play

 

စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို ပျောက်ကင်းစေပြီး အသားအရေစိုပြည်လှပဖို့အတွက် အထူးစီမံထားတဲ့ ရေအမျိုးမျိုးကို spa မှာ စိမ်လေ့ရှိပါတယ်။ ဂျပန်နိုင်ငံက spa တစ်ခုမှာတော့ ရေအစား ဝိုင်ကိုစိမ်ချိုးရပါသတဲ့။

play

 

Yunessun Spa Resort ဟာ တိုကျိုမြို့အနောက်ဘက် ၁၀၀ ကီလိုမီတာအကွာမှာ တည်ရှိပါတယ်။ စိမ်ရတဲ့ဝိုင်တွေလည်း အရည်အသွေးမြင့် စပျစ်ဝိုင် (ဒါမှမဟုတ်) ပြင်သစ်ဝိုင်တွေ ဖြစ်ပါတယ်။ ဝိုင်တွေက အရသာကောင်းမွန်ရုံသာမက နုပျိုစေတဲ့အာနိသင်လည်း ရှိတာကြောင့် ဝိုင်ကိုစိမ်စေခြင်းဖြစ်တယ်လို့ spa ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စပျစ်သီးရဲ့အာနိသင်ဟာ အသားအရေကို လှပစေပြီး၊ အရေပြားယားယံတာ သက်သာစေပါတယ်။ သွေးလည်ပတ်မှု ကောင်းမွန်စေတဲ့အပြင် အရေပြားရဲ့ကျုံ့နိုင်၊ ဆန့်နိုင်စွမ်းပိုကောင်းစေကာ အသားအရေကို တင်းရင်းစေနိုင်ပါတယ်။

play

 

ဝိုင်ထဲမှာ စိမ်နေတုန်း သင့်ရဲ့ဝိုင်ခွက်လေးထဲကိုလည်း ဝန်ထမ်းတွေက ဝိုင်တွေ လိုက်ဖြည့်ပေးနေမှာ ဖြစ်ပါတယ်။ ဖြည့်ပေးဖို့အတွက် ဝိုင်တွေကတော့ ဝိုင်ကန်အနီးမှာရှိတဲ့ ၁၂ ပေ မြင့်တဲ့ ပုလင်းကြီးမှာ အသင့်ထည့်ထားတာပါ။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video