တရုတ်လူမျိုးတွေရဲ့ လက်ဖက်ရည်ကြမ်း ယဉ်ကျေးမှု၊ အိန္ဒိယလူမျိုးတွေရဲ့ လက်ဖက်ရည်ချို ယဉ်ကျေးမှု၊ ဂျပန်လူမျိုးတွေရဲ့ လက်ဖက်ရည်သောက်ပွဲတော်၊ မြန်မာလူမျိုး ရှင်ဘုရင်တွေ အခမ်းအနားနဲ့ စားသုံးကြတဲ့ လက်ဖက်အုပ် စတဲ့ယဉ်ကျေးမှုတွေက အာရှတိုက်ရဲ့ လက်ဖက်ယဉ်ကျေးမှုကို ဖော်

အာရှတိုက်မှာတော့ လက်ဖက်ပင်ကရတဲ့ လက်ဖက်ရွက်ကို ပုံစံအမျိုးမျိုးနဲ့ စီမံသုံးဆောင်လာကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ တရုတ်လူမျိုးတွေရဲ့ လက်ဖက်ရည်ကြမ်း ယဉ်ကျေးမှု၊ အိန္ဒိယလူမျိုးတွေရဲ့ လက်ဖက်ရည်ချို ယဉ်ကျေးမှု၊ ဂျပန်လူမျိုးတွေရဲ့ လက်ဖက်ရည်သောက်ပွဲတော်၊ မြန်မာလူမျိုး ရှင်ဘုရင်တွေ အခမ်းအနားနဲ့ စားသုံးကြတဲ့ လက်ဖက်အုပ် စတဲ့ယဉ်ကျေးမှုတွေက အာရှတိုက်ရဲ့ လက်ဖက်ယဉ်ကျေးမှုကို ဖော်ပြနေပါတယ်။

 

လက်ဖက်စိမ်းဟာ ပုံမှန်လက်ဖက်ခြောက်တွေနဲ့ oxidizing process လို့ခေါ်တဲ့ အောက်ဆီဂျင်ဓာတ်ပြုခြင်းဖြစ်စဉ် ကွဲပြားပြီး အရသာနဲ့ အာနိသင်ပိုင်းမှာလည်း ကွာခြားမှုတွေ ရှိပါတယ်။ လက်ဖက်စိမ်းမှရတဲ့ လက်ဖက်စိမ်းရေနွေးကြမ်းကို ကျန်းမာရေးအတွက်ကော၊ အရသာခံဖို့အတွက်ပါ သောက်သုံးကြပါတယ်။ ကျန်းမာရေးအာနိသင် အမျိုးမျိုးကို ပေးစွမ်းနိုင်တဲ့ လက်ဖက်စိမ်းရေနွေးကြမ်း မျိုးကွဲလေးတွေကတော့...

၁။ ပူရှိမ်းအရသာ လက်ဖက်စိမ်းရေနွေးကြမ်း (Mint Green Tea)

green-tea_620x350_41485801246.jpg 

Mint Green Tea (ပူရှိမ်းအရသာ လက်ဖက်စိမ်းရေနွေးကြမ်း) ကတော့ တစ်နေ့တာလုံး စိတ်နဲ့ခန္ဓာကို လန်းဆန်းစေမယ့် အာနိသင်တွေ ပါရှိတာမို့ မနက်ခင်းတိုင်း သောက်ပေးသင့်တဲ့ လက်ဖက်ရည်ကြမ်း အမျိုးအစာလေးပါ။ Antioxidant ကြွယ်ဝမှု၊ စိတ်ကိုကြည်လင် လန်းဆန်းစေနိုင်စွမ်းတို့က ကျဆင်းစေတဲ့ ခွန်အားတွေကို ပြန်လည်တိုးတက်စေခြင်း၊ စိတ်ခံစားချက်ကို ကောင်းမွန်စေခြင်းနဲ့ အစာချေနှုန်းကို ကောင်းမွန်စေခြင်းတို့ကိုလည်း ဖြည့်စွမ်းပေးနိုင်တာမို့ နေ့လည်နေ့ခင်းဘက်တွေမှာလည်း သောက်သုံးပေးသင့်တဲ့ လက်ဖက်ရည်ကြမ်း အမျိုးအစားလေးပါ။

၂။ ပင်စိမ်း လက်ဖက်စိမ်းရေနွေးကြမ်း (Tulsi Green Tea)

green-tea_625x350_51435149762.jpg 

ပင်စိမ်းပင်ကတော့ အိန္ဒိယရိုးရာ ဆေးမြီးတိုနဲ့ သစ်ဥသစ်ဖု ဆေးနည်းလောကမှာတော့ အဓိကပါဝင်ပစ္စည်းတစ်မျိုးအဖြစ် ပါဝင်ပါတယ်။ အဲဒီလို ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်တဲ့ ပင်စိမ်းပင်ကိုမှ လက်ဖက်စိမ်းရေနွေးကြမ်းနဲ့ ရောလိုက်မယ်ဆိုရင်ကော။ စွဲမက်ဖွယ်အရသာနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်မှာပေါ့။

ပင်စိမ်းလက်ဖက်ရည်ကြမ်းဟာ Free radical တွေရဲ့ တိုက်ခိုက်မှုဒဏ်ကနေ ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပင်စိမ်းလက်ဖက်ရည်ကြမ်းဟာ စိတ်ဖိစီးမှုတွေကို လျော့ကျစေခြင်း၊ ကိုယ်ခံအားကောင်းမွန်စေခြင်း၊ သက်လုံကောင်းစေခြင်း၊ အစာချေနှုန်းနဲ့ ဇီဝကမ္မလုပ်ဆောင်မှုတွေကို မြန်ဆန်စေခြင်းတို့နဲ့လည်း ဆက်နွယ်နေပါသေးတယ်။

၃။ စံပယ်လက်ဖက်စိမ်းရေနွေးကြမ်း (Jasmine Green Tea)

green-tea_625x350_41438842356.jpg 

လက်ဖက်စိမ်းအရသာထဲမှာ စံပယ်ပန်းနံ့မွှေးမွှေးလေး စွက်နေတဲ့ ရေနွေးကြမ်းအရသာက သင့်ရဲ့မနက်ခင်းကို ပြီးပြည့်စုံစေမှာပါ။ မွှေးကြိုင်တဲ့ ရနံ့နဲ့ ပွင့်ချပ်ဖြူတို့နဲ့ ပျော့ပြောင်းတဲ့အရသာတို့ကြောင့်တော့ အထင်မမှားလိုက်ပါနဲ့ဦး။ တကယ်တော့ စံပယ်လက်ဖက်စိမ်း ရေနွေးကြမ်းထဲမှာ antioxidant ကြွယ်ဝတဲ့အတွက် free radical လုပ်ဆောင်မှုတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရဆိုရင် စံပယ်လက်ဖက်ရည်ကြမ်းဟာ အဆစ်ရောင်ရောဂါ၊ သွေးတိုးရောဂါနဲ့ စိတ်ဖိစီးမှု များပြားခြင်းတို့ကို ပြန်လည်ကုစားပေးနိုင်ပါတယ်တဲ့။

၄။ လက်ဖက်စိမ်းမှုန့် (matcha)

matcha_625x350_81449128095.jpg 

လက်ဖက်စိမ်းမှုန့် (Matcha) ဟာ လက်ဖက်စိမ်းကို အမှုန့်ကြိတ်ထားတာဖြစ်ပြီး အရိပ်ရတဲ့နေရာတွေမှာ ပေါက်ရောက်တတ်တဲ့ လက်ဖက်စိမ်းရွက်ကို အသုံးပြုထားပါတယ်။ အဲဒီလို လက်ဖက်စိမ်းရွက်ကိုမှ ညက်နေအောင် အမှုန့်ကြိတ်ထားပြီး ရလာတဲ့အမှုန့်ကို လက်ဖက်ရည်၊ ကော်ဖီ၊ ကိတ်မုန့် စတာတွေမှာ ထည့်သွင်းအသုံးချကြတာ ဖြစ်ပါတယ်။ Macha Tea ထဲမှာ catechin လိုမျိုး antioxidant တွေ ကြွယ်ဝစွာပါဝင်ပြီး အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေပါတယ်။ နောက်ပြီး ဝိတ်ကျစေဖို့အတွက်လည်း အထောက်အကူပြုနိုင်ပါတယ်။

၅။ ပျားရည်သံပရာ လက်ဖက်စိမ်းရေနွေးကြမ်း (Honey Lemon Green Tea)

green-tea-240_620x350_71477040352.jpg 

သံပရာရည်နဲ့ ပျားရည်အရသာ ချိုချဉ်လေးစွက်လေးတဲ့ လက်ဖက်စိမ်းရေနွေးကြမ်းလေးကတော့ စိတ်ကိုကြည်လင် လန်းဆန်းစေပြီး ခွန်အားကို တိုးတက်စေတဲ့ အဖျော်ယမကာလေးပဲ ဖြစ်ပါတယ်။ Antioxidant တွေ၊ အပင်တွေမှာ တွေ့ရတတ်တဲ့ phytonutrient တွေ ကြွယ်ဝပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အချက်တွေကို တိုက်ထုတ်ပေးနိုင်တဲ့ သောက်စရာတစ်မျိုးလည်း ဖြစ်ပါတယ်။

Source: Food.ndtv

Share

Loading Next Article...
က္က