ဆိုင်တွေက ရလာတဲ့ VAT #Refund အတွက် ဖောင်တွေကို မပျောက်အောင် သိမ်းထားပါ။ လေဆိပ်ရောက်ရင် VAT ပြန်ရဖို့အတွက် စောစောလေးတော့သွားပါ။ အောက်ကပုံလေးတွေကို ကြည့်ပါ။ အဆင့် လေးဆင့် ရှိပါတယ်။
 

မြန်မာပြည်က ဘန်ကောက်ကိုု သွားကြတဲ့ ရည်ရွယ်ချက်က ဈေးဝယ်ဖိုု့ပါ။ အဲဒီအခါ ပစ္စည်းတွေမှာ VAT (Value Added Tax) ဆိုတာပေးရပါတယ်။ ကိုုယ်က နိုုင်ငံခြားသားဖြစ်တဲ့ VAT ၇% ၏ တစ်ဝက်ကိုု ပြန်လည်ထုုတ်ယူခွင့်ရှိပါတယ်။ သူကိုု ပြန်လည်ရယူလိုုချင်ရင်

၁) Passport ကို ဈေးဝယ်တိုင်းထည့်သွားပါ။

၂) တစ်ဆိုုင်တည်းမှာ အနည်းဆုံုး ဘတ် ၂၀၀၀ ဖိုုးဝယ်ယူရမှာ ဖြစ်ပါတယ်။

၃) ဝယ်ပြီးတာနဲ့ VAT Claim မယ်ဆိုတာလည်း ပိုက်ဆံရှင်းရင် ပြောဖို့မမေ့ပါနဲ့။ ဒါမှ သူတို့က ဖောင်သက်သက် ထုတ်ပေးမှာပါ။ အဲဒီမှာ ကိုယ့် passport ကိုပြရပါမယ်။

 

ဆိုင်တွေက ရလာတဲ့ VAT #Refund အတွက် ဖောင်တွေကို မပျောက်အောင် သိမ်းထားပါ။ VAT ပြန်ရတာ ပစ္စည်းတန်ဖိုးနည်းတာ မသိသာပေမဲ့ LV လို brand တွေဝယ်သူတွေအတွက်တာ့ သိသာပါတယ်။ ဘာပဲဖြစ်ဖြစ် ဘတ် တစ်ရာ နှစ်ရာပြန်ရလည်း မုန့်စားလို့ရတာပဲနော။

အိုကေ လေဆိပ်ရောက်ရင် VAT ပြန်ရဖို့အတွက် စောစောလေးတော့သွားပါ။ အောက်ကပုံလေးတွေကို ကြည့်ပါ။ အဆင့် လေးဆင့် ရှိပါတယ်။

 

(၁) Check In ကောင်တာ မဝင်ခင် ဝင်ပေါက် နံပါတ် (၁)နားက Custom Office ကို အရင်သွားရပါမယ်။ အဲဒီမှာ တန်းစီပြီး VAT အတွက် တုံးထုထားတဲ့ ဘောင်ချာပြပြီး Custom က တုံးထုဖို့အတွက် ဈေးဝယ်တုန်းက ပေးလိုက်တဲ့ P.P.10 Form နှင့် Original Tax Invoice၊ Passport ပြရပါမယ်။ ဈေးကြီးတဲ့ Brand ဆို Hand carry အနေနဲ့ သယ်သွားပါ။ ပြခိုင်းတတ်လို့ပါ။

(၂) Check In ဝင်ပါ။ အဓိက Check In မဝင်ခင် Custom stamp ယူရမှာပါ။

(၃) Immigration Check Point ဝင်ပါ။ အဲဒီမှာ တစ်ခု အသိပေးဦးမယ်။ သူတို့ ကိုယ့်ကို ဓာတ်ပုံရိုက်တဲ့ ကင်မရာ Stand လေးဘေးနားမှာ စာရွက်လေးတွေ ထည့်ပြီး ထောင်ထားတာ တွေ့လိမ့်မယ်။ Gift Vouncher တွေပါ။ လေဆိပ်က King Power မှာ ရေမွှေးဝယ်မယ်ဘာညာဆို ယူသာယူသွား။ ဘတ် သုံးထောင်ကျော်ရင် ဘယ်လောက်၊ ဘတ် ခြောက်ထောင်ကျော်ရင် ဘယ်လောက် ဆိုပြီး လျှော့ပေးတယ်။ ဒါက စကားချပ်

(၄) Immigration Check Point ဝင်ပြီး ကိုယ့်ပစ္စည်းတွေအကုန် သူတို့ စစ်ပြီးပြီဆိုရင် အဲဒီကထွက်ထွက်ချင်းမှာ VAT Refund for Tourists Office ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲဒီမှာ Passport, P.P.10 Forms and Original Tax Invoice (ဈေးဝယ်တုန်းက ပေးလိုက်တဲ့ဘောင်ချာ) ရယ် ပြပြီးထုတ်လိုက်ယုံပါဘဲ။

ကဲ VAT refund ရပြီဆိုတော့ လေဆိပ်ထဲက Duty free မှာ မုန့်ဝယ်စားလို့ ရပြီလို့။

ဒါကလေ Don Muang Airport က အတွေ့အကြုံပါ။ Step တွေက တူပေမဲ့ ကောင်တာနေရာတွေ ကတော့ ပြောင်းနိုင်ပါတယ်လို့။

(ဤဆောင်းပါးသည် Travelling Review အကောင်းဆုံးပေးနိုင်သည့် My Khayee ဖေ့စ်ဘွတ်ပေ့ချ်မှ ဖြစ်သည်။)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က