AD
AD
AD
play


သင်္ကြန်ဆိုရင် ဟိုတယ်တွေက ရှာရခက်တယ်လေ။ ဒီဟိုတယ်လေးက ဟိုတစ်လောကမှ အသစ်ဖွင့်ထားတာ။ ညောင်ရွှေက မပြန်ခင်တစ်ည ဒီမှာတည်းခဲ့တယ်။ ဟိုတယ် ပိုင်ရှင်က သဘောကောင်းရုံသာမက ဟိုတယ်က မန်နေဂျာ မမကလည်း သဘောကောင်းပြီး ဝန်ထမ်းတွေကပါ ဆားဗစ်ကောင်းလို့ အဆင်ပြေခဲ့တဲ့နေရာလေးပါ။

play

 

ပိုက်ဆံများများမသုံးချင်ဘူး။ ကောင်းကောင်းလည်း နေချင်တယ်ဆိုရင် ဒီမှာတည်းကြည့်ဖို့ အကြံပေးပါတယ်။

သူက ညောင်ရွှေမြို့ပေါ်မှာပေမဲ့ လမ်းမနဲ့နည်းနည်းလေး ဝေးပါတယ်။ ဟိုတယ်ဒီဇီုင်းလေးက ပုဂံခေတ်လက်ရာလေးလိုမျိုးပါ။ သဘောကျတာကတော့ မနက်စာစားတဲ့နေရာလေး။

play

 

မနက်စာကလည်း လူများရင် မြန်မာမုန့်လေးတွေနဲ့ ဖွယ်ဖွယ်ရာရာလုပ်ပေးတယ်။ ဟိုတယ်မှာ စက်ဘီးလေးတွေ ထားပေးထားတော့ စက်ဘီးစီးပြီး လျှောက်သွားလည်းရတယ်။ စက်ဘီးငှားခ မကုန်တော့ဘူး။

play

 

ဈေးလေးတွေကလည်းအခု သင်္ကြန်ကိုမှ Superior - ၂ယောက်ခန်းကို ၄သောင်း၊ Delux - သုံးယောက်ခန်းကို ခြောက်သောင်းပါ။

play

play

သင်္ကြန်မှာ ရက်ကြာကြာနေရင် ထပ်လျှော့ပေးမှာပါတဲ့။ ကဲ သင်္ကြန်တွင်းသွားဖို့ အခန်းမရသေးဘူးဆိုရင် ဒီကိုသာ သွားလိုက်တော့ဗျို့။ ချီလီဆီက လာတာလို့သာပြောလိုက်နော်။

ဘိုကင်တင်မယ်ဆိုရင်တော့ ဖုန်း 09444623966 နဲ့ 09257079528 ကို ဆက်လို့ရတယ်နော်။

(ဤဆောင်းပါးသည် Food Review အကောင်းဆုံးပေးနိုင်သည့် Go With Me ဖေ့စ်ဘွတ်ပေ့ခ်ျမှ ဖြစ်သည်။)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD