Food & Restaurants Review: မနက်စာမှာ အသားငါးလည်း ထည့်စားပါ

, updated

ကွေကာနဲ့ ကြက်ဥတွေကိုပဲ ထပ်တလဲလဲစားနေစရာ မလိုပါဘူး။

play

 

ကျန်းမာပြီး အာဟာရဖြစ်မယ့် မနက်စာလို့ ပြောလိုက်တာနဲ့ ကွေကာအုပ်၊ ကြက်ဥတို့ကို အရင်ဆုံးမြင်ယောင်မိမှာပါ။ တခြားအာဟာရရှိတဲ့ အသားနဲ့ငါးတွေကိုတော့ နေ့လယ်စာအတွက်သာ စဉ်းစားကြတာများပါတယ်။ တကယ်တော့ သင့်ရဲ့မနက်စာမှာ အသားနဲ့ငါးကိုလည်း ထည့်စားသင့်ပါတယ်။

play

 

အသားနဲ့ငါးကို မနက်စာမှာ ထည့်စားပေးခြင်းဟာ အာဟာရဖြစ်ရုံသာမက လိုအပ်တဲ့ကယ်လိုရီပမာဏကိုလည်း လုံလုံလောက်လောက် ပါဝင်လို့ နေ့လယ်ဘက်မှာ ကစီဓာတ်များပြီး ဝိတ်တက်မယ့် ထမင်းကို သိပ်ပြီးမစားဖြစ်တော့ပါဘူး။ ဒါကြောင့် မနက်စာမှာ အသား၊ငါး စားမိလို့ ဝိတ်တက်မှာကြောက်နေသူတွေအတွက် စိုးရိမ်ဖို့မလိုတဲ့အချက်ပါ။

play

 

လိုအပ်တဲ့ အသားဓာတ်တွေရရှိသွားတာကြောင့်လည်း ခန္ဓာကိုယ်မှာ အားအင်ပြည့်ဝပြီး အလုပ်ကောင်းကောင်းလုပ်နိုင်သလို ကိုယ်တွင်းကသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်မှာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ