မြန်မာနိုင်ငံရဲ့ အစားအသောက်ပြပွဲတွေ၊ စားသောက်ကုန်ပစ္စည်းဆိုင်ရာပြခန်းတွေနဲ့ ဟိုတယ်လုပ်ငန်းသုံးပစ္စည်းတွေကို တစ်နေရာတည်းမှာ စုစည်းပြသခဲ့တဲ့ Myan Food and Hotel 2017 ကို နိုဝင်ဘာ ၁ ရက်မှ ၄ ရက်နေ့အထိ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းက MEP မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ မြန်မာနိုင်ငံက ထူးခြားကောင်းမွန်တဲ့ အစားအသောက်တွေနဲ့ စားသောက်ကုန်ပစ္စည်းပြပွဲတွေကို လေ့လာလိုသူတွေအတွက်တော့ တကယ်ပဲ ထူးခြားခဲ့ပါတယ်။ Myan Food and Hotel 2017 ရဲ့ စိတ်ဝင်စားစရာကောင်းပြီး လူကြိုက်များခဲ့တဲ့ အစီအစဉ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

play

 

ဓူဝံအဖွဲ့သားတွေက ဒီပွဲရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၄ ရက်နေ့မှာ သွားရောက်လေ့လာဖြစ်ခဲ့ကြတာပါ။ ပွဲမှာ အဓိက ပြသ ရောင်းချနေတဲ့အထဲမှာ မြန်မာမုန့်မျိုးစုံ၊ မြန်မာ့ကော်ဖီနဲ့ ကိတ်မုန့်ပေါင်မုန့်လုပ်ငန်းသုံး စက်ပစ္စည်းတွေ၊ ဟိုတယ်လုပ်ငန်းသုံးပစ္စည်းတွေကိုလည်း တွေ့ရပါတယ်။ လာရောက်သူတွေအနေနဲ့လည်း လက်တွေ့လေ့လာမြည်းစမ်းလို့လည်း ရပါတယ်။ ကိတ်မုန့်တွေကို ခရင်မ်အသုံးပြုပြီး အလှဆင်ပုံဖော်တာတွေကိုလည်း တွေ့ရတယ်။

play

 

နောက်ပြီးတော့ ရေခဲပန်းပုပြိုင်ပွဲလည်း ပြုလုပ်ခဲ့သလို လတ်တေးကော်ဖီနဲ့ ပုံဖော်ပြီး ယှဉ်ပြိုင်ရတဲ့ Latte Art Champion ပြိုင်ပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲကို World Latte Art Champion 2017 ကိုယ်တိုင် လာရောက်ခဲ့ပြီး လက်တွေ့သရုပ်ဖော်ပြခဲ့တာလည်း တွေ့ရတယ်။ လတ်တေးကော်ဖီကို ဘယ်လိုမျိုး အလှဆင်သလဲဆိုတာ တိုက်ရိုက်ကြည့်ရှုခွင့်ရခဲ့ပါတယ်။

play

 

ဒါ့အပြင် အခြား စားသောက်ကုန်ပစ္စည်းတွေကိုလည်း ခင်းကျင်းပြသခဲ့ပါတယ်။ သစ်သီးအလှပုံဖော်တဲ့ သစ်သီးပန်းပုပြိုင်ပွဲတွေကိုလည်း မြင်ရပါသေးတယ်။

 

play

 

Food and Hotel ပြပွဲတွေကို နှစ်စဉ် ကျင်းပမှာဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွက် ပွဲတွေကိုတော့ လာအို၊ ကမ္ဘောဒီးယားတို့မှာ ပြုလုပ်ဦးမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ လဆန်းမှာ ပြန်လည်ပြုလုပ်ဦးမှာဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video