ဘန်ကောက်ဆိုုတဲ့မြို့ကြီးက လူမျိုးစုံပျော်ပါးရာ ညမအိပ်တဲ့ မြို့တော်ကြီးပါပဲ။ ဒါပေမဲ့လည်း သတိထားရမည့် အချက်လေးတွေ ရှိပါတယ်။ ချီလီ သိသလောက်မျှဝေပါတယ်နော်။


ဘန်ကောက်ဆိုုတဲ့မြို့ကြီးက လူမျိုးစုံပျော်ပါးရာ ညမအိပ်တဲ့ မြို့တော်ကြီးပါပဲ။ ဒါပေမဲ့လည်း သတိထားရမည့် အချက်လေးတွေ ရှိပါတယ်။ ချီလီ သိသလောက်မျှဝေပါတယ်နော်။ လိုုနေခဲ့ရင် ထပ်ဖြည့်သွားပေးနိုု်င်ပါတယ်။ ဘန်ကောက်ကိုု သွားဖိုု့ ဗီဇာမလိုုပေမဲ့ ကုုန်းလမ်းက သွားမယ်ဆိုုရင်တော့ ဗီဇာလိုုပါတယ်နော်။

၁) ဘန်ကောက်ကိုုသွားမယ်ဆိုုရင် အတတ်နိုုင်ဆုံုး ကိုုယ်ကုုန်မယ်ထင်တဲ့ ငွေပမာဏကိုု ထိုုင်းဘတ်ငွေ လဲယူသွားပါ။ ဒေါ်လာဆိုုရင် ထပ်လဲရတော့ နှစ်ခါ နာလိုု့ပါ။ ပထမဆုံးဆိုရင် ဘတ် ၂၀၀၀၀, နဲ့ ဒေါ်လာ ၅၀၀ လောက်ယူသွားပါ။ ဒေါ်လာကြီးပဲဆိုရင် ၇၀၀ ကျော်ပေါ့။

၂) မသွားခင် ကိုုယ်က ဘာလုုပ်မလဲဆိုုတာ မူတည်ပြီး နေရာရွေးနေလိုု့ရတယ်။ ဈေးဝယ်မယ်ဆိုုရင် ဈေးဝယ်စင်တာနဲ့နီးတဲ့ နေရာမှာ နေလိုု့ရပါတယ်။ မြန်မာတွေအများဆုံုးနေတဲ့ Soi 19 မှာနေလိုု့ရတယ်။ Soi 19 မှာနေမယ်ဆိုုရင် တစ်ရက်ကိုု ဘတ် (၉၀၀) ကစပါတယ်။ nest@eaglesthai.com ကိုု မေးလ်ပိုု့ပြီး booking တင်လိုု့ရပါတယ်။ ဆေးရုံုဆိုုလည်း ဆေးရုံုနဲ့နီးတဲ့နေရာ ရှာထားတာ ကောင်းပါတယ်။

၃) ဘယ်တွေကိုုယ်သွားမလဲဆိုုတာလည်း တစ်ခါတည်းကြည့်သွားတာကောင်းတယ်။ အချိန်ကုုန်သက်သာအောင်လိုု့။ ဘယ်နေ့ ဈေးဝယ်မယ် ဘယ်နေ့ဘယ်သွားမယ် တစ်ခါတည်းစဉ်းစားထားတာ ကောင်းတယ်။

၄) power bank သယ်မယ်ဆိုုရင် ဘယ်တော့မှ luggage ထဲ မထည့်ပါနဲ့။ Hand Carry သယ်မည့် ကိုုယ့်အိတ်ထဲပဲထည့်ပါ။ မဟုုတ်ရင် အကုုန်ပြန်ထုုတ်ရတတ်တယ်။ သိမ်းသွားရင်လည်း သိမ်းတတ်တယ်။ 10000 ထက်ကျော်လိုု့မရဘူးတဲ့။ လေယာဉ်လက်မှတ်တိုု့ ဘာတိုု့ကိုု ဖုုန်းနဲ့ ဓာတ်ပုံုရိုုက်ထားတာ အကောင်းဆုံုးပါပဲ။

၅) ဘန်ကောက်ရောက်တာနဲ့ အင်တာနက် တစ်ပတ် အလကားရတဲ့ ဖုုန်းကတ်ကိုဝယ်ပြီးတာနဲ့ ပထမဆုံုးလုုပ်ရမှာ maps.me mobile app ကိုု ဒေါင်းလုုတ်လုုပ်ပါ။ ပြီးရင် Thailand Map ကိုုဒေါင်းပါ။ သူက ဝိုုင်ဖိုုင်မရလည်း အလုုပ်လုုပ်တယ်။ တော်တော် အဆင်ပြေပါတယ်။ ကိုုယ်နေတဲ့နေရာကနေ ကိုုယ်သွားမည့် နေရာကိုု ဘယ်လောက်ကြာမလဲဆိုုတာလည်း အင်တာနက်မလိုုဘဲ ကြည့်လိုု့ရတယ်။ တော်တော် အသုံုးဝင်ပါတယ်။

၆) လေဆိပ်ကနေ တက္ကစီစီးရင် သတိထားပါ။ မီတာနဲ့သွားမယ် သေချာလားမေးပါ။ တက်ပြီးမှ မီတာ မဟုုတ်ဘူး ပြောတဲ့လူလည်း ရှိတယ်။ အဲဒါဆိုုရင် ဆင်းလိုု့ရရင်ဆင်း။ ဆင်းလိုု့မရရင် သူတိုု့မသိအောင် ကာနံပါတ်မှတ်ရင်မှတ်။ မဟုုတ်ရင် ဒရိုုင်ဘာခုံုနောက်မှာ ချိတ်ထားတဲ့ ဒါရိုုင်ဘာ နာမည်နဲကားနံပါတ်ပါတဲ့ စာရွက်ကိုု ဓာတ်ပုံုရိုုက်ပြီး ကုုန်းလမ်းပိုု့ဆောင်ရေး 1584 ကိုု ဖုုန်းဆက်တိုုင်လိုုက်ပါ။

၇) ဘန်ကောက်မှာ တစ်ယောက်တည်းသွားမယ်ဆိုုရင်တော့ BTS စီးတာ ကောင်းတယ်။ တစ်ယောက်ကိုု 15 ဘတ်က စပါတယ်။ ဒါကြောင့် သုံုးလေးယောက်ဆိုုရင်တော့ တက္ကစီသာစီးပါ။ ဈေးပိုုသက်သာတတ်တယ်။

၈) Tuk Tuk (တုုတ်တုုတ်) တုုတုုတဲ့ ကိုုယ်ကတော့ တုုတ်တုုတ်ပဲ ထွက်တယ်
:P ကိုုယ်စီးဖူးချင်တယ်ဆိုုရင်စီးပါ။ ဒါပေမဲ့ Tuk Tuk တွေက တအားမောင်းလိုု့သေချာသာ ကိုုင်ထားပါ။ ဈေးလည်း ကြီးတာမိုု့ ဈေးဆစ်နိုုင်မှ တော်ယုံုကြမယ်။

၉) Tuk Tuk က ဈေးလျှော့ပေးမယ်။ တစ်နေရာလမ်းမှာ ဝင်ပါရစေ။ ကျောက်မျက်ရတနာပြခန်းတိုု့ ဘာတိုု့ကိုု ဝင်ပေးပါဆိုုရင် အားနာစွာနဲ့မလိုုက်ပါနဲ့။ သူတိုု့က ပိုု့ပေးရင် ဓာတ်ဆီဖိုုးရတယ်။ ကိုုယ်တွေက အချိန်လင့်တတ်တယ်။

၁၀) မိန်းကလေးတွေဈေးဝယ်ထွက်ရင် ဘယ်သွားသွား Cross Body Bag နဲ့သွားပါ။ ဘန်ကောက်မှာ ခါးပိုုက်နှိုက်တော်တော်ပေါပါတယ်။

 

၁၁) ညဘက် အပြင်သွားရင် ပတ်စ်ပိုု့ကိုု ဖုုန်းနဲ့ ဓာတ်ပုံုရိုုက်သွားပါ။ တက္ကစီစီးရင်လည်း ကိုုယ်သွားမည့်လမ်းနဲ့ သူမောင်းတာ တူမတူသိအောင် GPS ဖွင့်ထားပေါ့နော်။ တစ်ယောက်တည်းဆိုုရင်ပြောတာပါ။

၁၂) အတတ်နိုုင်ဆုံုး Trip advisor တိုု့ဘာတိုု့ ဖတ်ပါ။ တစ်ခါတစ်လေ လမ်းထိပ်ကနေ တိုုးတွေက ညာပြီး အတင်းရောင်းတတ်တာ ရှိတယ်။ ကိုုယ်တွေကိုုတောင် မနက်ပိုုင်းပဲဖွင့်တဲ့ ရေပေါ်ဈေးကိုု နေ့လယ်ဘက်ကြီး လိုုက်ပိုု့မယ်လုုပ်နေလိုု့ မသိသူဆိုုခံရတတ်တယ်။ ဒါကြောင့် ကိုုယ်သွားချင်တဲ့နေရာတွေကိုု အတတ်နိုုင်ဆုံုး သူများရေးထားတဲ့ reviews တွေဖတ်ပြီးမှ သွားပါ။

၁၃) Thai Massage သွားဖြစ်အောင်သွားခဲ့ပါ။ ဘတ် ၄၀၀ လောက်ပဲရှိပါတယ်။

၁၄) ပတ်ပုုန်းတိုု့ ဘာတိုု့မှာ ဈေးလုံုးဝမဝယ်ပါနဲ့နော်။ လုံုးဝဈေးကြီးပါတယ်။

၁၅) Brand တွေဝယ်မယ်ဆိုုရင် ဘတ် (၂၀၀၀) ဖိုုးအနည်းဆုံုးဝယ်ရင် VAT ပြန်claim လိုု့ရတယ်။ VAT ယူမယ်ဆိုုရင် တစ်ခါတည်း ပိုုက်ဆံရှင်းကတည်းက ပြောရတယ်။ လေဆိပ်ေ ရာက်မှ ပြောလိုု့မရဘူးနော်။

IN CASE if you want to know about VAT https://www.facebook.com/mykhayee/posts/787033838109998

(ဤဆောင်းပါးသည် Travelling Review အကောင်းဆုံးပေးနိုင်သည့် My Khayee ဖေ့စ်ဘွတ်ပေ့ချ်မှ ဖြစ်သည်။)



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က