သင်ဟာ အစားအသောက်နဲ့ ပတ်သက်လာရင် အရူးအမူးစိတ်ဝင်စားတဲ့ foodie တစ်ယောက် ဖြစ်ပါသလား။ အစားအသောက်တစ်ခု ကောင်းတယ်လို့ သတင်းကြားရင်၊ စားသောက်ဆိုင် အသစ်အဆန်းတစ်ခုဖွင့်ရင် ရှေ့ဆုံးက ပြေးစားတတ်သူတစ်ဦး ဖြစ်ပါသလား။

သင်ဟာ အစားအသောက်နဲ့ ပတ်သက်လာရင် အရူးအမူးစိတ်ဝင်စားတဲ့ foodie တစ်ယောက် ဖြစ်ပါသလား။ အစားအသောက်တစ်ခု ကောင်းတယ်လို့ သတင်းကြားရင်၊ စားသောက်ဆိုင် အသစ်အဆန်းတစ်ခုဖွင့်ရင် ရှေ့ဆုံးက ပြေးစားတတ်သူတစ်ဦး ဖြစ်ပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲ။ ကမ္ဘာတလွှားက foodie တွေ သိပ်မသိသေးတဲ့ အစားအသောက်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်လေးတွေအကြောင်း ဖော်ပြထားပါတယ်။

၁။ ယူနန်ဘဲကင်

shutterstock_264085049.jpg 

တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်နိမိတ်ချင်း ထိစပ်ရာဒေသဖြစ်တဲ့ ယူနန်ပြည်နယ်မှာ Yiliang ဆိုတဲ့ တောင်ပေါ်မြို့လေး တစ်မြို့ရှိပါတယ်။ အဲဒီမြို့က ဘဲကင်ဟာ တရုတ်နိုင်ငံရဲ့ နာမည်ကျော် ပီကင်းဘဲကင်ကို ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်လောက်အောင် အရသာကောင်းမွန်ပါတယ်။ ချက်ပြုတ်နည်း (recipe) ဟာ ချင်မင်းဆက် (၁၆၄၄-၁၉၁၂) ကတည်းက ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ပျားရည်နဲ့ တခြားဟင်းခတ် အမွှေးအကြိုင်တွေကိုသုံးပြီး ပြုလုပ်ဖန်တီးထားတာဖြစ်ပါတယ်။ ဘဲကင်ရာမှာတော့ ဘေးမှာ ထင်းရှူးကိုင်းလေးတွေနဲ့အတူ မြေသားမီးဖိုထဲမှာ ထည့်ကင်ထားတဲ့အတွက် တမူထူးတဲ့ အနံ့၊ အရသာကို ပေးစွမ်းနိုင်ပါတယ်။

ယနေ့ခေတ်မှာတော့ ယူနန်ဘဲခြံပေါင်း (၁၀၀၀) ခန့်ရှိပြီး စားသောက်ဆိုင် တော်တော်များများကလည်း ရိုးရာဓလေ့ကို ဆက်လက်ထိန်းသိမ်းကြပါတယ်။ အဲဒီထဲမှာ နာမည်အကြီးဆုံးကတော့ Xuecheng စားတော်ဆက်ဖြစ်ပါတယ်။ ကြက်သွန်မြိတ်နဲ့ မက်မွန်သီးအနှစ်ကို ရောပြီးပြုလုပ်ထားတဲ့ ဆော့စ်လေးနဲ့ တို့စားလိုက်ရင် ယူနန်ဘဲကင်ရဲ့ နူးညံ့တဲ့အသားနဲ့ ထင်းရှူးနံ့လေး မွှေးနေတဲ့ အနံ့၊ အရသာတို့ကို အကောင်းဆုံးပေါ်လွင်စေမှာပါ။

၂။ ဂျပန် katsu ကြက်သားဟင်း

shutterstock_414496585.jpg 

ဂျပန်စတိုင်လ် katsu ကြက်သားဟင်းစစ်စစ်ကို စားချင်တယ်ဆိုရင်တော့ တိုကျိုမြို့က Ginza ရပ်ကွက်မှာသာ သွားရှာလိုက်ပါ။ အဲဒီရပ်ကွက်မှာ လူသိပ်မသိသေးတဲ့ အရသာထူးခြားတဲ့ ဂျပန်အစားအစာ စတင်မွေးဖွားခဲ့ရာ နေရာလည်းဖြစ်ပါတယ်။ ဂျပန် katsu ကြက်သားဟင်းလေး စတင်ဖြစ်ပေါ်လာခဲ့တဲ့ ပုံပြင်လေးလည်း ရှိပါတယ်။

၁၉၄၈ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးဘေ့စ်ဘော ကစားသမား တစ်ဦးဖြစ်တဲ့ Shigeru Chiba ဟာ စားသောက်ဆိုင် တစ်ဆိုင်ကိုသွားပြီး ထမင်းဖြူပေါ်မှာ ကြက်ကြော်ကိုု ပြန်ချက်ထားတဲ့ဟင်း ပုံပေးဖို့ မှာကြားခဲ့ပါတယ်။ သူ့ရဲ့ စမ်းသပ်တီထွင်မှု နောက်ကို လိုက်ပြီး အခြားစားသုံးသူတွေကလည်း သူ့လိုမျိုး ချက်ပေးဖို့ လိုက်မှာခဲ့ကြရာမှ ဂျပန် katsu ကြက်သားဟင်းလေး စတင်ပေါ်ပေါက်လာခဲ့တာပါ။

၃။ စပိန်ဒံပေါက်ထမင်း

6755989741_a9abec0cae_b.jpg 

စပိန်အစားအစာနဲ့ ပတ်သက်လာရင်တော့ ဘာစီလိုနာမြို့က နာမည်ကျော် La Boqueria ဈေးနဲ့ Tapas ဘာားတွေဟာ ကမ္ဘာ တဝှမ်းလုံးက အစားအစာချစ်သူတွေအတွက်တော့ အသည်းစွဲပါပဲ။ ဒါပေမယ့် လူသူသိပ်မသိသေးတဲ့ စပိန်အစားအသောက် တစ်မျိုးဟာ ဗလင်စီယာမြို့မှာ ရှိနေပါသေးတယ်။ အဲဒါကတော့ စပိန်ဒံပေါက်ထမင်းစတိုင်လ် တစ်မျိုးဖြစ်တဲ့ paella ပါပဲ။ Paella ကို စပိန်လူမျိုးတွေက အသားနဲ့ ရောစားကြသလို ပင်လယ်စာနဲ့လည်း ရောစားကြပါတယ်။

Paella နဲ့ ပတ်သက်ရင်တော့ ၁၉၂၈ ခုနှစ်တည်းက ဖွင့်လှစ်ခဲ့တဲ့ La Parada de las Especias ဆိုတဲ့ မိသားစုဆိုင်လေးက အကောင်းဆုံးပါပဲ။ အဲဒီဆိုင်က ကုံကုမံနဲ့ အရောင်တင်မှုန့်က paella ရဲ့ အရောင်နဲ့ အနံ့အရသာကို တမူထူးခြားစေပါတယ်။

၄။ ထိုင်းနိုင်ငံရဲ့ ဟင်းခတ်အမွှေးအကြိုင်မြို့တော်

shutterstock_367744871.jpg 

ထိုင်းနိုင်ငံတောင်ပိုင်းက ပြည်နယ်တစ်ခုဖြစ်တဲ့ Nakhon Si Thammarat ဟာတောင် ထိုင်းနိုင်ငံရဲ့ တရားမဝင် ဟင်းခတ်အမွှေးအကြိုင် မြို့တော်အဖြစ် ထင်ရှားပါတယ်။ အပူပိုင်းဒေသရဲ့နေရောင်၊ စိမ်းစိုလှပတဲ့ ပန်းဥယျာဉ်တွေ၊ သာယာလှပတဲ့ ကမ်းခြေတွေက ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်သလို ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဟင်းခတ်အမွှေးအကြိုင် မျိုးစုံကို အဓိကထုတ်လုပ်သူဆိုတဲ့ အချက်ကလည်း ပြည်တွင်း၊ ပြည်ပခရီးသွားတွေကို စိတ်လှုပ်ရှားစေပါတယ်။

အားလုံးသိတဲ့အတိုင်းပဲ။ ထိုင်းရိုးရာအစားအစာတွေမှာ ဟင်းခတ်အမွှေးအကြိုင်တွေက အရေးပါတယ်လေ။ ဒါကြောင့် ဒီမြို့လေးကို ရောက်ဖူးမယ်ဆိုရင် စားနေကျ ထိုင်းအစားအသောက်တွေတောင် တမူထူးကဲပြီး အရသာနဲ့ပြည့်စုံနေမှာ အမှန်ပါပဲ။

၅။ မလေးရှားမှာ rendang စားတဲ့ပွဲတော်

shutterstock_346868396.jpg

မလေးရှားဟင်းလျာတွေမှာ မွှေးကြိုင်ပြီး လျှာပေါ်က အရသာခံဖုလေးတွေကို လျှာရည်စိမ့်စေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ အဲဒီထဲမှာ အမဲသားဟင်းလျာတစ်မျိုးဖြစ်တဲ့ rendang ဟာ မလေးရှားနိုင်ငံမှာ အကောင်းဆုံးဟင်းလျာတစ်မျိုး ဖြစ်သလို မကြာသေးမီက CNN Travel ရဲ့ ကမ္ဘာ့အကောင်းဆုံး အစားအစာစာရင်းမှာ နံပါတ်တစ်ချိတ်ထားတာ ဖြစ်ပါတယ်။ အစပ်၊ အချို၊ အချဉ် အရသာတို့ကို အချိုးကျ ပေါင်းစပ်ထားသလို မွှေးကြိုင်ပြီး အရသာလေးတဲ့ ဟင်းလျာလေးက မလေးရှားနိုင်ငံရဲ့ ယဉ်ကျေးမှုတွေ ကူးလူးယှက်နွယ်နေခြင်းကို ဖော်ပြနေပါတယ်။

အံ့သြဖို့ကောင်းတာ တစ်ခုက အကောင်းဆုံး rendang ဟင်းလက်ရာကို မြို့ကြီးပြကြီးတွေပေါ်က ဆိုင်ကြီးတွေမှာ မတွေ့ရဘဲ Perak ပြည်နယ်က Lush Kampungs ဆိုတဲ့ ရွာငယ်လေးတွေမှာ တွေ့ရတာပါပဲ။ အဲဒီမလေးရှား အနောက်ဘက်ဒေသတွေမှာတော့ rendang ချက်ပြုတ်ခြင်းဟာ တစ်ရပ်ကွက်လုံး ပူးပေါင်းဆောင်ရွက်တဲ့ ဓလေ့တစ်ခုဖြစ်ပြီး ဒယ်အိုးကြီးတွေနဲ့ ချက်ပြုတ်ကြပါတယ်။ ကျက်သွားတဲ့အခါမှာလည်း တစ်ရပ်ကွက်လုံး ဝိုင်းဝန်းစားသောက်ကြတာပါ။ ပျော်စရာကောင်းသလို ချစ်ဖို့လည်းကောင်းတဲ့ ယဉ်ကျေးမှုဓလေ့လေးပါ။

Source: theculturtrip

Share

Loading Next Article...
က္က