Food & Recipe: ငှက်ပျောကော်ဖီ Smoothie ဖျော်နည်း

အကုန်ကောက်ထည့်ပြီး မွှေလိုက်ရုံပါပဲ

ငှက်ပျောသီးနဲ့ ကော်ဖီဖျော်ရည်က ကျန်းမာရေးနဲ့ ညီညွတ်ပြီး အားအင်ပြည့်ဝစေပါတယ်။ ဒါ့ကြောင့် တစ်နေ့တာ စတင်ခြင်းအတွက် လန်းဆန်းတက်ကြွစေမယ့် ကောင်းမွန်တဲ့ စားသောက်ဖွယ်ရာတစ်ခုလို့ ပြောလို့ရပါတယ်။ မနက်စာ အတွက်လည်း သင့်တော်ပြီး ဖျော်ရတာ မြန်တဲ့အတွက်ကြောင့် နေ့တိုင်းသောက်ဖြစ်နေတဲ့ ဖျော်ရည်လေးပါ။ ငှက်ပျော်သီး၊ ကော်ဖီနဲ့ နို့ဖျော်ရည် ဖျော်တော့မယ်ဆိုရင် လိုအပ်တာတွေက

play

 

ကော်ဖီအေး (၁) ခွက်

ငှက်ပျောသီး (၁) လုံး

ဒိန်ချဉ် (၁/၂) ခွက်

သကြားရည် ထမင်စားဇွန်း (၁) ဇွန်း

ရေခဲတုံး

play

 

ပြင်ဆင်ပုံပြင်ဆင်နည်း

ပါဝင်ပစ္စည်းအားလုံးကို ဖျော်ထည့်စက်ထဲ ရောထည့်ပြီး တစ်သားတည်း မဖြစ်မချင်း ရောသမမွှေလိုက်ပါ။ လိုချင်တဲ့ ဖျော်ရည် အပျစ်အကျဲကို စိတ်ကြိုက်အနေအထားရဖို့ ရေခဲကို လိုသလို ထပ်ထည့်ပြီး မွှေပါ။ ပြီးတာနဲ့ ချက်ချင်း သုံးဆောင်နိုင်ပါပြီ။

ငှက်ပျောကော်ဖီ Smoothie ဖျော်နည်း

 

Source : Finelivingadvice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ