Food & Recipe: National Geographic ရဲ့ ခရီးသွားဓာတ်ပုံပြိုင်ပွဲဝင် ဓာတ်ပုံများ

ကမ္ဘာတစ်ဝန်းက လှပတဲ့ သဘာဝရှုခင်းဓာတ်ပုံတွေကို မြင်တွေ့ရမှာပါ။

National Geographic က ပြုလုပ်တဲ့ Travel Photographer of the Year ဓာတ်ပုံပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ထားတဲ့ ဓာတ်ပုံဆရာတွေရဲ့ အံ့မခန်းဖွယ် ဓာတ်ပုံလက်ရာများ ဖြစ်ပါတယ်။

play


- ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွန်ဂီရထားဘူတာရုံမှ မြင်ကွင်းတစ်ခုကို ဓာတ်ပုံဆရာ ဒေးဗစ်နမ်က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

play


- ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ အဆောက်အအုံတစ်ခုရဲ့ ၁၂ ထပ်မှ ဓာတ်ပုံဆရာ ကင်ဖန်ဝန်း ရိုက်ကူးထားတဲ့ ဓာတ်ပုံလက်ရာ ဖြစ်ပါတယ်။

play


- တောင်အာဖရိကမှာ ကျွဲတွေ ရေသောက်နေတဲ့ မြင်ကွးင်းကို ဓာတ်ပုံဆရာ အဲလီဆန် လန်ဂီဗက်က လက်ရာမြောက် ရိုက်ကူးထားတဲ့ ပုံဖြစ်ပါတယ်။

play


- တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့အနီး ကမ်းလွန်မှာ မြင်တွေ့ရတဲ့ ငါးမန်တစ်ကောင်ကို ဓာတ်ပုံဆရာ ထရေစီ ဂျန်နင်းစ်က ရိုက်ကူးထားပါတယ်။

play


- ဆွစ်ဇာလန်နိုင်ငံမှ လှပတဲ့ သဘာဝရှုခင်းကို ဓာတ်ပုံဆရာ ဘွတ်ခီချီနာ မလစ်ခ် ရိုက်ကူးထားတဲ့ အံ့မခန်းဖွယ် ဓာတ်ပုံလက်ရာ ဖြစ်ပါတယ်။

play


- ဘန်ကောက်မြို့ရဲ့ ညရှုခင်းကို ဓာတ်ပုံဆရာ ကဂျန်း မက်ရက်စ်မေးလ်က ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

play


- အိန္ဒိယနိုင်ငံ ရောင်စုံဆေးမှုန်များဖြင့် ဖြန်းပက်တဲ့ ပွဲတော်မြင်ကွင်းကို ဓာတ်ပုံဆရာ ကလော်ဒီယို ဆီရီလီက ရိုက်ကူးထားတာပါ။

play


- ကာဇက်စတန်နိုင်ငံမှ မြင်းထိန်းကျောင်းသူတွေနဲ့ မြင်းအုပ်စုမြင်ကွင်းကို ဓာတ်ပုံဆရာ ရိုင်ယန်ဘဲလ်က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

play


- အီတလီနိုင်ငံ အလယ်ပိုင်းရှိ တူစကင်နီဒေသရဲ့ သဘာဝရှုခင်းကို ဓာတ်ပုံဆရာ ဂလိုဗန်နီ မိုဒက်စ်လီ ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

play


- တန်ဇန်းနီးယားနိုင်ငံ ဆီရင်ဂက်တီ အမျိုးသားဥယျာဉ်အနီး ပန်းခင်းထဲမှ မြင်းကျားတစ်ကောင်ကို ဓာတ်ပုံဆရာ ယူဗဲလ်အိုဖက်က ရိုက်ကူးထားတဲ့ ဓာတ်ပုံပါ။

play


- အိုက်စလန်းတောင်ပိုင်းမှ မြစ်တစ်စင်းအပေါ်မှာ ရဟတ်ယာဉ်ဖြင့် သွားရောက်ရိုက်ကူးထားတဲ့ ဓာတ်ပုံလက်ရာပါ။ ဓာတ်ပုံဆရာက စတီဖင်ကင်း ဖြစ်ပါတယ်။

play


- အမေရိကန်နိုင်ငံမှ နာမည်ကျော် Golden Gate တံတားကို ဓာတ်ပုံဆရာ ဂျိုးမာဖီက အဖြူအမည်း ပုံစံဖြင့် ရိုက်ကူးထားတဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။

play


- သြစတြေးလျ အနောက်ပိုင်း နမ်ဘန်းအမျိုးသားဥယျာဉ်အတွင်းမှ မြင်ကွင်းကို ဓာတ်ပုံဆရာ ဆမ်ယစ်ခ်က မှတ်တမ်းတင်ထားပါတယ်။

play


- အာဖရိက သဲကန္တာရမြင်ကွင်းကို ဓာတ်ပုံဆရာ စတီဖင်ဖော်စတာ ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

play


- အမေရိကန်နိုင်ငံ မွန်တာနာရှိ ဂလေစီယာ အမျိုးသားဥယျာဉ်မှ နေထွက်ချိန် မြင်ကွင်းကို ဓာတ်ပုံဆရာ မန်နစ်ရှ် မမ်တနီက ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

National Geographic ဓာတ်ပုံပြိုင်ပွဲဝင် ဓာတ်ပုံတွေကို မေလ ၂၇ ရက်အထိ လက်ခံခဲ့ပါတယ်။ ဓာတ်ပုံပြိုင်ပွဲမှာ ဆုရတဲ့ ဓာတ်ပုံဆရာဟာ ခုနစ်ရက်ကြာမြင့်မယ့် အာတိတ်ဒေသ ဓာတ်ပုံရိုက်ကူးမှု ခရီးစဉ်ကို သွားရောက်ခွင့်ရမှာ ဖြစ်ပါတယ်။
Source & Photo: Daily Mail, NGC's Travel Photographer of the Year

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ