ဂျာမနီနိုင်ငံမှာ စတင်မြစ်ဖျားခံလာခဲ့တဲ့ hotdog ဟာ ဝက်အူချောင်း (sausage) ကို မီးကင်ပြီး ဘန်းပေါင်မုန့်ကို အလည်က ထက်ခြမ်းခြမ်းပြီး ခွဲထည့်ထားတဲ့ အစားအစာဖြစ်ပါတယ်။

Hotdog လို့လူသိများတဲ့အစားအစာဟာ ဥရောပအစားအစာတစ်မျိုးဖြစ်ပြီး အမြန်ရအစားအစာ (fast food) ထဲမှာပါပါတယ်။ ဂျာမနီနိုင်ငံမှာ စတင်မြစ်ဖျားခံလာခဲ့တဲ့ hotdog ဟာ ဝက်အူချောင်း (sausage) ကို မီးကင်ပြီး ဘန်းပေါင်မုန့်ကို အလည်က ထက်ခြမ်းခြမ်းပြီး ခွဲထည့်ထားတဲ့ အစားအစာဖြစ်ပါတယ်။

 

အဲဒီမှာမှ ကြက်သွန်နီတို့၊ မရောနိစ်တို့ပါထည့်ရောလိုက်ရင် အရသာရှိတဲ့ အစားအစာတစ်ခု ဖြစ်သွားပါတယ်။ ဒီလို hotdog တစ်လုံးကို အလွန်ဆုံး (၅) ဒေါ်လာဝန်းကျင်လောက်ပဲ ကျသင့်မယ်လို့ မှန်းထားကြမှာပါ။

ကမ္ဘာ့ဈေးအကြီးဆုံး hotdog

Hot dog article main_tcm25-328977.jpg 

ဒါပေမယ့် အထူးပြုလုပ်ထားတဲ့ hotdog တစ်မျိုးကတော့ ကမ္ဘာ့ဈေးအကြီးဆုံး hotdog အဖြစ် ဂင်းနစ်မှတ်တမ်းတောင် ဝင်သွားခဲ့ပါတယ်။ အဲဒါကတော့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့က Tokyo Dog Food Truck ဆိုတဲ့ ဆိုင်တစ်ဆိုင်ကရောင်းချတဲ့ hotdog ပါပဲ။ သူတို့ဆိုင်က hotdog က တစ်လုံးကို (၁၆၉) ဒေါ်လာလောက်ရှိပါတယ်။

"Junni Ban" လို့နာမည်ပေးထားတဲ့ ဒီ hotdog ဟာ mustard ဟင်းနှစ်တို့၊ ဟင်းသီးဟင်းရွက်တို့ဆိုတဲ့ ပုံမှန် hotdog စံနှုန်းသတ်မှတ်ချက်တွေကို ကျော်လွန်ပြီး အထူးပြုလုပ်ထားတယ်လို့ဆိုပါတယ်။

ပါဝင်ပစ္စည်းတွေ

hot dog 1_tcm25-328980.jpg 

ဒီ Junni Ban hotdog ထဲမှာ ချိစ်နဲ့ပြုလုပ်ထားတဲ့ ဂျာမန်ဝက်အူချောင်း bratwurst ရယ်၊ ထောပတ်သုတ်ထားတဲ့ Teriyaki ကြက်သွန်နီရယ်၊ Maitake မှိုရယ်၊ Wagyu အမဲသားရယ်၊ ငန်းအသည်းရယ်၊ အနက်ရောင်မြေအောင်းမှိုရယ်၊ ငါးဥရယ်၊ ဂျပန်မရောနိစ်တို့ ပါဝင်တယ်လို့သိရပါတယ်။ ဒါတွေအကုန်လုံးကို brioche ပေါင်မုန့်ထဲမှာ ညှပ်ထားတာပါ။

ဂင်းနစ်မှတ်တမ်းဝင်ဖို့အတွက် Tokyo Dog ဆိုင်ဟာ အနည်းဆုံး hotdog တစ်လုံးရောင်းထွက်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဆိုင်ဖွင့်တဲ့နေ့မှာပဲ hotdog ကို ပူးပေါင်းဖန်တီးသူတွေဖြစ်တဲ့ Eugene Woo ၊ Samson Kwong ၊ Rocky Yeh တို့ဟာ တစ်ရက်တည်းမှာပဲ Junni Ban (၆) လုံးရောင်းထွက်ခဲ့ပါတယ်။

 

Junni Ban hotdog ဟာ ၂၀၁၂ ခုနှစ်တုံးက ကယ်လီဖိုးနီးယားပြည်နယ်က Capitol Dawg ဆိုင်မှာ (၁၄၅) ဒေါ်လာနဲ့ရောင်းချခဲ့တဲ့ "California Capitol City Dawg" ရဲ့စံချိန်ကို ချိုးခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံး hotdog ဖြစ်တဲ့ Junni Ban hotdog ကိုမှ တည်ခင်းဧည့်ခံလိုတဲ့ ဘောစိတွေအတွက်တော့ အနည်းဆုံး (၂) ပတ်ကြိုမှာရမှာဖြစ်ပါတယ်။

အခုုအချိန်မှာတော့ Tokyo Dog Food Truck ဟာ Seattle မြို့ထဲမှာလှည့်ပတ်သွားရင်း တခြားတန်ဖိုးနည်း menu တွေကိုပါ တည်ခင်းရောင်းချနေကြပါတယ်။ ဖန်တီးပြုလုပ်သူတွေကတော့ အခုလို ကမ္ဘာ့ဈေးအကြီးဆုံး hotdog ကို ဖန်တီးပြုလုပ်ခဲ့တာဟာ လူတွေက အရည်အသွေးမြင့် hotdog တွေကို ငွေပေးဝယ်ယူလိုတယ်လို့ ယုံကြည်လို့ပါပဲတဲ့။

Source: guinnessworldrecords

Share

Loading Next Article...
က္က