Food & Recipe: Gym ဆော့နေချိန်မှာ စားသုံးပေးသင့်တဲ့ သဘာဝဖြည့်စွက်စာများ

ဒီခေတ်ကြီးမှာ gym ဆော့တယ်ဆိုတာ ခေတ်မီတဲ့လူငယ်တိုင်း လိုက်စားကြတဲ့ culture တစ်ခုလိုတောင် ဖြစ်နေပါပြီ။

ဒီခေတ်ကြီးမှာ gym ဆော့တယ်ဆိုတာ ခေတ်မီတဲ့လူငယ်တိုင်း လိုက်စားကြတဲ့ culture တစ်ခုလိုတောင် ဖြစ်နေပါပြီ။ အချိုအဆိမ့်တွေ၊ အရက်ဘီယာတွေနဲ့ ရောပြွမ်းနေတဲ့ ခေတ်သစ်လူနေမှု စရိုက်ထဲမှာ လိုက်လျောညီထွေ နေချင်တယ်ဆိုရင် ခန္ဓာကိုယ်ထဲကို ပိုမိုဝင်ရောက်လာတဲ့ ကယ်လိုရီတွေကို ပြန်တိုက်ထုတ်ဖို့ gym ဆော့ပေးဖို့လည်း လိုအပ်ပါလိမ့်မယ်။

play

 

နောက်ပြီး လူတကာ စိတ်ဝင်စားတဲ့ ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ဖို့ဆိုတာလည်း gym ဆော့ပေးမှ ရနိုင်မှာပါ။ ကြွက်သား တည်ဆောက်ဖို့ gym ဆော့ကြမယ်ဆိုရင် လေ့ကျင့်ခန်းချည်းပဲ လုပ်နေလို့မရဘဲ အစားအသောက်၊ အနေအထိုင်လည်း ဆင်ခြင်ဖို့ လိုအပ်ပါသေးတယ်။ ကြွက်သားလေ့ကျင့်ခန်း လုပ်နေချိန်မှာ စားသုံးသင့်တဲ့ အစားအသောက်တွေကတော့...

၁။ နွားနို့

play
 

ဒါကတော့ ရှင်းပါတယ်။ နွားနို့ဟာ ခွန်အားဖြည့်ပေးရာမှာ ဘယ်သူမှ လိုက်မမီတဲ့ သဘာဝသောက်စရာတစ်မျိုး ဖြစ်နေလို့ပါပဲ။ နွားနို့ထဲမှာ ပရိုတိန်းဓာတ် ပါဝင်မှုကြွယ်ဝပြီး ကြွက်သားတစ်ရှူးတွေ ဖွံ့ဖြိုးစေဖို့အတွက်လည်း မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် (၈) မျိုးကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ နွားနို့ထဲမှာပါဝင်တဲ့ အဆီဓာတ်က လူကို ဝိတ်မတက်စေဘဲ ကြွက်သားဖွံ့ဖြိုးမှုကိုပဲ အထောက်အကူပြုစေနိုင်တာပါ။

၂။ ကြက်ဥ

ကြက်ဥတွေဟာ ကမ္ဘာပေါ်မှာ ပရိုတိန်းဓာတ် အကြွယ်ဝဆုံး ရင်းမြစ်တွေပါပဲ။ ကြက်ဥထဲမှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ ကြွက်သားတည်ဆောက်ရာမှာ မရှိမဖြစ်လိုအပ်ပါတယ်။ ဇီဝကမ္မလုပ်ငန်းစဉ်တွေနဲ့ ကိုယ်ခံအားစနစ်ကိုလည်း အထောက်အကူပြုနိုင်တဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေလည်း ကြွယ်ဝပါသေးတယ်။

၃။ အမဲသား

play
 

အမဲသားမှာလည်း ပရိုတိန်းဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ နောက်ပြီး အမဲသားမှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ ပရိုတိန်းဓာတ်တွေကို သွေးထဲကနေ ကြွက်သားထဲကို ကူးပြောင်းပေးတဲ့ဖြစ်စဉ်မှာ အထောက်အကူပြု နိုင်ပါသေးတယ်။ ဒါတင်မကသေးပါဘူး။ အမဲသားထဲမှာပါဝင်တဲ့ ဗိုက်တာမင် ဘီ၊ သံဓာတ်နဲ့ ဇင့်ဓာတ်တွေက ကြွက်သားဖွံ့ဖြိုးမှုကို ပံ့ပိုးပေးနိုင်တဲ့ဓာတ်တွေပဲ ဖြစ်ပါတယ်။

 

၎။ ကြက်သား

ကြက်သားဟာလည်း အမဲသားလိုပဲ… ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ ကြွက်သားလေ့ကျင့်ချိန်မှာ ထိခိုက်ပျက်ဆီးသွားတဲ့ ကြွက်သားတွေကို ပြန်လည်ပြင်ဆင်ဖို့နဲ့ ကြွက်သားအသစ်တွေ တည်ဆောက်ရာမှာ အထောက်အကူပေးဖို့ ပရိုတိန်းဓာတ် လုံလောက်နေဖို့ အထူးလိုအပ်ပါတယ်။ ကြက်သားမှာ တခြားအသားတွေထက်စာရင် အဆီပါဝင်မှုနည်းပါးလို့ စားသုံးဖို့ သင့်တော်ပါတယ်။

၅။ ဆန်လုံးညိုထမင်း

play
 

ဆန်လုံးညိုထမင်းကတော့ ကိုယ်အလေးချိန်ကျဆင်းစေပြီး ရိုးရိုးထမင်းဖြူထက် ကယ်လိုရီအများကြီး ပိုနည်းတဲ့ ထမင်းတစ်မျိုးပါ။ ဒါ့အပြင် ကြွက်သားဖွံ့ဖြိုးရေးအတွက်လည်း သွယ်ဝိုက်သောနည်းလမ်းနဲ့ ကူညီပေးနိုင်ပါတယ်။ ဘယ်လိုကူညီပေးလဲဆိုတော့ ကြွက်သားဖွံ့ဖြိုးမှု လေ့ကျင့်ခန်းတွေ လုပ်နေချိန်မှာ လိုအပ်တဲ့စွမ်းအင်ကို ထောက်ပံ့ပေးတာပါ။

ဒါတင်မကသေးပါဘူး။ ဆန်လုံးညိထမင်းဟာ ကြွက်သားဖွံ့ဖြိုးမှုနဲ့ အဆီကျခြင်းကို အထောက်အကူပြုပေးနိုင်တဲ့ သွေးထဲက ကြီးထွာဟော်မုန်းပမာဏကိုလည်း မြင့်တက်လာစေနိုင်ပါတယ်။

၆။ ကန်စွန်းဥ

ကာဘိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ သီးနှံတွေထဲမှာတော့ ကန်စွန်းဥက အကောင်းဆုံးဆိုတာ ငြင်းဖို့မရှိပါဘူး။ ကန်စွန်းဥမှာ အမျှင်ဓာတ်ကြွယ်ဝလို့ အစာခြေစနစ်ကိုလည်းကောင်းမွန်စေပါတယ်။ ကန်စွန်းဥရဲ့ ဗိုက်တာမင် အေနဲ့ဘီဟာ ကြွက်သား ဖွံ့ဖြိုးရေးမှာ အထောက်အကူပြုနိုင်တဲ့ antioxidant တွေအဖြစ် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ပါတယ်။

Source: Youngisthan

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ