၁၉၅၄ ခုုနှစ်ကတည်းက စတင်ထူထောင်ခဲ့တဲ့ McDonald's ဆိုင်ဟာ နိုင်ငံပေါင်းတော်တော်များများမှာ သူတို့ရဲ့ franchise ဆိုင်တွေကို ဖွင့်လှစ်ခဲ့ကြပါတယ်။

McDonald's ဆိုတာ ကမ္ဘာကျော်ဟမ်ဘာဂါဆိုင်တစ်ဆိုင်ဖြစ်ပြီး အမြန်ရအစားအစာလောကမှာ ဘုရင်တစ်ဆူလို့လည်း ဆိုနိုင်ပါတယ်။ ၁၉၅၄ ခုုနှစ်ကတည်းက စတင်ထူထောင်ခဲ့တဲ့ McDonald's ဆိုင်ဟာ နိုင်ငံပေါင်းတော်တော်များများမှာ သူတို့ရဲ့ franchise ဆိုင်တွေကို ဖွင့်လှစ်ခဲ့ကြပါတယ်။

 

McDonald's ရဲ့ အလုံး သန်း (၁၀၀) မြောက် ဟမ်ဘာဂါကို ၁၉၅၈ ကတည်းက ရောင်းချနိုင်ခဲ့တာပါ။ နိုင်ငံတော်တော်များများမှာ McDonald's ဆိုင်ရှိတယ်ဆိုပေမဲ့ McDonald's ဆိုင်ကို ဖွင့်ခွင့်မပေးဘဲ ဘန်းထားတဲ့ နိုင်ငံတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့...

၁။ ဘာမြူဒါ

02_bermuda_countries-that-have-banned-mcdonald-s_603729377-editorial-andrew-f-kazmierski-760x506.jpg 

၁၉၉၅ ခုနှစ်ထိ ကာရေဘီကျွန်းဆွယ်ပေါ်က ဒီကျွန်းနိုင်ငံလေးပေါ်မှာ McDonald's ဘာဂါဆိုင်တစ်ဆိုင်ပဲ ရှိပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ တစ်ဆိုင်မှမရှိတော့ပါဘူး။ နိုင်ငံမှာ နိုင်ငံခြားမှ အမြန်ရ အစားအသောက်ဆိုင်တွေ ဖွင့်ခွင့်ကို ၁၉၇၀ ပြည့်နှစ် တွေကတည်းက ဥပဒေဖြင့် ပိတ်ပင်ခဲ့ပါတယ်။

McDonald's ကတော့ ဥပဒေထဲက ဟာပေါက်ကိုရှာပြီး ၁၉၈၅ ခုနှစ်မှာ အမေရိကန် လေတပ်စခန်းမှာ Mickey D's ဆိုတဲ့ နာမည်နဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၅ ခုနှစ်မှာ ပြန်ပိတ်ခဲ့ရပြီး အဲဒီအချိန်ကတည်းက ဘာမြူဒါနိုင်ငံမှာ McDonald's ဘာဂါဆိုင် မရှိတော့ပါဘူး။

၂။ အီရန်

03_iran_countries-that-have-banned-mcdonald-s_505715608-editorial-kanisorn-pringthongfoo-760x506.jpg 

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ အမေရိကန်နိုင်ငံနဲ့ ဒီအရှေ့အလယ်ပိုင်း နိုင်ငံလေးကြားက ဆက်ဆံရေးအခြေအနေတွေဟာ တင်းမာလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒီတော့ McDonald's လိုမျိုး အမေရိကန် franchise ဆိုင်တွေက ဒုက္ခတွေ့ရတာပါပဲ။ အီရန်နိုင်ငံမှာ McDonald's ဆိုင်တွေ မရှိခဲ့တာ ၁၉၇၉ ခုနှစ်ကတည်းကပါပဲ။

ဒါပေမဲ့ မကြာသေးမီက အီရန်နဲ့ အနောက်နိုင်ငံ တွေကြားက ဆက်ဆံရေး နည်းနည်းတိုးတက်လာတဲ့အတွက် McDonald's များ ပြန်လာနိုင်မလားလို့ လူတွေက မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ အီရန်မှာ McDonald's အစားထိုး Mash Donald's ဆိုတဲ့ ဆိုင်တစ်ဆိုင်က ရှိနေနှင့်ပြီးသားပါ။

၃။ မက်ဆီဒိုးနီးယား

04_macedonia_countries-that-have-banned-mcdonald-s_479597398-saiko3p-760x506.jpg 

ဗယ်လ်ကန်ဒေသမှာတည်ရှိတဲ့ ဥရောပနိုင်ငံငယ်လေးမှာတော့ အရင်တုန်းက McDonald's ဆိုင်လေးတွေ (၇) ဆိုင်ခန့် ရှိခဲ့ဖူးပါတယ်။ အဲဒီဆိုင်တွေက နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ Skopje မြို့မှာပဲ တည်ရှိတာပါ။ ဒါပေမဲ့ ၂၀၁၃ ခုနှစ်မှာ မက်ဆီဒိုးနီးယား နိုင်ငံရဲ့ McDonald's ဆိုင်ကို ဦးစီးနေတဲ့သူတွေက လိုင်စင်ကိုဆုံးရှုံးခဲ့ပြီး နဂိုရှိနေတဲ့ McDonald's ဆိုင်အားလုံးကို ပိတ်ပစ်လိုက်ရပါတယ်။ အဲဒီနောက်ပိုင်းကစပြီး မက်ဆီဒိုးနီးယား ဒေသမှာ McDonald's ဆိုင်ကို ထပ်မံဖွင့်လှစ်နိုင်ခြင်း မရှိတော့ပါဘူး။

၄။ ယီမင်

05_yemen_countries-that-have-banned-mcdonald-s_246814537-mohannad-khatib-760x506.jpg 

အရှေ့အလယ်ပိုင်းဒေသက ဒီနိုင်ငံငယ်လေးရဲ့ စီးပွားရေးက တည်ငြိမ်မှုမရှိတာတော့ အမှန်ပါပဲ။ ဒါကြောင့် McDonald's ရဲ့တာဝန်ရှိသူတွေက ဒီနိုင်ငံမှာ Franchise ဆိုင်ခွဲဖွင့်လှစ်တာဟာ စွန့်စားလွန်းရာကျတယ်လို့ ယူဆကြပါတယ်။ တခြားတစ်ဖက်မှာတော့ ယီမင်နိုင်ငံက အစွန်းရောက်အုပ်စုတွေဟာ နိုင်ငံထဲမှာ လာဖွင့်သမျှ McDonald's ဆိုင်တိုင်းကို တိုက်ခိုက်မယ်လို့ စစ်ကြေညာထားပါတယ်။

၅။ မြောက်ကိုရီးယား

07_north-korea_countries-that-have-banned-mcdonald-s_253792525-editorial-viktoria-gaman-760x506.jpg 

မြောက်ကိုရီးယားနဲ့ အမေရိကန်ကြားက တင်းမာမှုကို အားလုံးသိထားပြီးသားဆိုတော့ သူတို့ရဲ့နိုင်ငံတွင်းမှာ ဘာအမေရိကန် စီးပွားရေးလုပ်ငန်းကိုမှ ခြေချခံမှာ မဟုတ်တာကိုလည်း သိထားကြမှာပါ။ အဲဒီထဲမှာ McDonald's ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ဒါပေမဲ့ Telegraph သတင်းစာရဲ့ အဆိုအရ မြောက်ကိုရီးယား အစိုးရထိပ်တန်းခေါင်းဆောင်တွေဟာ သူတို့စားသုံးဖို့အတွက် တောင်ကိုရီးယားဘက်ကနေ McDonald's ဘာဂါတွေကို ခိုးသွင်းကြပါသတဲ့။

၆။ ဇင်ဘာဘွေ

08_zimbabwe_countries-that-have-banned-mcdonald-s_153346895-ulrich-mueller-760x506.jpg 

၂၀၀၀ ပြည့်နှစ်တုန်းကတော့ McDonald's ဟာ စီးပွားပျက်ကပ်ကြုံနေရတဲ့ အာဖရိကနိုင်ငံငယ်လေးကို မိတ်ဆက်ဖို့အတွက် ကြံစည်ခဲ့ပါတယ်။ နောက်ပိုင်းမှာ McDonald's ရဲ့တာဝန်ရှိသူတွေက နောက်ဆုတ်ဖို့ ဆုံးဖြတ်လိုက်သလို ဇင်ဘာဘွေနိုင်ငံကလည်း McDonald's ကို ဝင်ခွင့်မပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောင်လာမယ့်အနာဂတ်မှာ ဖြစ်လာနိုင်ခြေရှိတယ်လို့ ကောလဟာလတွေ ထွက်နေပေမယ့် McDonald's ရဲ့ တာဝန်ရှိသူတွေကတော့ အတည်ပြုဖို့ ငြင်းဆန်ထားပါတယ်။

Source: Reader's Digest

Share

Loading Next Article...
က္က