AD
AD
AD
play

 

သာမာန်သစ်သီးဖျော်ရည်မဟုတ်ဘဲ ဟင်းသီးဟင်းရွက်တွေနဲ့ အခြားအရာတွေ ထည့်သွင်းထားတဲ့ smoothie ဖျော်ရည်ဟာ ကျန်းမာရေးအတွက် ပိုပြီးကောင်းမွန်ပါတယ်။ ရိုးရိုးအသီးဖျော်ရည်မှာ သစ်သီးနဲ့ သကြား၊ နို့တို့သာ ပါဝင်ပေမဲ့ smoothie ကောင်း တစ်ခွက်မှာတော့ ဒီ့ထက်မက ပါဝင်ပါတယ်။ အကောင်းဆုံး smoothie ဖြစ်ဖို့ ဒီအချက်တွေကို လိုက်နာပြီး ပြုလုပ်နိုင်ပါတယ်။

၁။ အချို

အချိုဓာတ်များတဲ့ အရာတွေကို အကန့်အသတ်လေးနဲ့ထည့်ပါ။ အချိုဓာတ်ပေးနိုင်တဲ့ အဓိကအရာဖြစ်တဲ့ သကြားကို ရှောင်ပြီး အဆီမပါတဲ့နို့၊ အယ်လ်မွန်စေ့နဲ့ အုန်းသီးတို့ကို ထည့်လို့ရပါတယ်။

play

 

၂။ ဟင်းသီးဟင်းရွက်

ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း ထည့်ပေးရပါမယ်။ ဥပမာ ဟင်းနုနွယ်ရွက်၊ မုန်လာဥနီနဲ့ တရုတ်နံနံကြီးတို့က တကယ်ကိုကောင်းတဲ့ အရာတွေပါ။

၃။ ပရိုတိန်း

အသားဓာတ်လို့ခေါ်တဲ့ ပရိုတိန်းဓာတ်လည်း ပါဝင်ပါစေ။ ပဲနို့၊ အဆီနည်းတဲ့ ဒိန်ချဉ်တို့ဟာ အသားဓာတ်ကို ပေးနိုင်ကြပါတယ်။

play

 

၎။ အခြားကောင်းမွန်တဲ့အရာ

ထောပတ်သီး၊ ကိုကိုးမှုန့်၊ အုတ်ဂျုံတို့လို ကျန်းမာရေးကောင်းမွန်စေတဲ့အရာတွေလည်း ထပ်ထည့်နိုင်ပါသေးတယ်။

၅။ ကယ်လိုရီတွက်ပါ

ကိုယ်ဖျော်လိုက်တဲ့ smoothie တစ်ခွက်စာမှာ ကယ်လိုရီဘယ်လောက်ပါဝင်နေမလဲဆိုတာ တွက်ဖို့မမေ့ပါနဲ့။ မနက်စာအနေနဲ့သောက်မယ့် smoothie တစ်ခွက်မှာ ကယ်လိုရီ ၄၀၀ ပါဝင်တာ ကိစ္စမရှိပါဘူး။ နေ့လယ် အဆာပြေသောက်မယ့် smoothie တစ်ခွက်စာမှာတော့ ကယ်လိုရီ ၂၀၀ ဝန်းကျင်ပဲရှိမယ်ဆို လုံလောက်ပါပြီ။

Source : Everydayhealth

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD