Food & Recipe: စပိန်စတိုင်လ် ခရမ်ဘယ်ရီ ပန်းသီးရှာလကာ Sangria ပန့်ခ်ျဖောက်ကြမယ်

Sangria ဆိုတာ စပိန်ပန့်ခ်ျဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ ဝိုင်နီထဲမှာ ရာသီပေါ်သစ်သီးလေးတွေ ရောယှက်ပြီး သောက်သုံးရတဲ့ အဖျော်ယမကာတစ်မျိုးဖြစ်ပြီး ရာသီမရွေး သောက်သုံးနိုင်ပါတယ်။

Sangria ဆိုတာ စပိန်ပန့်ခ်ျဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ ဝိုင်နီထဲမှာ ရာသီပေါ်သစ်သီးလေးတွေ ရောယှက်ပြီး သောက်သုံးရတဲ့ အဖျော်ယမကာတစ်မျိုးဖြစ်ပြီး ရာသီမရွေး သောက်သုံးနိုင်ပါတယ်။ ပါတီပွဲတွေ၊ ကမ်းခြေညစာစားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာ လူကြိုက်များသူတစ်ဦးဖြစ်ချင်ရင် Sangria ပန့်ခ်ျဖောက်နည်းလေး သိထားဖို့တော့ လိုမယ်နော့။

play

 

ဒီနေ့ ဖော်ပြပေးမယ့် Sangria ကတော့ ခရမ်ဘယ်ရီ ပန်းသီးရှာလကာ Sangria ဖျော်စပ်နည်းလေးပဲ ဖြစ်ပါတယ်။ ဒီစပိန်စတိုင်လ် ပန့်ခ်ျလေးဟာ မချိုလွန်း၊ မချဉ်လွန်းတဲ့ အရသာရှိပြီး လတ်ဆတ်တဲ့ သစ်သီးတွေနဲ့အတူ ထူးခြားတဲ့ အရသာကို တွေ့ထိခွင့်ရမှာပါ။

ပါဝင်ပစ္စည်းများ

play
 

ပါဝင်ပစ္စည်းတွေကတော့ (၇၅၀) မီလီလီတာဝင် ဝိုင်နီတစ်ပုလင်း၊ ပန်းသီးရှာလကာရည် အပျော့စား (၃) ခွက်၊ သကြားမပါတဲ့ ခရမ်ဘယ်ရီ (cranberry) သီးဖျော်ရည် တစ်ခွက်၊ Triple Sec တံဆိပ် လိမ္မော်အရက်ချို (၁/၂) ခွက်၊ ပျားရည် (၁/၂) ခွက်၊ ခရမ်ဘယ်ရီသီး လတ်လတ်ဆတ်ဆတ် တစ်ခွက်၊ sparkling water တစ်ခွက်၊ အတုံးလေးတွေဖြစ်အောင် စိတ်ထားတဲ့ ပန်းသီးတစ်ခွက်၊ သစ်ကြံပိုးခေါက်ချောင်း အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။ သစ်ကြံပိုးခေါက်ချောင်းကိုတော့ ပိုက်အဖြစ် အသုံးပြုရမှာပါ။

ပြုလုပ်နည်း

 

ပါဝင်ပစ္စည်းအားလုံး စုံပြီဆိုရင်တော့ ပန့်ခ်ျဖျော်ရည်လေးကို စဖျော်နိုင်ပါပြီ။ အရင်ဆုံး ဖန်ခရားအကြီးတစ်လုံးထဲမှာ ဝိုင်နီရယ်၊ ပန်းသီးရှာလကာရည်အပျော့ရယ်၊ ခရမ်ဘယ်ရီသီးဖျော်ရည်ရယ်၊ လိမ္မော်အရက်ချိုရယ်၊ ပျားရည်ရယ်ကို ဖော်ပြပါ ပမာဏအတိုင်း ရောစပ်ပေးလိုက်ပါ။ ပြီးရင်တော့ ခရမ်ဘယ်ရီသီးနဲ့ ပန်းသီးစိတ်လေးတွေကို ထည့်ပေးလိုက်ပါ။

play

 

ပန်းသီးစိတ်လေးတွေကို အခွံခွာပြီးမှ အတုံးလေးတွေ တုံးရင် အရသာပိုမိုကောင်းမွန်ပါတယ်။ ပန်းသီးရှာလကာရည်ကတော့ အပျော့သုံးနိုင်ရင် ပိုကောင်းပါတယ်။ အပြင်းကကျတော့ အက်ဆစ်ဓာတ်များပြီး ပန့်ခ်ျရဲ့ အရသာကို ပျက်ဆီးစေနိုင်ပါတယ်။ ပြီးရင်တော့ ဇွန်းလေးတစ်ချောင်းနဲ့ မွှေပေးပြီး ရေခဲတုံး (၃) (၄) တုံးရယ်၊ sparkling water ရယ် အပေါ်ကအုပ်ပေးနိုင်ပါပြီ။ ဒါဆိုရင် စပိန်စတိုင်လ် ခရမ်ဘယ်ရီ ပန်းသီးရှာလကာ Sangria ပန့်ခ်ျဖျော်ရည်လေးကို အသင့်သောက်သုံးနိုင်ပါပြီ။

 

ယခုဖော်ပြထားတဲ့ ဖျော်စပ်နည်းက လူခြောက်ယောက်စာ ဖြစ်တဲ့အတွက် ခွက်ခြောက်ခွက်ထဲမှာ ခွဲထည့်ပြီး သစ်ကြံပိုးခေါက် ချောင်းလေးတွေ လိုက်တပ်လိုက်ရင် ပါတီပွဲတွေမှာ အသင့်သောက်သုံးနိုင်တဲ့ ပန့်ခ်ျဖျော်ရည်လေး ဖြစ်သွားပြီပေါ့။

Source: flavourandsavour

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ