သစ်သီးဝလံတွေကို ဒီတိုင်းစားတာထက် smoothie လုပ်သောက်တာက အရသာလည်းပိုရှိပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အပြည့်အဝရရှိစေပါတယ်။

သစ်သီးဖျော်ရည် (smoothie) တွေဟာ သောက်လို့ကောင်းပြီး ကိုယ်ကာယကျန်းမာရေးလေ့ကျင့်ခန်းလုပ်နေသူတွေအတွက်တော့ အလွန်ကောင်းမွန်တဲ့ အထောက်အပံ့တွေပဲဖြစ်ပါတယ်။အဓိကကတော့ သစ်သီးဖျော်ရည် (smoothie) တွေဟာ ပြင်ဆင်ချိန်နည်းပါးပြီး ပြုလုပ်ရလွယ်ကူလို့ လူအများနှစ်သက်ကြတာပါ။ နောက်ပြီး သစ်သီးဝလံတွေကို ဒီတိုင်းစားတာထက် smoothie လုပ်သောက်တာက အရသာလည်းပိုရှိပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အပြည့်အဝရရှိစေပါတယ်။



 

အောက်မှာဖော်ပြထားတဲ့ smoothie လုပ်နည်းလေးတွေကတော့ အဆီတွေကိုလောင်ကျွမ်းစေခြင်း၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း၊ ဇီဝကမ္မဖြစ်စဉ်တွေကို မြှင့်တင်ပေးခြင်းဖြင့် ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေတဲ့ smoothie ဖျော်စပ်နည်း လေးတွေပဲဖြစ်ပါတယ်။ ဝမ်းဗိုက်ပေါ်က အဆီပိုတွေကို ဖယ်ရှားပစ်ဖို့ အဆင်သင့်ပဲလား။

၁။ ပန်းသီး သံပုရာ smoothie

2.-Apple-Dried-Figs-And-Lemon-Smoothie.jpg 

ပါဝင်ပစ္စည်းတွေကတော့ အလတ်စားအရွယ်ပန်းသီး (၂) လုံး၊ သဖန်းသီးခြောက် (၁) လုံး၊ သံပုရာသီး တစ်ခြမ်း၊ ဆားအနည်းငယ် တို့ပဲ ဖြစ်ပါတယ်။

ပန်းသီးတွေမှာ ပန်းနာရင်ကြပ်ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ဆီးချိုရောဂါကို လျော့ကျစေတဲ့ phytonutrient ကြွယ်ဝစွာပါဝင်ပြီး ကိုလက်စထရောတွေကိုလည်း လျှော့ချပေးပါတယ်။ သဖန်းသီး ကတော့ အမျှင်ဓာတ်ကြွယ်ဝပြီး အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။ သံပုရာသီးကတော့ ခန္ဓာကိုယ်ထဲက အက်ဆစ်ဓာတ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ နောက်ပြီးတော့ သံပုရာသီးဟာ အသည်းအဆိပ်သန့်စင်ခြင်း၊ အဏုဇီဝပိုးမွှားဖယ်ရှားခြင်းတို့မှာလည်း ကူညီလုပ်ဆောင်ပေးနိုင်ပါတယ်။

ပြုလုပ်နည်းကတော့ ပန်းသီးကို ရေစင်အောင် အရင်ဆေးလိုက်ပြီး အူတိုင်ကိုုထုတ်လိုက်ပါ။ ပြီးရင် ပန်းသီးအသားကို အစိတ်လေးတွေဖြစ်အောင် လှီးလိုက်ပါ။ သဖန်းသီးခြောက်ကိုလည်း လှီးလိုက်ပါ။ လှီးစိတ်ထားတဲ့ ပန်းသီးတွေ၊ သဖန်းသီးခြောက်တွေကို အသီးဖျော်စက်ထဲ ပစ်ထည့်လိုက်ပါ။ ပြီးရင် သံပုရာရည်နည်းနည်းညှစ်ထည့်လိုက်ပြီး သစ်သီးဖျော်စက်ကို မွှေလိုက်ပါ။ ခဏကြာရင်တော့ ရလာတဲ့ smoothie ကို ခွက် (၂) ခွက်ထဲ အညီအမျှခွဲထည့်လိုက်ပါ။ ပြီးရင် ဆားနည်းနည်းဖြူးပြီး မွှေပေးလိုက်ရင် smoothie ကောင်းလေး (၂) ခွက်ကို ရရှိပါပြီ။

၂။ လိမ္မော် သံပုရာ smoothie

3.-Orange-Lemon-And-Flax-Seeds-Smoothie.jpg 

ပါဝင်ပစ္စည်းတွေကတော့ လိမ္မော်သီး အကြီး (၂) လုံး၊ သံပုရာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ပိုက်ဆံလျှော်ပင်အစေ့ လက်ဖက်ရည်ဇွန်း (၁) ဇွန်းနဲ့ ဆားအနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

လိမ္မော်သီးဟာ flavonoid, carotenoid နဲ့ ဗိုက်တာမင် စီတို့ ကြွယ်ဝပြီး အဲဒီဓာတ်တွေဟာ ခန္ဓာကိုယ်မှာ အဆိပ်အတောက် ကင်းစင်အောင်၊ နှလုံးရောဂါမဖြစ်အောင်၊ ကင်ဆာရောဂါတိုက်ဖျက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ ပိုက်ဆံလျှော်ပင်ရဲ့အစေ့ (flax seeds) ကတော့ နှလုံးသွေးကြောကျဉ်းခြင်း၊ ကျယ်ခြင်းကိုုကာကွယ်ပေးပြီး ကိုလက်စထရောကိုလည်း လျှော့ချပေးတဲ့ alpha-linolenic acid (ALA) ဆိုတဲ့ အက်ဆစ်တစ်မျိုးပါဝင်ပြီး လေဖြတ်လေငန်းဖြစ်ခြင်းကို တားဆီးပေးနိုင်ပါတယ်။

အားလုံးသိကြတဲ့အတိုင်းပဲ သံပုရာသီးကတော့ ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး အဆိပ်အတောက်ကိုလည်း ကင်းစင်စေတဲ့ ဗိုက်တာမင် စီ အထူးကြွယ်ဝပါတယ်။ ဒါဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ အထူးအသုံးဝင်ပါတယ်။

ပြုလုပ်နည်းကတော့ အရင်ဆုံး လိမ္မော်သီးကို အခွံခွာ၊ အစေ့ထုတ်ပြီး အသားတွေချည်းပဲ ဖယ်ထုတ်လိုက်ပါ။ ရလာတဲ့ လိမ္မော်သီးအသားတွေကို သစ်သီးဖျော်စက်ထဲမှာ သံပုရာရည်၊ ပိုုက်ဆံလျှော်စေ့ တို့နဲ့အတူ ရောပြီးမွှေလိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ smoothie ဖျော်ရည်ကို ခွက်ထဲလောင်းထည့်နိုင်ပါပြီ။ မသောက်ခင် ဆားလေး (၄) (၅) ပွင့်လောက်ထည့်ပေးလိုက်ရင်တော့ ပြီးပြည့်စုံတဲ့ အရသာကို ရရှိခံစားနိုင်ပါပြီ။

Source: Stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က