Pork Chop ကို အိမ်မှာ လုပ်စားချင်သူတွေအတွက် ကြက်သွန်ဖြူဆော့စ် Pork Chop လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဝက်သားကင် (Pork Chop) တို့၊ အမဲကင် (Beef Steak) တို့ကို ကောင်းကောင်းစားချင်ရင် ဆိုင်တော်တော်ရွေးမှ တော်ကာကျတာပါ။ ရန်ကုန်မှာ ဥရောပအစားအစာဆိုင်တွေ ပေါလာပေမဲ့ Onyx တို့၊ Astons တို့မှာလောက်ပဲ အရသာကောင်းကောင်း စားရတာပါ။

 

Pork Chop ကို အိမ်မှာ လုပ်စားချင်သူတွေအတွက် ကြက်သွန်ဖြူဆော့စ် Pork Chop လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

Screenshot-2018-3-5 Sticky Garlic Pork Chops - YouTube(2).png 

ပါဝင်ပစ္စည်းတွေကတော့ ပျားရည် (၂) ဇွန်း၊ ပန်းသီးရှာလကာရည် (၂) ဇွန်း၊ ပဲငံပြာရည် (အနောက်) (၁) ဇွန်းခွဲ၊ ရေ (၁) ခွက်၊ ခရမ်းချဉ်သီးဆော့စ် (၁) ခွက်၊ ငရုပ်သီးဆော့စ် (၁) ခွက်၊ ကြက်သွန်ဖြူထောင်း (၃) ဇွန်း၊ အဆီမပါတဲ့ ဝက်ဝမ်းပျဉ်းသား (၃) တုံး (လက်တစ်ဝါးစာခန့်) တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

Screenshot-2018-3-5 Sticky Garlic Pork Chops - YouTube(1).png 

ပျားရည် (၂) ဇွန်း၊ ပန်းသီးရှာလကာရည် (၂) ဇွန်း၊ ပဲငံပြာရည် (အနောက်) (၁) ဇွန်းခွဲ၊ ရေ (၁) ခွက်၊ ခရမ်းချဉ်သီးဆော့စ် (၁) ခွက်၊ ငရုပ်သီးဆော့စ် (၁) ခွက်၊ ကြက်သွန်ဖြူထောင်း (၃) ဇွန်းတို့ကို ပန်းကန်လုံး (၁) လုံးထဲထည့်ပြီး ရောမွှေပေးလိုက်ပါ။ ပြီးရင် ရလာတဲ့ ဆော့စ်ကို ဘေးခန ဖယ်ထားလိုက်ပါ။

အဆီမပါတဲ့ ဝက်ဝမ်းပျဉ်းသား (၃) တုံး (လက်တစ်ဝါးစာခန့်) ကို လေလုံ ပလတ်စတစ်အိတ် (Ziploc bag) ထဲကို ထည့်ထားပေးလိုက်ပါ။ ခုနက ဘေးဖယ်ထားတဲ့ ကြက်သွန်ဖြူဆော့စ်ကိုတော့ ziploc အိတ်ထဲကို လောင်းထည့်ပြီး ရေခဲသေတ္တာထဲမှာ တစ်ညသိပ်ထားပေးလိုက်ပါ။

 

နောက်နေ့ကျရင် ဒယ်အိုးကို ဆီနည်းနည်းထည့်ပြီး အပူပေးပြီး ziploc အိတ်ထဲက ဝက်သားတုံးတွေကို ဒယ်အိုးထဲ ထည့်ပေးလိုက်ပါ။ မိနစ်အနည်းငယ် ကြော်ပေးပြီး အရောင်ပြောင်းလာရင် ထက်အောက်လှန်ပေးလိုက်ပါ။ ဝက်သားပြားတွေ ကျက်လောက်ပြီဆိုရင် ဒယ်အိုးထဲက ယူထုတ်လိုက်ပြီး ပန်းကန်ပြား (၁) ချပ်ထဲ ထည့်ပေးလိုက်ပါ။

 

ခုနက ziploc အိတ်ထဲမှာ ကျန်ခဲ့တဲ့ ကြက်သွန်ဖြူဆော့စ်ကို ဒယ်အိုးထဲ ပြန်လောင်းထည့်လိုက်ပါ။ ခနအပူပေးလိုက်ပြီး ဆော့စ်ပူလာပြီဆိုရင် ဝက်သားပြားတွေကို ဒယ်အိုးထဲ ပြန်ထည့်ပေးလိုက်ပါ။ ဝက်သားကင် (Pork Chop) ထဲမှာ ကြက်သွန်ဖြူဆော့စ်တွေ ကောင်းကောင်းစိမ့်ဝင်သွားပြီဆိုရင် ဆယ်ထုတ်ပြီး ထမင်းဖြူပန်းကန်ထဲ ထည့်ပုံပေးလိုက်ပါ။

 

ပြီးရင်တော့ ချိုချဉ်မွှေး အရသာလေးတွေ ပေါင်းစပ်ထားတဲ့ ကြက်သွန်ဖြူဆော့စ် ဝက်သားကင် (Pork Chop) လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Shared Food

Share

Loading Next Article...
က္က