ဒီခေတ်ကြီးထဲမှာ အရက်၊ ဘီယာမသောက်တတ်တဲ့သူ ဆိုတာ ခပ်ရှားရှားပါ။

ဒီခေတ်ကြီးထဲမှာ အရက်၊ ဘီယာမသောက်တတ်တဲ့သူ ဆိုတာ ခပ်ရှားရှားပါ။ အနည်းဆုံးတော့ အလုပ်သဘောအရ social drink လောက်တော့ သောက်ကြတာပါပဲ။

 

ခေတ်ပေါ်လူငယ်တွေ တတ်သင့်တတ်အပ်တဲ့ အဌာရသပညာရပ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကော့တေးလ် (cocktail) စပ်နည်းကို တတ်ထားတာ မမှားပါဘူး။ ဒီနေ့မှာတော့ လူသိများတဲ့ ကော့တေးလ် တစ်မျိုးဖြစ်တဲ့ Mojito ကို ပုံစံကွဲပြုလုပ်ထားတဲ့ ဘလူးဘယ်ရီ mojito ကော့တေးလ်စပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

Screenshot-2018-3-12 (7) Blueberry Mojito - YouTube(1).png 

ဘလူးဘယ်ရီသီး (၁၀) လုံး၊ ရိုးရိုးသကာရည် (သကြားပျော်ရည်) (၁) အောင်စ၊ ရေခဲလက်တစ်ဆုပ်စာ၊ သံပုရာဖျော်ရည် (ဝ.၅) အောင်စ၊ ဆိုဒါ (၁.၅) အောင်စ၊ ရမ်အရက် (၁.၅) အောင်စ၊ ပူစီနံရွက် (၇) ရွက်ခန့်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး ဖန်ခွက်ရှည်တစ်လုံးထဲကို ဘလူးဘယ်ရီသီး (၁၀) လုံးခန့် ထည့်ပေးလိုက်ပါ။ အဲဒီဖန်ခွက်ထဲကို ရိုးရိုးသကာရည် (သကြားပျော်ရည်) (၁) အောင်စကိုလည်း ရောပေးလိုက်ပါ။ ပြီးရင် သစ်သားကျည်ပွေ့ အသေးတစ်ချောင်းနဲ့ အသာလေး ဖိခြေပေးလိုက်ပါ။ ဖန်ခွက်ရှည်ထဲကို ရေခဲလက်တစ်ဆုပ်စာခန့်လည်း ထည့်ပေးလိုက်ပါ။

 

ပြီးရင် သံပုရာဖျော်ရည် (ဝ.၅) အောင်စရယ်၊ ဆိုဒါ (၁.၅) အောင်စရယ်၊ ရမ်အရက် (၁.၅) အောင်စရယ်ကိုလည်း ဖန်ခွက်ရှည်ထဲ ထည့်ပေးလိုက်ပါဦး။ ပူစီနံရွက် (၄) ရွက်ကို ရေစင်အောင်ဆေးပြီး လက်ဝါးထဲမှာ ပွတ်ခြေပေးပြီး ဖန်ခွက်ထဲကို ထည့်လိုက်ပါ။ ပြီးရင် ဇွန်းရှည်တစ်ချောင်းနဲ့ ဖန်ခွက်အောက်ခြေထိရောက်အောင် ပို့ပေးလိုက်ပါ။ ကော့တေးလ်အပေါ်မှာတော့ ပူစီနံရွက်လေးတွေကို တင်ထားပေးလိုက်ပါဦး။ ပြီးရင်တော့ ဘလူးဘယ်ရီ mojito အေးအေးလေးကို စိတ်တိုင်းကျသုံးဆောင်နိုင်ပါပြီနော်။

Source: Shared Foods

Share

Loading Next Article...
က္က