လိမ္မော်သီး၊ ငှက်ပျောသီး၊ ဘယ်ရီသီးတို့လို ဗိုက်တာမင်၊ သတ္ထုဓာတ်နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝပြီး နွားနို့နဲ့ ဒိန်ချဉ်လို အားရှိစေတဲ့ ဂုဏ်သတ္တိလည်း ပါဝင်တဲ့ smoothie ဖျော်ရည်လေးတစ်ခွက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရယ်ဒီမိတ် အအေးတွေချည်းပဲ သောက်နေရတာ ပျင်းဖို့ကောင်းပါတယ်။ နွားနို့နည်းနည်း၊ ဒိန်ချဉ်နည်းနည်း၊ အသီးနည်းနည်းရှိရင် လုပ်လို့ရတဲ့ smoothie လေးတစ်ခွက် လုပ်သောက်ကြရင် မကောင်းဘူးလား။ ဒီနေ့မှာတော့ လိမ္မော်သီး၊ ငှက်ပျောသီး၊ ဘယ်ရီသီးတို့လို ဗိုက်တာမင်၊ သတ္ထုဓာတ်နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝပြီး နွားနို့နဲ့ ဒိန်ချဉ်လို အားရှိစေတဲ့ ဂုဏ်သတ္တိလည်း ပါဝင်တဲ့ smoothie ဖျော်ရည်လေးတစ်ခွက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

021978af-18bb-465a-b987-5afa2fade8bd.jpg 

ဟာဝိုင်ယီအလွှာအတွက် ပါးပါးလှီးထားတဲ့ လိမ္မော်သီးတစ်လုံး၊ အအေးခံပြီး ပါးပါးလှီးထားတဲ့ ငှက်ပျောသီးနှစ်လုံး၊ အအေးခံထားတဲ့ သရက်သီး (၂၀၀) ဂ၇မ်၊ လိမ္မော်ရည်စစ်စစ် (၅၀၀) မီလီဂရမ်တို့ကို လိုအပ်ပါတယ်။ ဘယ်ရီအလွှာအတွက်ကတော့ ဒိန်ချဉ် (၁၇၀) ဂ၇မ်၊ ဘလက်ခ်ဘယ်ရီသီး (သို့) စတော်ဘယ်ရီသီး (၂၀၀) ဂရမ်၊ အအေးခံပြီးသား ငှက်ပျောသီးတစ်လုံး၊ နွားနို့ (၅၀) ဂရမ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Hawaiian-Berry-Smoothie-534x462.jpg 

Smoothie ကို ပြင်ဆင်ဖို့အတွက် အရင်ဆုံး ဟာဝိုင်ယီအလွှာကို ပြုလုပ်ရမှာဖြစ်ပါတယ်။ အရင်ဆုံး သစ်သီးဖျော်စက်တစ်လုံးကိုယူပြီး ဟာဝိုင်ယီအလွှာအတွက် လိုအပ်မယ့် ပါဝင်ပစ္စည်းတွေကို အထက်မှာ ဖော်ပြထားတဲ့အတိုင်း ထည့်ပေးလိုက်ပါ။ လိမ္မော်သီး ဖတ်လေးတွေရယ်၊ ငှက်ပျောသီးတုံးလေးတွေရယ်၊ သရက်သီးတွေရယ်၊ လိမ္မော်ရည်ကိုပါ သမသွားသည်အထိ ရောသမမွှေ ပေးလိုက်ပါ။ အရမ်းပျစ်လွန်းနေတယ်ဆိုရင် လိမ္မော်ရည်နည်းနည်း ထပ်ရောပေးနိုင်ပါတယ်။

ပြီးရင်တော့ smoothie ကို ခွက် (၃) ခွက်ထဲမှာ အညီအမျှခွဲထည့်ပေးလိုက်ပါ။ ဒီနေရာမှာ ခွက်တွေထဲမှာ ဘယ်ရီအလွှာအတွက် နေရာလွတ်ချန်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်။

ဘယ်ရီအလွှာကို လုပ်ဖို့အတွက် ခုနက သစ်သီးဖျော်စက်ကိုပဲ ဆက်ပြီးသုံးနိုင်ပါတယ်။ ဒါပေမယ့် အရင်ဆုံးတော့ အဲဒီသစ်သီး ဖျော်စက်ကို ဆေးကြောသန့်စင်ထားဖို့ လိုအပ်ပါတယ်နော်။ ဘယ်ရီအလွှာအတွက် လိုအပ်တဲ့ ဒိန်ချဉ်ရယ်၊ ဘယ်ရီသီးတွေရယ်၊ ငှက်ပျောသီးရယ်၊ နွားနို့ရယ်ကို သစ်သီးဖျော်စက်ထဲ ထည့်ပြီးမွှေပေးလိုက်ပါ။ ပါဝင်ပစ္စည်းတွေအားလုံး သမသွားသည်အထိ မွှေပေးလိုက်ပြီးမှ သစ်သီးဖျော်စက်ကို ပြန်ပိတ်ပေးလိုက်ပါ။

ဘယ်ရီအလွှာပြီးပြီဆိုရင်တော့ ရလာတဲ့ဖျော်ရည်လေးကို ခုနက ဟာဝိုင်ယီအလွှာထည့်ထားတဲ့ ဖန်ခွက် (၃) ခွက်ထဲ အညီအမျှ ခွဲထည့်ပေးလိုက်ပါ။ ဒီနေရာမှာ အဝါရောင်အလွှာနဲ့ ခရမ်းရောင်အလွှာ ကွဲနေစေဖို့ သတိထားပေးဖို့ လိုပါတယ်နော်။ ပြီးရင်တော့ ဖန်ခွက်နှုတ်ခမ်းမှာ ဘယ်ရီသီးလေးတွေကို ထက်ခြမ်းခြမ်းပြီး ချိတ်ထားပေးလိုက်ပေါ့။

ဒီ smoothie လေးကိုတော့ အိမ်ကိုအထူးဧည့်သည်လာတဲ့အချိန်မှာ တည်ခင်းဧည့်ခံနိုင်သလို ညဘက်ရုပ်ရှင်ကြည့်ရင်း အအေးခွက်လေးကိုင်ပြီး အေးဆေ းဖီးလ်လို့လည်း ရပါပြီနော်။

Source: healthshoot

Share

Loading Next Article...
က္က