မြန်မာ့ရိုးရာ အစားအစာတွေကိုမှ နှစ်သက်မြတ်နိုးပါတယ် ဆိုသူတွေနဲ့ မြန်မာအစားအစာတွေကို မြည်းစမ်းကြည့်လိုတဲ့ နိုင်ငံခြားသားတွေအတွက် ကျင်းပပြုလုပ်တဲ့ Myanmar Food Festival ပွဲတော်ကို Sedona Hotel Yangon မှ D’Cuisine စားသောက်ဆိုင်မှာ ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်လျက်ရှိပါတယ်။ အဆိုပါ ပွဲတော်ကို ဇန်နဝါရီလ ၃၁ ရက်နေ့အထိ နေ့စဉ် နေ့လယ်စာနဲ့ ညစာ မိမိနှစ်သက်ရာကို ရွေးချယ်သုံးဆောင်နိုင်မှာဖြစ်ပါတယ်။



 

ဘူဖေး စတင်ရရှိနိုင်သော အချိန်များမှာ -

နေ့လယ်စာ -

တနလာၤနေ့ မှ သောကြာနေ့ (နံနက် ၁၁း၃၀ နာရီ မှ နေ့လယ် ၂း၃၀ နာရီ အထိ) - တစ်ဦးလျှင် ၂၅ ဒေါ်လာ

စနေ၊ တနင်္ဂနွေ နှင့် အစိုးရ ရုံးပိတ်ရက်များ (နံနက် ၁၁း၃၀ နာရီ မှ နေ့လယ် ၃း၀၀ နာရီ အထိ) - တစ်ဦးလျှင် ၃၃ ဒေါ်လာ (သန့်ရှင်းလတ်ဆတ်သော ပင်လယ်စာ စားပွဲ၊ အသားကင်နှင့် ဝိုင် အခမဲ့ သောက်သုံးခွင့်တို့ ပါဝင်ပါသည်။)

ညစာ -

တနလာၤနေ့ မှ ကြာသပတေးနေ့ (ညနေ ရး၀၀ နာရီ မှ ည ၁၁း၀၀ နာရီ အထိ) - တစ်ဦးလျှင် ၃၃ ဒေါ်လာ

သောကြာနေ့ နှင့် စနေ၊ တနင်္ဂနွေ အားလပ်ရက်များ (ညနေ ရး၀၀ နာရီ မှ ည ၁၁း၀၀ နာရီ အထိ) - တစ်ဦးလျှင် ၃၆ ဒေါ်လာ (သန့်ရှင်းလတ်ဆတ်သော ပင်လယ်စာ စားပွဲ၊ အသားကင်နှင့် ဝိုင် အခမဲ့ သောက်သုံးခွင့်တို့ ပါဝင်ပါသည်။)

 

ပွဲတော်မှာ တည်ခင်းမယ့် ဟင်းလျာတွေကိုတော့ Sedona Hotel Yangon ရဲ့ Executive Chef ဖြစ်သူ Mr Edmund Ng နဲ့ အရည်အချင်း ပြည့်ဝတဲ့ မြန်မာ စားဖိုမှူးတွေ ပါဝင်တဲ့ အချက်အပြုတ်အဖွဲ့က အထူးစီစစ် ရွေးချယ်ထားတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ အရသာရှိတဲ့ မြန်မာ့ရိုးရာ အစားအစာတွေကို တစ်နေရာထဲမှာ စားသုံးနိုင်တဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။

 

Myanmar Food Festival ပွဲတော်ရှိ အသုပ်စုံစားပွဲမှာတော့ များပြားလှတဲ့ ပါဝင်ပစ္စည်းတွေထဲကမှ မိမိနှစ်သက်ရာကို ရွေးချယ်ပြီး ကိုယ်ပိုင် မြန်မာအသုပ်စုံကို ဖန်တီးစားသုံးနိုင်ပါတယ်။ အကြော်စားပွဲမှာ မြန်မာလူမျိုးများအကြိုက် တန်ပူရာစတိုင် ဗူးသီးကြော်၊ ရှမ်းရိုးရာ တိုဟူးကြော်နှင့် ပုဇွန်ခွက်ကြော်တို့ ပါဝင်ပြီး ဟင်းချိုစားပွဲမှာတော့ မြန်မာ့ရိုးရာ မျှစ်ပုဇွန် ချဉ်ပေါင်ဟင်းရည်၊ ပဲကြာဆံဟင်းချို တို့ဖြင့် တည်ခင်းထားပါတယ်။

 

အဓိကဟင်းလျာများအဖြစ် မြန်မာ့ရိုးရာ ဆီပြန်ဟင်းများ၊ မြန်မာစတိုင် ဆာတေးနဲ့ အသီးအရွက်ကြော်တွေကိုလည်း အရသာရှိရှိ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ Myanmar Food Festival ပွဲတော် ဘူဖေးအစီအစဉ်မှာ Sedona Hotel Yangon မှာ ပုံမှန်တည်ခင်းထားတဲ့ အနောက်တိုင်းအစားအစာတွေနဲ့ အချိုပွဲ ဘူဖေးတွေကိုပါ အတူတကွ သုံးဆောင်နိုင်မှာ ဖြစ်ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က