ရုံးပိတ်ရက်မှာ အစားအသောက်အဆန်းလေးတွေကိုမှ ချက်ပြုတ်မြည်းစမ်းလိုသူတွေအတွက် ကမ္ဘာကျော်ထိုင်းအစားအစာ တစ်မျိုးဖြစ်တဲ့ ဖက်ထိုင်းခေါက်ဆွဲကို ပုံစံသစ်နဲ့ စီမံထားတာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရုံးပိတ်ရက်မှာ အစားအသောက်အဆန်းလေးတွေကိုမှ ချက်ပြုတ်မြည်းစမ်းလိုသူတွေအတွက် ကမ္ဘာကျော်ထိုင်းအစားအစာ တစ်မျိုးဖြစ်တဲ့ ဖက်ထိုင်းခေါက်ဆွဲကို ပုံစံသစ်နဲ့ စီမံထားတာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဒီဟင်းပွဲလေးမှာတော့ ပုံမှန်ဖက်ထိုင်းခေါက်ဆွဲတွေမှာလို ခေါက်ဆွဲဖတ်ကို သုံးမထားဘဲ ကန်စွန်းဥကို ခေါက်ဆွဲဖတ်လေးတွေလိုဖြစ်အောင် spiralizer လို့ခေါ်တဲ့ မီးဖိုချောင်သုံး ပစ္စည်းတစ်မျိုးနဲ့ စီမံထားတာပါ။

ပါဝင်ပစ္စည်းများ

img-1433-Sweet_Potato_Pad_Thai-00735.jpg 

ကန်စွန်းဥအကြီး တစ်လုံး၊ မုန်လာဥနီ ခြစ်ပြီးသား (၂) ခွက်ခန့်၊ ပန်းဂေါ်ဖီ (၂) ခွက်ခန့်၊ အစေ့နဲ့ အူတိုင်ထုတ်ပြီး ပါးပါးလှီးထားတဲ့ ငရုပ်ပွသီး (၁) လုံး၊ နံနံပင်အနည်းငယ်၊ စပျစ်စေ့ဆီ (၂) ဇွန်းခန့်၊ ပဲငံပြာရည် (၁/၄) ခွက်ခန့်၊ အယ်လ်မွန်ထောပတ် (၂) ဇွန်းခန့်၊ မေပယ်လ်သကာရည် (၁) ဇွန်းခန့်၊ သံပရာသီး (၁) ခြမ်းခန့်၊ ကြက်သွန်ဖြူ (၂) တောင့်၊ ဂျင်းတောင့် (၁) လက်မခန့်၊ ငရုပ်သီးမှုန့် (၁) ဇွန်း၊ ဆားအနည်းငယ်နဲ့ ဟင်းသီးဟင်းရွက်ဆီ (၁/၄) ခွက်ခန့် လိုအပ်ပါတယ်။

ပြုလုပ်နည်း

Screenshot-2018-1-14 Sweet Potato Veggie Pad Thai.png 

အရင်ဆုံး ကန်စွန်းဥနဲ့ မုန်လာဥနီကို spiralizer လို့ခေါ်တဲ့ မီးဖိုချောင်သုံး ပစ္စည်းတစ်မျိုးကိုသုံးပြီး အမျှင်လေးတွေဖြစ်အောင် ခြစ်ယူပါ။ ဒီနေရာမှာ spiralizer မရှိရင်လည်း ပုံမှန်မုန်လာဥ ခြစ်တဲ့ဓားနဲ့ပဲ ခေါက်ဆွဲဖတ်လို အမျှင်လေးတွေရအောင် ဖန်တီးနိုင်ပါတယ်။ ပြီးရင်တော့ ရလာတဲ့အမျှင်လေးတွေကို ဖယ်ထားပြီး ဖက်ထိုင်းဆော့စ်လုပ်ဖို့အတွက် ပြင်ဆင်ရပါမယ်။

အရွယ်တော်ပန်းကန်လုံးတစ်လုံးထဲမှာ စပျစ်စေ့ဆီရယ်၊ ပဲငံပြာရည်ရယ်၊ အယ်လ်မွန်ထောပတ်ရယ်၊ မာပယ်လ်သကာရည်ရယ်၊ သံပရာသီးရယ်၊ ကြက်သွန်ဖြူရယ်၊ ဂျင်းတောင့်ရယ်၊ ငရုပ်သီးမှုန့်ရယ်၊ ဆားရယ်ကို ရောထည့်ပြီး ကြက်ဥခေါက်တံနဲ့ ခလောက်ပေးလိုက်ပါ။

 

မီးဖိုပေါ်မှာ medium အပူချိန်လောက်နဲ့ ဒယ်အိုးပြားအကြီးတစ်လုံးကို အပူပေးထားလိုက်ပါ။ ပြီးရင် ဒယ်အိုးပြားထဲကို စပျစ်စေ့ဆီ လက်ဖက်ရည်ဇွန်းနဲ့ (၂) ဇွန်းခန့် ထည့်ပေးလိုက်ပါ။ ဒယ်အိုးပူလာပြီ ဆိုတာနဲ့ ပန်းဂေါ်ဖီဖတ်တွေနဲ့ မုန်လာဥနီ အမျှင်လေးတွေကို ဒယ်အိုးထဲမှာ (၅) မိနစ်ခန့် ဆီပူထိုးပေးလိုက်ပါ။ ပြီးရင် ဒယ်အိုးထဲကို ငရုပ်ပွသီးအမျှင်လေးတွေကို ထည့်ပေးလိုက်ပြီး (၂) မိနစ်၊ (၃) မိနစ်ခန့် ဆီပူထိုးပေးလိုက်ပါ။ ပြီးရင် ဒယ်အိုးထဲက ဆယ်ထုတ်ပြီး ဇလုံအကြီးတစ်လုံးထဲကို ပြောင်းထည့်ပေးလိုက်ပါ။

ခုနက ဒယ်အိုးပြားထဲမှာပဲ ခေါက်ဆွဲပုံစံ အမျှင်လေးတွေရအောင် ခြစ်ထားတဲ့ ကန်စွန်းဥခေါက်ဆွဲဖတ်လေးတွေကို ထည့်ပေးလိုက်ပါ။ စပျစ်စေ့ဆီနည်းနည်းပါ ထည့်ပေးပြီး (၈) မိနစ်ခန့် ကြော်ပေးလိုက်မယ်ဆိုရင် ကန်စွန်းဥဖတ်လေးတွေ အရောင်ပြောင်းသွားတာကို တွေ့မြင်ရမှာပါ။

ပြီးတာနဲ့ ကြော်ပြီးတဲ့ ကန်စွန်းဥခေါက်ဆွဲဖတ်လေးတွေကို ဇလုံအကြီးတစ်လုံးထဲမှာ တခြားဟင်းသီးဟင်းရွက်တွေရယ်၊ ဖတ်ထိုင်းဆော့စ်ရယ်နဲ့ ရောပြီးနယ်ပေးလိုက်ပါ။ ပါဝင်ပစ္စည်းအားလုံး သမသွားအောင် လက်အိတ်နဲ့သေချာကိုင်တွယ်ပြီး နယ်ပေးလိုက်ပါ။ ပြီးရင်တော့ နံနံပင်အုပ်ပြီး အရသာတမူထူးခြားတဲ့ ကန်စွန်းဥ ဖတ်ထိုင်းခေါက်ဆွဲလေးကို သုံးဆောင်နိုင်ပါပြီနော်။

Source: Sidechef

Share

Loading Next Article...
က္က