြင်းလွန်းတယ် ပျော့လွန်းတယ်ဆိုတာ အများစုမှာ ကြားနေရတာပါ။ ဒီဆိုင်ရဲ့ အဖျော်ဆရာက ကျွမ်းကျင်လွန်းလှပါတယ် သောက်ခဲ့တဲ့ Cocktail တိုင်းက Well mixed ဖြစ်ပြီး သောက်ရတာ အင်မတန် ကောင်းပါတယ်။

 

Virgin Mojito လို့နာမည်ရတဲ့ Alcohol မပါတာနဲ့အရင်စကြရအောင်ဗျာ။

ပုံမှန် Mojito ကိုမှ သူက Alcohol မပါဘူးဗျ။ ပန်းနေတဲ့သူ လန်းသွားချင်တယ်ဆိုရင်တော့ ဒါလေးမှာပြီးသာ မော့လိုက်တော့ နောက်တစ်မျိုးက အပြင်းကြိုက်သူတွေအတွက် Bitter Strong Bitter ဆိုတဲ့အတိုင်း Lime ပါဝင်မှုကြောင့် ချိုချဉ်လေး Strong နဲ့လိုက်အောင် Tequila ရယ် Gin ရယ်က အားဖြည့်ထားပါတယ်။



Cocktail ကိုမှ Coffee အရသာလေးနဲ့ အတူသောက်ချင်တဲ့ ကွီးတို့မွီးတို့အတွက် (Espresson Martini) Genius Coffee ကိုမှ Gin နဲ့အတူ စပ်ထားတာလေး အရသာက ဘယ်လိုပြောရမလဲ ဘယ်လိုပြောရမလဲ ဖြစ်သွားမယ်နော်။
 
Cocktail အတွက် နေ့စဉ် ညနေ၅နာရီကနေ ၈နာရီအထိ Buy One Get One Free Promotion နဲ့ဆိုတော့ ဘာလိုသေးလဲဗျာ။

18000ကျပ် Heineken တာဝါတစ်တိုင်မှာရင်လည်း အာလူးချောင်းကြော်တစ်ပွဲ Free Promotion လည်း ရှိသေးသဗျ

လစဉ်ပထမဦးဆုံး ဗုဒ္ဒဟူးနေ့နဲ့ တတိယမြောက် ဗုဒ္ဒဟူးနေ့ဆိုရင်လည်း ၇နာရီခွဲကစပြီး မေးခွန်းလေးတွေ မှန်အောင်ဖြေ ဆုငွေတွေရရင် အကုန်အကျမရှိတော့ဘူးပေါ့ဗျာ
:D


Father’s Office က Myanmore Entrepreneur Award ကို ဆန်ကာတင် ၅ဆိုင်ထဲကမှ ဗိုလ်ဆွဲခဲ့တာလည်း မမေ့နဲ့ဦးနော်။ ဆိုင်လေးက ဗိုလ်အောင်ကျော်လမ်း အလယ်ဘလောက်မှာရှိပြီး ဝန်ကြီးများရုံး မျက်နှာချင်းဆိုင်မှာပါဗျ။ ဆိုင်နာမည်လေးက ဗိုလ်ချုပ်ရုံးထိုင်ခဲ့တဲ့နေရာကို အမှီပြုပြီး ပေးခဲ့တယ်ဆိုတာလည်း သတင်းကောင်းပါးပါရစေဗျာ။

အားလုံးပဲ အမုန်းဆွဲ အမုန်းကဲနိုင်ကြပါစေ......

(ဤဆောင်းပါးသည် Food Review အကောင်းဆုံးပေးနိုင်သည့် Go With Me ဖေ့စ်ဘွတ်ပေ့ချ်မှ ဖြစ်သည်။)

Share

Loading Next Article...
က္က