Food & Restaurants Review: ဆွစ်ဇာလန်တောင်တန်းတွေပေါ်က လမ်းပြကြောင်လေး

သူ့လိုပဲ ကြောင်ကလေးနဲ့ဆုံခဲ့ဖူးသူတွေရှိပါသေးတယ်။

play

 

ဟန်ဂေရီလူမျိုး အမျိုးသားတစ်ဦးဟာ ဆွစ်ဇာလန်နိုင်ငံက တောင်တန်းတွေမှာ လမ်းပျောက်ခဲ့စဉ် လမ်းပြကြောင်လေးတစ်ကောင်နဲ့ တွေ့ခဲ့ရပုံကို လူမှုကွန်ရက်ပေါ်မှာ ပြန်ပြောပြခဲ့ပါတယ်။

play

 

Gimmelwald မြို့အနီးက တောင်တွေကြားမှာ လမ်းပျောက်ခဲ့တာပါ။ နှင်းလွှာလျှောစီးတဲ့ရာသီကုန်ဆုံးသွားပြီဖြစ်လို့ ကားတွေနဲ့ ရထားတွေလည်း မပြေးဆွဲတော့တာကြောင့် မြေပုံကိုထုတ်ကာ ရထားလမ်းအတိုင်းလျှောက်ဖို့ ဆုံးဖြတ်ခဲ့စဉ်မှာ ကြောင်လေးနဲ့ဆုံခဲ့ရတာဖြစ်ပါတယ်။

play

 

ပါလာတဲ့မုန့်ကိုထုတ်စားနေစဉ် အဖြူအမည်းစပ် ကြောင်လေးက သူ့အနားကိုရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကြောင်လေးက ရှေ့ကလျှောက်ပြီး နောက်ကိုလှည့်လှည့်ကြည့်နေတာကြောင့် သူ့ကိုလမ်းပြနေမှန်းသိလိုက်ရပြီး ကြောင်လေးနောက်ကို လိုက်သွားရာကနေ ရွာကိုပြန်ရောက်သွားခဲ့ပါတော့တယ်။ သူ့ရဲ့အတွေ့အကြုံနဲ့ ကြောင်လေးရဲ့လမ်းပြနေပုံတွေကို ဗီဒီယိုရိုက်ထားပြီး Reddit လူမှုကွန်ရက်ပေါ်ကို တင်လိုက်ပါတယ်။ ဒီနေရာမှာ လမ်းပျောက်ဖူးသူတွေကလည်း သူ့လိုပဲ ကြောင်ကလေးနဲ့ဆုံခဲ့ရတယ်လို့ ဆိုပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ